သိန္နီမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / January 26, 2021
ဂွမ်ဆန်အောင်၊ ထွယ်အောင် တို့အားသိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်


      ဇန်နဝါရီလ ၂၅ ရက်နေ့ ၁၂၁၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သိန္နီမြို့နယ်၊ လားရှိုး-သိန္နီသွားကားလမ်း၊ နားဆော့ကျေးရွာအနီးတွင် ထွယ်အောင် မောင်းနှင်ပြီး ဂွမ်ဆန်အောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ထွယ်အောင်(၂၇)နှစ်၊ ဂွမ်ဆန်အောင်(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။