ရွာငံမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / January 28, 2021
ယောဟန်၊ ဖိလစ်၊ ကျော်သူဝင်း(ခ)ကျော်သူ၊ နေချို(ခ)ရာဇာ တို့အားသိမ်းဆည်းရမိသည့် ဘိန်းစိမ်းများနှင့်အတူတွေ့ရစဉ်


      ဇန်နဝါရီလ ၂၆ ရက်နေ့ ၁၇၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွာငံမြို့နယ်၊ ယုံတောင်ကျေးရွာအနီး၊ ရွာငံ-ကျောက်ဆည်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၅၁/၅၀၀)တွင် ကျော်သူဝင်း(ခ)ကျော်သူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ယောဟန် မောင်းနှင်ပြီး ဖိလစ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယောဟန် ၏ဆိုင်ကယ်ပေါ်မှ ဘိန်းစိမ်း ၃၀ ကီလို အားလည်းကောင်း၊ ဆက်လက်၍ ၁၇၄၅ အချိန် အဆိုပါနေရာ၌ နေချို(ခ)ရာဇာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်မှ ဘိန်းစိမ်း ၃၀ ကီလို အားလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယောဟန် (၁၈)နှစ်၊ ဖိလစ်(၁၈)နှစ်၊ ကျော်သူဝင်း(ခ)ကျော်သူ(၃၇)နှစ်၊ နေချို(ခ)ရာဇာ(၃၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သတင်းရရှိသည်။