မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၀/၀)နှင့် (၂၈၀/၁)အကြားတွင် ယာဉ်တိမ်းမှောက်မှု


Ministry of Home Affairs/ နေပြည်တော် / June 29, 2021
မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၀/၀)နှင့် (၂၈၀/၁)အကြားတွင် ယာဉ်တိမ်းမှောက်မှု


    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၀/၀)နှင့် (၂၈၀/၁)အကြားတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့၊ ၁၁၀၅ အချိန်ခန့်က မန္တလေး ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဦးရဲမင်းသူ မောင်းနှင်လာသော (YGN-8D/xxxx) LIGHT TRUCK (အဖြူ/မီးခိုးရောင်) အမျိုးအစားယာဉ်သည်  အနောက်ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်း နိုင်၍ လမ်း၏ ညာဘက်မြေသားလမ်းပေါ်သို့ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သီးကုန်း အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁ စီးဖြင့် သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ရာ ၁၂၃၀ အချိန်ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
    အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၀ ဦးအနက် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးရဲမင်းသူအား သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။