ပင်လည်ဘူးမြို့နယ်တွင် ငွေကျပ်သိန်း ၁,၁၇၀ တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိမှု


Ministry of Home Affairs/ နေပြည်တော် / January 31, 2021
စောသိန်း၊ ဝင်းနိုင်၊ မျိုးကိုကို၊ နေရဲအောင် တို့အား သိမ်းဆည်းရမိသည့် ဘိန်းစိမ်းများနှင့်အတူ တွေ့ရစဉ်


ပင်လည်ဘူးမြို့နယ်တွင် ငွေကျပ်သိန်း ၁,၁၇၀ တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိမှု
    ဇန်နဝါရီလ ၂၉ ရက်နေ့ ၀၀၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပင်လည်ဘူးမြို့နယ်၊ ကောလင်း-ပင်လည်ဘူးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၈၇/၅)အနီးတွင် စောသိန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်၊ ဝင်းနိုင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်၊ နေရဲအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မျိုးကိုကို မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ နေရဲအောင် နှင့် မျိုးကိုကို မောင်းနှင် လာသည့် ဆိုင်ကယ်(၂)စီး၏တူးဘောက်အတွင်းမှ  ဘိန်းစိမ်း ၃၉ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် နေရဲအောင်(၂၅)နှစ်၊ မျိုးကိုကို(၂၀)နှစ်၊ စောသိန်း(၃၉)နှစ်၊ ဝင်းနိုင်(၁၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။