နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၁,၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / January 28, 2021
တူးတူးခိုင်(ခ)ကိုခိုင်၊ သက်နိုင်စိုး(ခ)သန်းနိုင်စိုး တို့အားသိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရစဉ်


      ဇန်နဝါရီလ ၂၆ ရက်နေ့ ၀၅၀၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွားကားလမ်းတွင် တူးတူးခိုင်(ခ)ကိုခိုင် မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်နှင့် သက်နိုင်စိုး(ခ)သန်းနိုင်စိုး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်တို့ အား ရပ်တန့်စစ်ဆေးရှာဖွေရာ သက်နိုင်စိုး(ခ)သန်းနိုင်စိုး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ခွကြားရှိဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် သက်နိုင်စိုး(ခ)သန်းနိုင်စိုး(၃၈)နှစ်၊ တူးတူးခိုင်(ခ)ကိုခိုင်(၃၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။