စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁/၂၀၂၁)အစည်းအဝေးကျင်းပပြုလုပ်ခြင်း


Sagaing Region Government/ Monywa / January 29, 2021
logo


စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့ နံနက် (၁၀၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ ဝင်များ၊ အထူးဖိတ် ကြားထားသူများ၊ အဆိုပြုလွှာ တင်ပြသည့် ကုမ္ပဏီများ တက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းပြည့် မြန်မာ နိုင်ငံသားရင်းနှီး မြှုပ်နှံမှုဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏကျပ်(၁၄၃၀.၁၀၀)သန်းလျာထား၍ စစ်ကိုင်း မြို့နယ်တွင် ဟိုတယ်တည်ဆောက် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုမိန့်ထုတ်ပေးခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုပေးခဲ့သည့် ကျောက်စိမ်း/ကျောက်မျက်များ အချောထည်နှင့်လက်ဝတ်ရတနာထုတ်လုပ်မှု လုပ်ငန်းကို အတည် ပြုမိန့်ပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ယခင်အစည်းအဝေး တွင် အတည်ပြုခဲ့သည့် လုပ်ငန်း(၆)ခု အတွက် အတည်ပြုမိန့်များကို ပေးအပ်ခဲ့ပါသည်။
 
​​​​​​​

​​​​​​​

 

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​