စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဇီးကုန်းမြို့၊ကန့်ဘလူ၊ကျွန်းလှနှင့်ကောလင်းမြို့နယ်တို့ရှိ COVID-19 ရောဂါ စစ်ဆေးရေးဂိတ်များနှင့် နှင့် Quarantine Center များသို့ သွားရောက် ကြည့်ရှု


Sagaing Region Government/ Monywa / January 29, 2021
logo


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများ လိုက်ပါ၍ ဇန်နဝါရီလ(၂၈)ရက် နံနက်(၁၀)နာရီခွဲမှစတင်ပြီး ဇီးကုန်းမြို့၊ကန့်ဘလူ၊ကျွန်းလှနှင့်ကောလင်းမြို့နယ်တို့ရှိ COVID-19 ရောဂါ စစ်ဆေးရေးဂိတ်များနှင့် နှင့် Quarantine Center များသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့သို့ ရောက်ရှိပြီး COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအား တွေ့ဆုံပြီး COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အားလုံးပူးပေါင်း၍ အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး အဆိုပါ ဇီကုန်းမြို့အတွက် သာမိုမီတာ (၅)ခု၊ လက်သန့်ဆေးရည်ဘူး(၂၀)ဘူး၊ Mask (၂၅၀၀)ခု၊ အချိုရည်(၁၀)ကဒ်၊ လက်အိတ်(၁)ဘူးတို့အပြင် အလှူရှင်မင်းသားဖိုချစ် လှူဒါန်းသည့် (၆)ပြည်အိတ်(၄၀၀) ဆန်(၁၅၀)တင်းနှင့် PPE ဝတ်စုံ(၁၀၀)စုံတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကန့်ဘလူမြို့သို့ ထွက်ခွာလာရာ ကန့်ဘလူခရိုင်စုပေါင်းရုံး ဧည့်ခန်းမရှေ့တွင် ကန့်ဘလူမြို့နယ်အတွက် COVID-19ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် အသက်ရှုစက်(၁)လုံး၊ သာမိုမီတာ (၅)ခု၊ လက်သန့်ဆေးရည်ဘူး(၂၀)ဘူး၊ Mask (၂၅၀၀)ခု၊ အချိုရည်(၁၀)ကဒ်၊ လက်အိတ်(၁)ဘူးနှင့် အလှူရှင်မင်းသားဖိုချစ် လှူဒါန်းသည့် PPE ဝတ်စုံ(၁၀၀)စုံကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ကျွန်းလှမြို့နယ် ဧည့်ရိပ်သာတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစား၍ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လမ်းညွှန်အမှာစကားပြောကြားပြီး သာမိုမီတာ (၅)ခု၊ လက်သန့်ဆေးရည်ဘူး(၂၀)ဘူး၊ Mask (၂၅၀၀)ခု၊ အချိုရည်(၁၀)ကဒ်၊ လက်အိတ်(၁)ဘူးနှင့် အလှူရှင်မင်းသားဖိုးချစ်မှ လှူဒါန်းသည့် PPE ဝတ်စုံ(၁၀၀)တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျွန်းလှ-ချပ်သင်း-ကောလင်းလမ်း လမ်းတံများ အဆင့်မြှင့်တင်ဖောက်လုပ်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီ တာဝန်ရှိသူများအား လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ကောလင်းမြိုသို့ ဆက်လက်ထွက်ခွာလာရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများကို ယခုထက် ပိုမိုကာ အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တစ်ဦးတစ်ယောက်မှမကျန်အောင် လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး သာမိုမီတာ (၅)ခု၊ လက်သန့်ဆေးရည်ဘူး(၂၀)ဘူး၊ Mask (၂၅၀၀)ခု၊ အချိုရည်(၁၀)ကဒ်၊ လက်အိတ်(၁)ဘူးနှင့် အလှူရှင်မင်းသားဖိုးချစ်မှ လှူဒါန်းသည့် PPE ဝတ်စုံ(၁၀၀)တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

​​​​​​​

​​​​​​​

 

​​​​​​