စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကျန်းမာရေး ဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေနှင့် မုံရွာမြို့ပေါ်ရှိ Quarantine Center များသို့ သွားရောက် ကြည့်ရှု


Sagaing Region Government/ Monywa / January 27, 2021
logo


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများ လိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက မုံရွာမြို့ပေါ်ရှိ COVID-19 ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် အား/ကာသိပ္ပံကျောင်းရှိ အမျိုးသား/ အမျိုးသမီးဆောင်တို့တွင် Positive လူနာထားရှိရန် စစ်ကိုင်းတိုင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ လှူဒါန်းမှုဖြင့် စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေ၊ နန္ဒဝန် အိမ်ရာစခန်းရှိ Quarantine Center ၊ စီးပွားရေး တက္ကသိုလ် Quarantine Center ၊ ဒေါနခြံရပ်ကွက်ရှိ Quarantine Center များနှင့် မုံရွာ COVID-19 ရောဂါစစ်ဆေးရေးဂိတ်တို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး စားသောက်ဖွယ်ရာမျိုးစုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံးကြီးတို့တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေတို့အား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မုံရွာမြို့ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ် လူနာကုသဆောင် ဆောက်လုပ်နေမှု အခြေအနေနှင့် မုံရွာတောင်ရပ်ကွက်ရှိ မုံရွာ-မြင်းမူ-မန္တလေးကားလမ်းပေါ်ရှိ တံတား အဆင့်မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း ကဏ္ဍများအလိုက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

​​​​​​​

​​​​​​​

 

​​​​​​​

​​​​

​​​​​​​

 

​​​​​​

​​​​​​​

​​​​​​​