စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရှေးဟောင်းပျူခေတ် လက်ရာ ရွှေအဆင်တန်ဆာများ နိုင်ငံတော်သို့ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရှေးဟောင်းပျူခေတ် လက်ရာ ရွှေအဆင်တန်ဆာများ နိုင်ငံတော်သို့ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
Sagaing Region Government/ Monywa / January 26, 2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်းရေးမှူးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ယနေ့ နံနက် (၁၀)နာရီက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ရှေးဟောင်းပျူခေတ်လက်ရာ ရွှေအဆင်တန်ဆာ များ နိုင်ငံတော်သို့ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ ကျောင်းဖြူကျေးရွာသည် မြောင်မြို့နယ်အတွင်း တည်ရှိနေပြီး ရှေးယခင်က ထင်ရှားခဲ့သော ကျန်းစစ်သားမင်းကြီး၏ မွေးဖွားရာ ဇာတိမြေဖြစ်သည့် ပရိမ္မရွာ၊ ယောမင်းကြီး ဦးဖိုးလှိုင် မွေးဖွားရာ ဇာတိမြေဖြစ်သည့် ရွာပုလဲကျေးရွာနှင့် ကျမ်းပြုအကျော်အမော် သင်္ဂဇာဆရာတော် မွေးဖွားရာဇာတိမြေ ပေါက်ချောင်းကျေးရွာတို့နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ ထို့အပြင် မြင်းမူမြို့နယ်အတွင်းရှိ ပျူမြို့ဟောင်းတစ်မြို့ဖြစ်သည့် အလ္လကပ္ပမြို့ဟောင်းတို့နှင့် နယ်နိမိတ်ခြင်း ဆက်စပ်လျက်ရှိသည့် အတွက် ရှေးနှစ်ပေါင်းများစွာကတည်းကပင် ရေကြောင်းကို အသုံးပြု၍ ကူးသန်းသွားလာ ရောင်းဝယ်မှုမှ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါနေရာတွင် ပျူခေတ်လက်ရာ ရွှေထည်ပစ္စည်း တွေ့ရှိရခြင်းဖြစ်သည်ဟု ယူဆရပါကြောင်း၊ ယနေ့အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်၊ ကျောင်းဖြူကျေးရွာ ဒေသခံတို့မှ ရွာ၏အနောက်ဘက် ပေ(၁၀၀၀)ခန့်အကွာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသည့်နေရာမှ (၉.၁၂.၂၀၂၀)ရက်နေ့က တွေ့ရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်းအပါအဝင် ရွှေထည်ပစ္စည်း(၆)မျိုး နှင့် ကြေးဟင်္သာအလေး(၁)ခုတို့အား မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီသို့ အပ်နှံခဲ့ရာမှတစ်ဆင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ပေးပို့အပ်နှံ ခဲ့သဖြင့် ပစ္စည်းတွေ့ရှိသူ ဒေသခံများအတွက် ပစ္စည်းတစ်ခုချင်းစီ၏ ကာလပေါက်ဈေး ရွှေဈေးနှုန်းနှင့် တွက်ချက်၍ ကြိုတင်ချီးမြှင့်ငွေကျပ် (၅၁,၀၀,၀၀ဝိ/-)ကိုလည်းကောင်း၊ အဆိုပါနေရာမှ ဒေသခံ(၅)ဦးတို့ တွေ့ရှိရသည့် ရှေးဟောင်းရွှေထည်ပစ္စည်း(၅)မျိုးနှင့် ဟင်္သာလေး(၁)ခုတို့ကို (၁၈.၁၂.၂၀၂၀)ရက်နေ့တွင် ထပ်မံအပ်နှံခဲ့ရာ ကြိုတင်ဆုကြေးငွေကျပ် (၄၄,၈၀,၀၀ဝိ/-)ကို လည်းကောင်း၊ ထပ်မံ၍ ရှေးဟောင်းရွှေထည် အဆင်တန်ဆာပစ္စည်း(၃)ခုအား (၂၁.၁၂.၂၀၂၀)ရက်နေ့တွင် လာရောက် အပ်နှံခဲ့သဖြင့် ကြိုတင်ချီးမြှင့်ငွေ (၄၁,၀၀,၀၀ဝိ/-)ကိုလည်းကောင်း စုစုပေါင်းငွေကျပ် (၁၃၆,၈၀,၀၀ဝိ/-)ကို ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း။
အဆိုပါ ရှေးဟောင်းဝတ္ထုပစ္စည်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန နေပြည်တော်သို့ စစ်ကိုင်းဌာနခွဲမှတစ်ဆင့် (၂၉.၁၂.၂၀၂၀)ရက်နေ့တွင် ဆုကြေးငွေချီးမြှင့်နိုင်ရန်အတွက် လွှဲပြောင်း ပေးပို့ခဲ့ရာ ပညာရှင်အဖွဲ့က ပစ္စည်းအမျိုးအစားနှင့် ခေတ်ကာလ သတ်မှတ်ချက်တို့ကို စစ်ဆေးပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ပေးပို့၍ ရွှေအရည်အသွေးနှင့် အလေးချိန်တို့ကို စစ်ဆေးပြီးနောက် မူလရွှေထည်တန်ဖိုးအပြင် ခေတ်ကာလ တန်ဖိုးနှင့် အနုစိပ် လက်ရာတန်ဖိုးတို့ကို ထပ်ဆောင်း၍ ဆုကြေးငွေကျပ်(၃၄၉,၃၆,၈၆၁ိ/-)ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိုက်တန်စွာ ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြေးဟင်္သာအလေး (၁)ခုနှင့် ကြေးတိုးနယားအလေး(၁)ခုရရှိသူနှစ်ဦးအားလည်း တစ်သိန်းစီဖြင့် ငွေကျပ်(၂၀၀,၀၀ဝိ/-)ကို ချီးမြှင့်ပေးအပ်နိုင်ခဲ့ပါကြောင်း။
မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု မရှိစေရန်နှင့် နိုင်ငံတော်သို့ လွှဲပြောင်း ပေးအပ်ပြီး ထိုက်တန်စွာ ဆုကြေးငွေရရှိနိုင်ရေးအတွက် ဆောင်ရွက်ချက် များမှာ အရာတော်မြို့နယ် ဝါးရောင်းကျေးရွာနေ ဒေသခံတစ်ဉီးမှ ရှေးဟောင်းရွှေထည်ပစ္စည်း အပ်နှံခဲ့ခြင်းအတွက် ဂုဏ်ပြုဆုကြေးငွေကျပ် (၄၄,၃၀,၆၉၂ိ/-) နှင့် ဘုတလင်မြို့နယ် တွင်းတော်ကျေးရွာနေ ဒေသခံတစ်ဉီးမှ ကြေးခေတ် ယဉ်ကျေးမှုဆိုင်ရာရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုဆုကြေးငွေကျပ် (၂၃၁,၆၂ဝိ/-)ကို (၇.၉.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ လည်းကောင်း၊ ဝန်းသိုမြို့နယ်၊ မိုင်းသုန်ကျေးရွာနေ ဒေသခံများမှ ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုဆုကြေးငွေကျပ် (၃၈,၄၈,၄၉၇၀/-)ကို (၂၀.၂.၂၀၁၉)ရက်နေ့က စစ်ကိုင်းဌာနခွဲရုံး၌ လည်းကောင်း၊ ဝန်းသိုမြို့နယ်၊ ဩဂကျေးရွာ ဒေသခံတစ်ဦးမှ ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုဆုကြေးငွေကျပ် (၁၄,၂၀,၄၄၈ိ/-)ကို စစ်ကိုင်းဌာနခွဲရုံး၌ လည်းကောင်း၊ ကနီမြို့နယ် ပါဟဲ(မြောက်)ကျေးရွာနေ ဒေသခံ(၆)ဉီးမှ ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုဆုကြေး ငွေကျပ်(၉၉၇,၄၇၉ိ/-)နှင့် ဝက်လက်မြို့နယ် ဟန်လင်းကျေးရွာ ဒေသခံတို့ အပ်နှံသည့် ပျူခေတ် ရွှေစေတီနှင့် ဆက်စပ်ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံခြင်းအတွက် ဂုဏ်ပြုဆုကြေး ငွေကျပ်(၁၁၉,၀၂,၉၇ဝိ/-)ကို (၁၄.၁၀.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ လည်းကောင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် နိုင်ငံအနှံ့အပြားရှိ ရှေးဟောင်းဝတ္ထု ပစ္စည်းများကို ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကာကွယ်စုဆောင်းထိန်းသိမ်းလျက်ရှိရာ ပြည်သူလူထု၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုမှာ အရေးကြီးဆုံးကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသည် နယ်မြေဧရိယာကျယ်ဝန်းသည်နှင့်အမျှ သမိုင်းတွင် ခေတ်အဆက် ဆက် ထွန်းကားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝစွာ တွေ့မြင်ရသည့် ဒေသတစ်ခု ဖြစ်ရာ တရားမဝင် တူးဖော်မှုများပြုလုပ်၍ ရှေးဟောင်း ဝတ္ထုပစ္စည်း မှောင်ခိုရောင်းဝယ်သူများ လက်ထဲသို့ ရောင်းချမှုများ မရှိစေရန် ပြည်သူများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ပေးစေလိုပါ ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့ဒေသ ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဒေသခံများက တာဝန်သိစိတ်ဖြင့် အပ်နှံခဲ့သဖြင့် နိုင်ငံတော်၏ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ကွင်းဆက်များအတွက် များစွာတန်ဖိုးကြီးမားသည့်အပြင် ဒေသခံများ၏ အသိပညာမြင့်မားစွာဖြင့် မိမိဒေသ၏ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းမြတ်နိုး တန်ဖိုးထားသည့် ပြယုဂ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို တာဝန်သိစိတ် ဖြင့် ဆက်လက်၍လည်း ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးစေလိုပါကြောင်းနှင့် ဒေသခံများ ဆုကြေးငွေ ချီးမြှင့်ပေးပါသော သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က မြောင်မြို့နယ်မှ ဒေသခံ(၁၃)ဦးမှ ရှေးဟောင်းပျူခေတ်လက်ရာ ရွှေအဆင်တန်ဆာများအား နိုင်ငံတော်သို့ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကို လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ပြီး နိုင်ငံတော်သို့ ရှေးဟောင်းပျူခေတ်လက်ရာ ရွှေအဆင်တန်ဆာများအပ်နှံသူများကိုယ်စား ကျေးရွာသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
- Ministry of Defense
- Ministry of Home Affairs
- Ministry of Foreign Affairs
- Ministry of Union Government Office (1)
- Ministry of Union Government Office (2)
- Ministry of Border Affairs
- Ministry of Planning and Finance
- Ministry of Investment and Foreign Economic Relations
- Ministry of International Cooperation
- Ministry of Legal Affairs
- Ministry of Information
- Ministry of Religious Affairs & Culture
- Ministry of Agriculture, Livestock and Irrigation
- Ministry of Transport and Communications
- Ministry of Natural Resources & Environmental Conservation
- Ministry of Electric Power
- Ministry of Energy
- Ministry of Industry
- Ministry of Immigration & Population
- Ministry of Labour
- Ministry of Commerce
- Ministry of Education
- Ministry of Science and Technology
- Ministry of Sports and Youth Affairs
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotel & Tourism
- Ministry of Ethnic Affairs
- Ministry Testing -TRT
- Ministry of NN
- Ministry of TT
- Ministry of HH
- Ministry of PP
- CHAW EI MYAT THU (Ministry)
- AyeMyatThu (Testing)
- Ministry of ITCS
- Test Ministry by SL 2
- Ministry of Saint (104)
- Ministry of GPMS
- Ministry of Haymann Soe
- CZ ဝန်ကြီးဌာန