ကလောမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / January 14, 2021
သန်းရွှေ(ခ)ဘဂျမ်း အား သိမ်းဆည်းရမိသည့် ဘိန်းစိမ်းများနှင့်အတူ တွေ့ရစဉ်


ဇန်နဝါရီလ ၁၃ ရက်နေ့ ၁၃၁၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၊ ကလော-သာစည်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၆၅/၃)တွင် သန်းရွှေ(ခ)ဘဂျမ်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ဘိန်းစိမ်း ၃၁ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် သန်းရွှေ(ခ)ဘဂျမ်း(၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။