Testing offline servicesample title
-
TOPICS
- View All
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
Testing offline servicesample title
Ministry of Ethnic Affairs / June 28, 2022
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန အနေဖြင့် ခေတ်လက်ရာ ဗုဒ္ဓဆင်းတုတော်များ၊ ရုပ်တုဆင်းတုများ၊ မြန်မာမှုအနုလက်ရာ ပစ္စည်းများအား ပြည်တွင်း ပြည်ပသို့ သယ်ဆောင်လိုသူများအတွက် ရှေးဟောင်းဝတ္ထုပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက်ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။
လျှောက်ထားလိုသူများ အနေဖြင့် ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဉီးစီးဌာန၊ ရန်ကုန်ဌာနခွဲနှင့် မန္တလေးဌာနခွဲတို့တွင် လျှောက်ထားနိုင်ပြီး ဌာနခွဲများမှ နေ့ချင်းပြီးဆောင်ပေးလျက်ရှိပါသည်။
အဆိုပါ ရှေဟောင်းဝတ္ထုပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက် ပြုလုပ်ရာတွင် လျှောက်ထားလိုသူများ အနေဖြင့် အောက်ပါအချက်အလက်များနှင့်အတူ ပြည့်စုံစွာ တင်ပြလျှောက်ထားရမည် ဖြစ်ပါသည် -
(၁) ထောက်ခံချက်ရယူလိုသူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီများသည် သက်ဆိုင်ရာ ဌာနခွဲရုံးများသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ် လွှဲအပ်ခံရထားသူ ကိုယ်တိုင် လာရောက်ရန်၊
(၂) သယ်ယူပို့ဆောင်မည့် ပစ္စည်းများကို လျှောက်ထားသူနှင့်အတူ တစ်ပါတည်း ယူဆောင်လာရန်၊
(၃) သယ်ယူရန် အမှန်တကယ် ခက်ခဲသော ပစ္စည်းများကို မူလထုတ်လုပ်သည့် နေရာတွင် ထားရှိရန်၊
(၄) ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ် (သို့မဟုတ်) ဌာနဆိုင်ရာ (သို့မဟုတ်) ဘာသာရေး အဖွဲ့အစည်းများသည် ဌာနခွဲရုံးများသို့ လာရောက်ရာတွင် အောက်ဖော်ပြပါ အထောက်အထား မူရင်းနှင့် မိတ္တူ (၂)စုံစီ ယူဆောင်လာရန်၊
- ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ်၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ (သို့မဟုတ်) နိုင်ငံကူးလက်မှတ်မိတ္တူ
- ကုမ္ပဏီများ ဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင် မိတ္တူ၊ သွင်းကုန်ထုတ်ကုန်လိုင်စင် မိတ္တူ၊
- ဌာနဆိုင်ရာ (သို့မဟုတ်) ဘာသာရေး အဖွဲ့အစည်းများ ဖြစ်ပါက မူရင်းရုံးစာ (သို့မဟုတ်) အဖွဲ့အစည်း၏ အကျိုးအကြောင်း ဖော်ပြစာ၊
- ပစ္စည်းကို အပြာရောင်နောက်ခံထား၍ ရိုက်ကူးထားသော (၄)လက်မ x (၆)လက်မ အရွယ် ရောင်စုံဓါတ်ပုံ
(လိုအပ်လျှင် ရှေ့မြင်၊ နောက်မြင်နှင့် ဘေးမြင် ပုံများပါရှိရန်)
- သယ်ယူပို့ဆောင်လိုသည့် ပစ္စည်းများ၏ အမျိုးအမည်၊ အမျိုးအစား၊ အရေအတွက်နှင့် အတိုင်းအတာများ ပြည်စုံစွာပါရှိသောစာရင်း၊
- ဝယ်ယူခဲ့သည့် ပြေစာ (သို့မဟုတ်) ပြုလုပ်သည့် ကုမ္ပဏီ အဖွဲ့အစည်း၊ ဆိုင်၊ ပုဂ္ဂိုလ်၏ အသစ်ဖြစ်ကြောင်း အာမခံချက် အထောက်အထား၊
- စီးပွားရေးအလို့ငှာ ဖြစ်ပါက တရားဝင်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ အထောက်အထားများ ဖြစ်သည့် သမဝါယမဦးစီးဌာနက အခွန်ဆောင်ပြေစာ (သို့မဟုတ်) တည်ဆဲစည်းမျဉ်းအရ အခြားဌာနဆိုင်ရာများက ထုတ်ပေးသော ပြေစာ၊
(၅) ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့် လဲလှယ်သယ်ဆောင်ခြင်း မပြုပါကြောင်း ဝန်ခံကတိပြုချက်၊
(၆) သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ဖြည့်သွင်းရန်နှင့် သတ်မှတ်အခကြေးငွေ (ပုံစံကြေး) ပေးသွင်းရန်၊
(၇) ထောက်ခံချက် သက်တမ်းသည် (၃)လသာ ဖြစ်သဖြင့် သက်တမ်းကုန်ဆုံးသည်အထိ သယ်ယူပို့ဆောင်ခြင်း မပြုနိုင်ပါက အသစ်ပြန်လည် လျှောက်ထားရန်၊
ရှေးဟောင်းဝတ္ထုပစ္စည်း မဟုတ်ကြောင်းထောက်ခံချက် ပြုလုပ်ခြင်းအတွက် လျှောက်ထားနိုင်သော ဌာနခွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဉီးစီးဌာန၊ မန္တလေးဌာနခွဲ
(၂၈)လမ်း၊ (၇၀) နှင့် (၇၁)ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဉီးစီးဌာန၊ ရန်ကုန်ဌာနခွဲ
(၃၂)ဒီ၊ (၆)မိုင်ခွဲ၊ (၃၂)ရိပ်သာလမ်းသွယ်၊ ပြည်လမ်း၊ (၁၁)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
sample content
FAQs
အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ Online မှတိုင်ကြားခြင်း
Anti-corruption Commission / September 30, 2021
ဘိုး/ဘွား ထောက်ပံ့ကြေး လျှောက်ထားခြင်း (မကွေးတိုင်းဒေသကြီး)
Magway Region Government / September 23, 2021
သတ်မှတ်ကာလတွင် အသက် (၉၀)နှစ် ပြည့်ပြီးသော ဘိုး/ဘွားများ