စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း

စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း


စက်မှုဝန်ကြီးဌာန / April 24, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

သင်တန်းတက်ရောက်လိုသူများသည် -

  • ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။ (ကျား/မ)
  • တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူ ဖြစ်ရမည်။
  • သင်တန်းစတင်ဖွင့်လှစ်မည့် နေ့ရက်တွင် အသက် (၁၇) နှစ် ပြည့်ပြီး အသက် (၂၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ (စသက(ဆင်တဲ)သာ အသက် (၁၆) နှစ်ပြည့်ပြီး အသက် (၂၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။)
  • အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။ 
  • ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
  • သင်တန်းမှ ချမှတ်ထားသော ဝန်ခံကတိ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူ ဖြစ်ရမည်။

ဝန်ဆောင်ခ

ပုံမှန်သင်တန်းနှင့် ကာလတို (၃)လ သင်တန်းများအတွက် သင်တန်းသား/သူများမှ စားစရိတ်အဖြစ် (၁) လလျှင် ၁၅၀၀၀ ကျပ် လစဉ် ပေးသွင်းရမည်ဖြစ်ပါသည်။ (ကုန်စျေးနှုန်းအရ စားစရိတ်မှာ အပြောင်းအလဲ ရှိနိုင်ပါသည်။)

လိုအပ်သောစာရွက်စာတမ်းများ

  • လျှောက်လွှာ မူရင်း။
  • နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ။ 
  • လိုင်စင် ဓာတ်ပုံ (၃) ပုံ။
  • အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက် မူရင်း။
  • တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးကြောင်း ထောက်ခံချက် မူရင်း။
  • ကျန်းမာရေးထောက်ခံချက် မူရင်း။

လျှောက်ထားရန်အဆင့်များ

အဆင့် ၁ - လျှောက်လွှာလျှောက်ထားခြင်း
လျှောက်လွှာပုံစံတွင်  လိုအပ်သည်များ  ဖြည့်စွက်၍ ၎င်းလျှောက်လွှာနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။
အဆင့် ၂ - လူတွေ့လာရောက်ဖြေဆိုခြင်း
စက်မှုအခြေခံ၊ သင်္ချာအခြေခံနှင့်အင်္ဂလိပ်စာ အခြေခံတို့အား ဖြေဆိုရမည် ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်။

အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲစက်မှုနယ်မြေ။

အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ ဒေါနဘွားရပ်၊ အကွက် (၁၃)၊ (၁၀) လမ်း။

အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ၊ သာဂရမြို့၊ သာဂရစက်မှုနယ်မြေ။

အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့။

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေးစက်မှုနယ်မြေ။

အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်း၊ ကုက္ကဲကျေးရွာအနီး။

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

နေပြည်တော်

သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်။

အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲစက်မှုနယ်မြေ။

အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ ဒေါနဘွားရပ်၊ အကွက် (၁၃)၊ (၁၀) လမ်း။

အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ၊ သာဂရမြို့၊ သာဂရစက်မှုနယ်မြေ။

အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့။

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေးစက်မှုနယ်မြေ။

အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်း၊ ကုက္ကဲကျေးရွာအနီး။

ဖြည့်စွက်ချက်

    စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသည် အောက်ပါဦးတည်ချက်(၂)ရပ်ဖြင့် နိုင်ငံတွင် လိုအပ်နေသော စက်မှု ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးလျက်ရှိပါသည်-
(၁) တိုင်းပြည်၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်သည့် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးနှင့် ကဏ္ဍအလိုက် သင့်တော်သည့် လုပ်ငန်းခွင်များတွင် တာဝန်ယူထမ်းဆောင်နိုင်စေရေး၊
(၂) ပြည်တွင်းကျွမ်းကျင်လုပ်သားများ လိုအပ်ချက်မညီမျှမှုအား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရေး၊

    စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသည် နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း၍ အောက်ပါ စက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး တစ်နှစ်လျှင် သင်တန်းသား စုစုပေါင်း (၁၀၀၀) ခန့်ကို လက်ခံသင်ကြားပေးလျက်ရှိပါသည် -


စဉ်                   သင်တန်းကျောင်းအမည်                  ပူးပေါင်းဆောင်ရွက်သည့်နိုင်ငံ
(က)   အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)                    ဂျာမနီ
( ခ)    အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)                  တရုတ်
( ဂ)    အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)                  ကိုရီးယား
(ဃ)   အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)                    အိန္ဒိယ
( င)    အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)                   ကိုရီးယား
( စ)    အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)                    အိန္ဒိယ

 

စက်မှုသင်တန်းကျောင်းများတွင် သင်ကြားသည့်ဘာသာရပ်များ (ပုံမှန်သင်တန်း)

၁။     Machine Tools Operator

        စက်ကိရိယာ ကိုင်တွယ်မောင်းနှင်မှု သင်တန်း

၂။     Machinery Fitter

        စက်ရုံပစ္စည်း ကိုင်တွယ်ထိန်းသိမ်းသူ သင်တန်း

၃။     Tools & Die Maker

        ကိရိယာနှင့် ပုံနှိပ်ပုံပြုလုပ်သူ သင်တန်း

၄။     Mechanical Draughtsman Course

        စက်မှုပုံဆွဲ သင်တန်း

၅။     Pattern Maker

        သွန်းလောင်းပုံသွင်း ပုံစံထုတ်လုပ်သူ သင်တန်း

၆။     Automobile Mechanic

        မော်တော်ယာဉ် စက်ပြင်သင်တန်း

၇။     Electrician

        လျှပ်စစ်ပညာသည် သင်တန်း

၈။     Electronics Mechanic

        အီလက်ထရောနစ် စက်ပြင်သင်တန်း

၉။     CAD/CAM

        ကွန်ပျူတာသုံး ဒီဇိုင်း/ထုတ်လုပ်မှု သင်တန်း

၁၀။   CNC Operator

        ကွန်ပျူတာသုံး စက်ကိရိယာကိုင်တွယ်မောင်းနှင်မှု သင်တန်း

၁၁။   Welder

        ဂဟေဆက်သင်တန်း

၁၂။   Foundry

        သံရည်ကြိုသင်တန်း

၁၃။   Information Technology

        သတင်းအချက်အလက်နှင့် နည်းပညာ သင်တန်း

စက်မှုသင်တန်းကျောင်းများတွင် သင်ကြားသည့် ဘာသာရပ်များ(ပုံမှန်သင်တန်း)

စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းများ (စက်မှုသင်တန်းကျောင်းများအားလုံး)

၁။       Basic Electricity & Building Wiring Course

           အခြေခံလျှပ်စစ်ပညာသည်သင်တန်း    

၂။       Basic Welding Course

           အခြေခံဂဟေဆက်သင်တန်း                                                    

၃။        Small Farm Engine & Motorcycle Maintenance and Repairing           

           စိုက်ပျိုးရေးသုံးအင်ဂျင်နှင့်မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း

 

ကျွမ်းကျင်မှုအခြေပြု ကာလတို (၃) လ သင်တန်း (အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)နှင့် အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ))

၁။      Motorcycle Mechanic

          မော်တော်ဆိုင်ကယ် စက်ပြင် သင်တန်း

၂။      Small Farm Engine Mechanic

          စိုက်ပျိုးရေးသုံးအင်ဂျင် စက်ပြင် သင်တန်း

၃။      SMAW/MMAW

          လျှပ်စစ် ဂဟေဆက် သင်တန်း

၄။      MIG/MAG

          ဓာတ်ငွေ့ ဂဟေဆက် သင်တန်း

Website လိပ်စာ

အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ) 
http://www.itcsinde.edu.mm

အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)
http://www.itcmandalay.edu.mm 

အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)

www.itcthagaya.edu.mm

အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)

http://www.itcpakokku.edu.mm
အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)
http://www.itcmagway.edu.mm

အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)
http://www.itcmyingyan.edu.mm

 



ဝန်ဆောင်မှု (အွန်လိုင်း) - ၅ ခု ဆက်လက်ကြည့်ရှုရန်

ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)

ကော်မရှင်နှင့်ကော်မတီများ / June 23, 2022

ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)

Rating

Amyotha Hluttaw ( Online Service )

အမျိုးသားလွှတ်တော် / June 23, 2022

Rating

စမ်းသပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / June 21, 2022

Rating

Applying Server Co-location Service from Ministry of Transport and Communications (Only for Government Organization)

အစိုးရအဖွဲ့အစည်းများ / June 20, 2022

Rating