စမ်းသပ်ခြင်း
-
ကဏ္ဍများ
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
စမ်းသပ်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / June 21, 2022
။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းတွင်ဖွင့်လှစ်ထားသော လူကြီးမင်းတို့၏ ဆိုင်ခန်းများအတွက် တစ်နှစ်လျင်တစ်ကြိမ်လုပ်ငန်းလိုင်စင်များထုတ်ပေးရာတွင် လုပ်ငန်းအသီးသီးသည်-
-ပြည်သူလူထုအားကျန်းမာရေးဆိုင်ရာဘေးအန္တရာယ်မဖြစ်ကြောင်း၊
-လိုင်စင်ပါလုပ်ငန်းအားမှန်ကန်စွာ လုပ်ကိုင်ကြောင်း၊
ကျန်းမာရေးဌာန၏ ထောက်ခံချက်ရရှိရန် မည့်သည့်ဆိုင်မဆိုလိုအပ်ပါသည်။
၂။
ကျန်းမာရေးထောက်ခံချက်ထုတ်ပေးရာတွင် ဆိုင်ရှင်/တာဝန်ခံ၏ လိုင်စင်ဓာတ်ပုံ(၂)နှင့် စည်းကြပ်ခွန် ပေးဆောင်ထားမှသာ ယင်းထောက်ခံချက်ကဒ်အားစိစစ်ထုတ်ပေးမည်ဖြစ်ပါသည်။
၃။
တစ်နှစ်စာအတွက်စည်းကြပ်ခွန်နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
လုပ်ငန်းလိုင်စင်စည်းကြပ်ငွေကျန်းမာရေးဌာန၏စည်းကြပ်ငွေမှတ်ချက်
၆ဝဝဝဝ အထက်၅ဝဝဝိ/-(က) ဆင့်
၄၈ဝဝဝ မှ ၆ဝဝဝဝ ထိ၄ဝဝဝိ/-(ခ) ဆင့်
၃၅ဝဝဝ မှ ၄၈ဝဝဝ ထိ၃ဝဝဝိ/-(ဂ) ဆင့်
၁၅ဝဝဝ မှ ၃ဝဝဝဝ ထိ၂ဝဝဝိ/-(ဃ) ဆင့်
၄။
ကျန်းမာရေးဌာန၏ ငွေသွင်းချလံအမှတ်ပါငွေရပြေစာရှိမှသာ စည်းကြပ်ခွန်ပေးဆောင်ပြီးခြင်းကို အတည်ပြုနိုင်မည်ဖြစ်၍ ၎င်းအားသိမ်းဆည်းထားရန်နှင့် စစ်ဆေးပြီးကြောင်းထောက်ခံချက်ကဒ်များကိုလည်း အခွန်ငွေကောက်ခံသည့်လ၏ လကုန်ပြီးနောက်(တစ်ပါတ်အတွင်း)သက်ဆိုင်ရာမြို့နယ် EO ရုံးများတွင် လက်မှတ်ထိုးထုတ်ယူနိုင်ပါသည်။
၅။
စီးပွားရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အောက်ပါအချက်များအားစစ်ဆေးတွေ့ရှိပါက နေပြည်တော် စည်ပင်သာယာရေးကော်မတီဥပဒေအရ လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(၁)ပေးဆောင်ရန်ပျက်ကွက်ခြင်း
(၂)ကျန်းမာရေးထောက်ခံချက်များအား ညွှန်ကြားချက်နှင့်အညီ စနစ်တကျထားရှိမှု မရှိခြင်း