သတင်း

နောက်ဆုံးရသတင်းများ - ၃၃၄၁၂ ခု

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) A.G.T.I ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2023

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) A.G.T.I ဒီပလိုမာ သင်တန်းအမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ ဒသမတန်း လူရည်ချွန်ကျောင်းသားကျောင်းသူများ အင်းလေးကန်သို့ လေ့လာရေးသွားရောက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2023

တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့ နံနက်ပိုင်းတွင် အင်းလေးကန်သို့ လေ့လာရေးခရီး သွားရောက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2023

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား- ယနေ့အချိန်အခါသမယသည် ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားကြီးများကို ဂုဏ်ပြုသည့် နေ့ထူးနေ့မြတ်ဖြစ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားထုကြီးတစ်ရပ်လုံးနှင့်အတူ ပြည်ပနိုင်ငံများတွင် အလုပ် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် မိဘပြည်သူ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

အလုပ်သမားများစွမ်းပကားဖြင့် နိုင်ငံတည်ဆောက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2023

အလုပ်သမားများသည် ပြည်သူများ၏ စားဝတ်နေရေး၊ ကုန်ထုတ်စွမ်းအား မြင့်မားရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရာ၌ အခြေခံအကျဆုံး မောင်းနှင်အားများဖြစ်သည်။ အခြေခံကျသော အလုပ်သမားများ၏ စွမ်းပကားဖြင့် သာယာဝပြောသော၊ ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်လောကကြီးအဖြစ် အစဉ်မပြတ် တည်ဆောက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အလုပ်သမားများ၏ စွမ်းပကားများမှာ မြင့်မားလှသဖြင့် နိုင်ငံတိုင်းနိုင်ငံတိုင်းက အလုပ်သမားများ၏ ဘဝကို မြှင့်တင်ဖြည့်ဆည်းပေးလျက်ရှိသည်။

နိုင်ငံ့စီးပွားမြင့်မားတိုးတက်အောင် အလုပ်သမားတို့ ကြိုးပမ်းစွမ်းဆောင်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2023

မေလ ၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်သည်။ စက်မှုအရင်းရှင် ခေတ်ဦးပိုင်းတွင် အလုပ်သမားဟူသည် လောဘကြီးမားသော အလုပ်ရှင်တို့အဖို့ အမြတ်အစွန်း ပိုမိုရရှိနိုင်ရန်အတွက် အလုပ်ချိန်နှင့် လုပ်အားခများ ခေါင်းပုံဖြတ်ယူစရာ သားကောင်များ ဖြစ်ကြသည်။ တစ်ရက်လျှင် ၂၄ နာရီရှိရာ အလုပ်သမားများသည် ၁၆ နာရီမှ နာရီ ၂၀ အထိ အလုပ်လုပ်ကြရသည်။ အလုပ်ချိန်ကို ဤမျှရှည်လျားစွာ လုပ်ကြရသော်လည်း လုပ်အားခကိုမူ နည်းနိုင်သမျှ နည်းနည်းသာပေးပြီး အကြောင်းအမျိုးမျိုးဖြင့်လည်း လျှော့ချဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 30, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် လေကြောင်းလူငယ်စခန်းတို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုညစာ စားပွဲဖြင့် ဧည့်ခံ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 30, 2023

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် လေကြောင်းလူငယ်စခန်း တို့တွင် သင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများ၏ သင်တန်းကာလအတွင်း ဂုဏ်ပြုညစာ စားပွဲကို ဧပြီ ၂၉ ရက် ညပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား ပခုက္ကူမြို့နှင့် ရေစကြိုမြို့မှ ပင့်ဖိတ်ထားသောဆရာတော်ကြီးများလေ့ လာဖူးမြော်ကြည်ညို

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 30, 2023

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပခုက္ကူမြို့ သာသနဝိပုလာရာမ (အနောက်တိုက်) မှ ဂန္တဝါစကပဏ္ဍိတ၊ မြို့နယ်သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တမေဓာနှင့် ရေစကြိုမြို့ မအိုကျောင်းမှ ဂန္တဝါစကပဏ္ဍိတ မြို့နယ်သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တသြဘာသတို့ ဉီးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် စုစုပေါင်း (၁၀၀)ပါးတို့က ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာ ဖူးမြှော်ကြည်ညိုကြသည်။

ကျုံပျော်ခရိုင်အတွင်း သမဝါယမစနစ်ဖြင့် ပီလောပီနံစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 30, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ပန်းပင်ချောင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံ ငွေ (VDP) ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းလမ်း ပေ ၂၄၀၀ ကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြမှုနှင့် ကျေးရွာသူကျေးရွာသားများ၏ ဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှု ကို ဖြည့်ဆည်းဆောင်ရွက်ပေး သည်။