နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရန်အတွက် ပါရှိရမည့် အထောက်အထားများ အသက်(၁၀)နှစ်ပြည့်(သို့မဟုတ်) (၁၈)နှစ်ပြည့်


Ministry of Labour / October 06, 2021

  • အသက်(၁၀)နှစ်ပြည့် လျှောက်ထားခြင်းဖြစ်လျှင် ကာယကံရှင်နှင့်အတူ မိဘ(သို့မဟုတ်)အုပ်ထိန်းသူမှ လာရောက်ရမည်။
  • အသက်(၁၈)နှစ် လျှောက်ထားခြင်းဖြစ် ပါကကာယကံရှင်ကိုယ်တိုင် လာရောက်ရမည်။
  • လျှောက်ထားသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူတစ်စောင်ပါရှိရမည်။
  • ရှေ့ပြေးလျှောက်လွှာ (မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီး) ပါရှိရမည်။
  • အသက်အတွက် ကျောင်းထောက်ခံချက် (သို့မဟုတ်) မွေးစာရင်းမူရင်းနှင့် မိတ္တူပါရှိ ရမည်။
  • မိဘ(၂)ပါးကိုင်ဆောင်ထားသော အထောက်အထားလက်မှတ် မူရင်းနှင့်မိတ္တူ ပါရှိ ရမည်။
  • ကာယကံရှင်၏ သွေးစစ်လက်မှတ်မူရင်း ပါရှိရမည်။
  • ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။(၀.၈ လက်မ × ၀.၈ လက်မ)အရွယ်ဓါတ်ပုံ (၄)ပုံ (မျက်မှန်မပါ)ပါရှိရမည်။



FAQs