မူဝါဒအစီအစဉ်များရေးဆွဲဆောင်ရွက်ခြင်း

Ministry of Social Welfare, Relief & Resettlement / June 23, 2022

မူကြိုပညာရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ မူကြိုအရွယ်ကလေးများ ဘက်စုံဖွံံ့ဖြိုးရေး သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာ(Pre-School Curriculum and Syllabus)၊ (၃)နှစ် မပြည့်မီ ကလေးများ ပြုစုပျိုးထောင်ရေးလမ်းညွှန် ( Guideline of Caring for Children under Three Years Old) နှင့် မူလတန်းကြိုအရွယ် ( ၃နှစ်မှ၅နှစ် ) ကလေးများ ဘက်စုံဖွံ့ဖြိုးရေး ဆရာ့လမ်းညွှန် ( Teacher's Guide on Pre-School Curriculum ) တို့ကို ရေးသားပြုစုဖြန့်ဝေခဲ့ပါသည်။ ယင်းစာအုပ်များသည် မူလတန်းကြိုပညာရေးအတွက် မရှိမဖြစ် လက်ကိုင်ပြုရမည့် စာအုပ်များဖြစ်ပါ၍ ထုတ်ဝေရခြင်းဖြစ်ပါသည်။

     မြန်မာနိုင်ငံကလေးသူငယ်များ ဆိုင်ရာအမျိုးသားလုပ်ငန်း အစီအစဉ်(၂၀၀၆-၂၀၁၅)တွင်လည်း  ကလေးသူငယ်ပြု စုစောင့်ရှောက်ရေး လုပ်ငန်းဆိုင်ရာ မူဝါဒရည်မှန်းချက်များအား အောက်ပါအတိုင်းချမှတ်ထားပါသည် - 

(က) ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးနှင့် ပညာပေးရေးကိုတိုးမြှင့် ချဲ့ထွင်ရေး။

(ခ) မွေးစမှအသက်(၈)နှစ်အရွယ် ကလေးများ၏ဖွံ့ဖြိုးမှုအားလုံးတိုးတက်စေရေး။

(ဂ) ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာစီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်စနစ်ခတ်မီ တိုးတက်စေရေး။

     လူမှုဝန်ထမ်းဦးစီးဌာနသည် ကလေးသူငယ် ဥပဒေပုဒ်မ ၅၈(က)(ဂ) အရ ကိုယ့်အား ကိုယ်ကိုးနှင့်ပုဂ္ဂလိက မူလတန်းကြိုကျောင်းများနှင့် နေ့ကလေးထိန်းဌာန များအား ကြီးကြပ်ခြင်း ၊ စစ်ဆေးခြင်း၊ လမ်းညွှန်ခြင်း၊ ကျွမ်းကျင်မှု အကူအညီ ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ မူလတန်းကြိုကျောင်းများအား စနစ်တကျကြီးကြပ်နိုင်ရန်နှင့် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေး ဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိစေရေးအတွက် နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကူအညီများ ပေးရန် ရည်ရွယ်၍ ရှေးဦးကလေးသူငယ်များ   ပြုစုပျိုးထောင်ရေးဆိုင်ရာ ဥပဒေမူကြမ်း ( The Law relating to the Early Childhood Care and Development Draft ) ကိုရေးသားပြုစု၍ ထုတ်ပြန်ရန်စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။

     ထို့အပြင် ကလေးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရ၊ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးများ၏  မိသားစုများနှင့် ဆက်စပ်နေသည့် စီးပွားရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုင်ရာ ကဏ္ဍပေါင်းစုံကို ထည့်သွင်းစဉ်းစားလျက် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒရေးဆွဲမှုကို လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ဆိုင်ဆက်စပ်သည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များတို့နှင့် ပူးပေါင်း၍ ကော်မတီဖွဲ့စည်းရေးဆွဲလျက်ရှိပါသည်။

FAQs

Services (Online) - 2 items Explore more

ဘိုး/ဘွား ထောက်ပံ့ကြေး လျှောက်ထားခြင်း (မကွေးတိုင်းဒေသကြီး)

Magway Region Government / September 23, 2021

သတ်မှတ်ကာလတွင် အသက် (၉၀)နှစ် ပြည့်ပြီးသော ဘိုး/ဘွားများ

Rating