အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ရဲတပ်ဖွဲ့သို့ဝင်ရန် လိုအပ်ချက်များ ၊ အမျိုးသမီးဒုရဲအုပ်လောင်း (တပ်တွင်း)
Ministry of Home Affairs / October 05, 2021
တိုင်းဒေသကြီး/ပြည်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့နှင့် ကျောင်းများမှ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသော အမျိုးသမီး(တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်း) ဒုရဲအုပ်လောင်းလျှောက်ထားနိုင်သည်
အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
Ministry of Home Affairs / June 20, 2022
အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
အသင်းအဖွဲ့ မှတ်ပုံတင်လျှောက်ထားရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်နှင့် လိုအပ်သော အချက်အလက်များ
၁။ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ခွင့် လျှောက်ထားလာသော ပြည်တွင်းအသင်းအဖွဲ့များအနေဖြင့် အသင်းအဖွဲ့၏ ဥက္ကဋ္ဌ သို့မဟုတ် တာဝန်ခံ ပုဂ္ဂိုလ်တစ်ဦးဦးမှ မိမိတို့အသင်းအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်မည့် နယ်ပယ်အလိုက်သက်ဆိုင်ရာမှတ်ပုံတင်ရေး အဖွဲ့တွင် ဆန္ဒအလျောက် အောက်ပါအချက်များနှင့်အတူ လာရောက် လျှောက်ထားရပါမည်-
(က) သတ်မှတ်ပုံစံ (ပုံစံ-၁၊ ပုံစံ-၄၊ ပုံစံ(၄-က)၊ (နိုင်ငံသားစိစစ်ရေးကတ် မိတ္တူပူးတွဲလျက်)
(ခ) အသင်းအဖွဲ့၏ ရည်ရွယ်ချက်လုပ်ငန်းစဉ်နှင့် နှီးနွယ်ဆက်စပ်နေသော သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၏ သဘောထားထောက်ခံချက်များ
ပြည်တွင်းအသင်းအဖွဲ့များအနေဖြင့် ကိုက်ညီရမည့် စည်းကမ်းချက်များ
၂။ ပြည်တွင်းအသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလာသည့် အသင်းအဖွဲ့များ သည် နည်းဥပဒေ အပိုဒ် ၄ အရ အောက်ပါစည်းကမ်းချက်များနှင့် ကိုက်ညီ ရမည်-
(က) နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ဆဲဥပဒေများ လေးစား လိုက်နာရမည်၊
(ခ) နိုင်ငံတော်၏ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုရမည်၊
(ဂ) နိုင်ငံသားများ၏ အခွင့်အရေးကို လေးစားရမည်၊
(ဃ) တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ ဘာသာ၊ သာသနာ ကိုးကွယ်ယုံကြည်မှုကို လေးစား ရမည်၊
(င) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများအကျိုးကို အထောက်အကူပြုနိုင်သည့် လူမှုအဖွဲ့အစည်းများ ဖြစ်ရမည်၊
(စ) အသင်းအဖွဲ့အမည်ပေးရာတွင် မိမိလှုပ်ရှားဆောင်ရွက်မည့် နယ်မြေအဆင့်နှင့် လျော်ညီသောအမည် သတ်မှတ်လျှောက်ထားရမည်၊
(ဆ) အသင်းအဖွဲ့၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့် နှီးနွယ်ဆက်စပ်သော ပူးပေါင်း ဆောင်ရွက်မည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသို့ သဘောထားတောင်းခံ ထားသည့်စာကို ကနဦးပူးတွဲ တင်ပြရမည်။သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ သဘောထားများကို ယာယီ မှတ်ပုံတင်လက်မှတ်ထုတ်ပေးသည့်အချိန်တွင်တစ်ပါတည်းတင်ပြရမည်၊
ပြည်တွင်းအသင်းအဖွဲ့ အမှုဆောင်များအနေဖြင့်ကိုက်ညီရမည့်အရည်အချင်းများ
၃။ ပြည်တွင်းအသင်းအဖွဲ့များအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားရာတွင် အသင်းအဖွဲ့၏ အမှုဆောင်များသည် နည်းဥပဒေ အပိုဒ် ၅ အရ အောက်ပါအရည်အချင်းများနှင့် ကိုက်ညီရမည်-
(က) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း၊
(ခ) အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊
(ဂ) သာသနာ့ဝန်ထမ်းမဟုတ်ခြင်း၊
(ဃ) ထောင်ဒဏ်ကျခံနေရသူမဟုတ်ခြင်း၊
(င) စိတ်ပေါ့သွပ်သူမဟုတ်ခြင်း၊
(စ) အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်ကသတ်မှတ်သော အဖွဲ့ အစည်းဝင်နှင့်ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်း အဖြစ် ကြေညာခြင်းခံရသောအဖွဲ့အစည်းဝင်၊ ယင်းအဖွဲ့အစည်းဝင်များကို အားပေး ကူညီခြင်းပြုသည့် အဖွဲ့အစည်းဝင် မဟုတ်ခြင်း။
၄။ ယင်းကဲ့သို့ လျှောက်ထားလာသော ပြည်တွင်းအသင်းအဖွဲ့များကို ပြည်ထောင်စုမှတ်ပုံတင်ရေး အဖွဲ့အနေဖြင့် လျှောက်ထားလာသော လျှောက်လွှာများအားစိစစ်၍ အချက်အလက်ပြည်စုံပါက လျှောက်ထားသူထံ လျှောက်လွှာရရှိကြောင်း ပုံစံ(၅)ထုတ်ပေးပြီး (၇)ရက်အတွင်း ယာယီလက်မှတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မှတ်ပုံတင်လက်မှတ် ရရှိနိုင်ရေးအတွက် ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့ အစည်းအဝေးပြုလုပ်၍ မှတ်ပုံတင်လက်မှတ် ထုတ်ပေးသွားမည် ဖြစ်ပါသည်။ မှတ်ပုံတင်လက်မှတ် ထုတ်ယူရန်အတွက် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)သို့ အသင်းအဖွဲ့ မှတ်ပုံတင်ကြေး ကျပ် (၁) သိန်းကို ပေးသွင်းပြီး မှတ်ပုံတင်လက်မှတ်အား ယာယီ မှတ်ပုံတင်လက်မှတ်နှင့် လဲလှယ်ထုတ်ယူရမည် ဖြစ်ပါသည်။
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့များ မှတ်ပုံတင်ခွင့် လျှောက်ထားခြင်း
၅။ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ခွင့် လျှောက်ထားလာသော အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံတွင် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ် ရေးထိုး၍ ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းဝန်ကြီးဌာန၏ သဘောထားထောက်ခံချက်ရယူ၍ အသင်း အဖွဲ့၏ ဥက္ကဋ္ဌ သို့မဟုတ် တာဝန်ခံ ပုဂ္ဂိုလ်တစ်ဦးဦးမှ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့သို့ အောက်ပါအချက်များနှင့်အတူ လာရောက်လျှောက်ထားရပါမည်-
(က) သတ်မှတ်ပုံစံ ( ပုံစံ-၃၊ ပုံစံ-၄၊ ပုံစံ(၄-က)၊ ပတ်စ်ပို့ / နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ ပူးတွဲလျက်)
(ခ) အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး(ယခု စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး)ဌာန၏သဘောထားမှတ်ချက်၊
(ဂ) နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်၊
(ဃ) ပူးပေါင်းဆောင်ရွက်မည့် (MoUလက်မှတ်ရေးထိုးမည့်) သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏သဘောထားမှတ်ချက်နှင့် MoU မူရင်း သို့မဟုတ် မိတ္တူပူးတွဲလျက်၊
(င) အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ အပိုဒ် ၁၁ အရ နိုင်ငံတကာ အသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းဆောင်ရွက်မည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ တို့၏ ညှိနှိုင်းခွင့် ပြုချက်။
အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့များအနေဖြင့် ကိုက်ညီရမည့် စည်းကမ်းချက်များ
၆။ အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလာသည့် အသင်းအဖွဲ့များသည် နည်းဥပဒေ အပိုဒ် ၉ အရ အောက်ပါစည်းကမ်းချက်များနှင့် ကိုက်ညီရမည်-
(က) နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ဆဲဥပဒေများ လေးစား လိုက်နာရမည်၊၊
(ခ) နိုင်ငံတော်၏ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုရမည်၊
(ဂ) နိုင်ငံသားများ၏ အခွင့်အရေးကို လေးစားရမည်၊
(ဃ) တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ ဘာသာ၊ သာသနာ ကိုးကွယ်ယုံကြည်မှုကို လေးစားရမည်၊
(င) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများအကျိုးကို အထောက်အကူပြုနိုင် သည့်ခိုင်မာအားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ရမည်၊
(စ) အသင်းအဖွဲ့၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့် နှီးနွယ်ဆက်စပ်သော ပူးပေါင်း ဆောင်ရွက်မည့်သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန၊အဖွဲ့အစည်းများ၏သဘောထား များ ပူးတွဲတင်ပြရမည်။
နိုင်ငံတကာ အသင်းအဖွဲ့ အမှုဆောင်များအနေဖြင့် ကိုက်ညီရမည့် အရည်အချင်းများ
၇။ အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားရာတွင် အသင်းအဖွဲ့၏ အမှုဆောင်များသည် နည်းဥပဒေ အပိုဒ် ၁ဝ အရ အောက်ပါအရည်အချင်း များနှင့် ကိုက်ညီရမည်-
(က) နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူများ၊ ယင်းတို့နှင့် ပူးပေါင်း ဆောင်ရွက်မည့် နိုင်ငံသားများဖြစ်ခြင်း၊
(ခ) အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊
(ဂ) သာသနာ့ဝန်ထမ်း မဟုတ်ခြင်း၊
(ဃ) ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်း၊
(င) စိတ်ပေါ့သွပ်သူ မဟုတ်ခြင်း၊
(စ) အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့ အစည်းဝင်နှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်း အဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်းဝင်၊ ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းဝင် မဟုတ်ခြင်း။
၈။ ယင်းကဲ့သို့ လျှောက်ထားလာသော နိုင်ငံတကာအသင်းအဖွဲ့များကို ပြည်ထောင်စုမှတ်ပုံ တင်ရေးအဖွဲ့အနေဖြင့် လျှောက်ထားလာသော လျှောက်လွှာများအားစိစစ်၍ အချက်အလက်ပြည်စုံ ပါက လျှောက်ထားသူထံ လျှောက်လွှာရရှိကြောင်း ပုံစံ(၅)ထုတ်ပေးပြီး (၇)ရက်အတွင်း ယာယီ လက်မှတ် ထုတ်ပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မှတ်ပုံတင်လက်မှတ် ရရှိနိုင်ရေးအတွက် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ အစည်းအဝေးပြုလုပ်၍ မှတ်ပုံတင်လက်မှတ်ထုတ်ပေးသွားမည် ဖြစ်ပါသည်။ မှတ်ပုံတင်လက်မှတ် ထုတ်ယူရန်အတွက် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)သို့ အသင်းအဖွဲ့ မှတ်ပုံတင်ကြေး ကျပ် (၁) သိန်းကို ပေးသွင်းပြီး မှတ်ပုံတင်လက်မှတ်အား ယာယီ မှတ်ပုံတင်လက်မှတ်နှင့် လဲလှယ်ထုတ်ယူရမည် ဖြစ်ပါသည်။
Click here to more information