ထေရဝါဒဗုဒ္ဓဘာသာစာပေစိစစ်ခြင်း၊ ပရိယတ္တိစာမေးပွဲ(၅)မျိုး ကျင်းပပေးခြင်း
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ထေရဝါဒဗုဒ္ဓဘာသာစာပေစိစစ်ခြင်း၊ ပရိယတ္တိစာမေးပွဲ(၅)မျိုး ကျင်းပပေးခြင်း
Ministry of Religious Affairs & Culture / April 09, 2018
ဝန်ဆောင်ခ
အခမဲ့
လိုအပ်သောစာရွက်စာတမ်းများ
စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ပုံစံနှင့် ဖြေဆိုမည့်စာမေးပွဲမှ အောင်မြင်ခဲ့ပြီးသောအတန်း၏ အထောက်အထား
လျှောက်ထားရန်အဆင့်များ
သက်ဆိုင်ရာမြို့နယ်သံဃနာယကအဖွဲ့၊ သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ် သာသနာ ရေးမှူးရုံးများမှတစ်ဆင့် လျှောက်ထားရန်
ထေရဝါဒဗုဒ္ဓဘာသာစာပေစိစစ်ရန်အတွက် ထုတ်ဝေမည့် စာမူကို တင်ပြရန်၊
တိပိဋကရွေးချယ်ရေးစာမေးပွဲဖြေဆိုမည့်ပုဂ္ဂိုလ်သည် ရဟန်း တော်များနှင့် သာမဏေများသာ ဖြစ်ရပြီး ပါဠိပထမပြန်စာမေးပွဲမှ ပထမကြီးတန်းကိုဖြစ်စေ၊ ဝိနယဝိဒူတန်းကိုဖြစ်စေ၊ သာမဏေကျော် တတိယဆင့်ကိုဖြစ်စေ၊ စေတိယင်္ဂဏနှင့် သကျသီဟ စာမေးပွဲစာ သင်တန်းကိုဖြစ်စေ တစ်ခုခုကို အောင်မြင်ပြီးသူ ဖြစ်ရပါသည်။
ဓမ္မာစရိယစာမေးပွဲ ဖြေဆိုသူ၏ အရည်အချင်း သတ်မှတ်ချက် များမှာ-
(က)ရဟန်း၊ သာမဏေ၊ သီလရှင်၊လူဝတ်ကြောင်မည်သူမဆို ဝင်ခွင့်ရှိသည်။
(ခ)ပထမကြီးတန်းအောင်မြင်မှသာ ဓမ္မာစရိယဖြေဆိုခွင့် ရှိသည်။
(ဂ)မူလအောင်ခဲ့သော ဘွဲ့တော်ဖြင့်သာ အထက်စာမေးပွဲကို ဖြေဆိုရမည်။
(ဃ)မိမိဝါဆိုသောမြို့နယ်ရှိ စာဖြေဌာန၌ ဖြေဆိုခွင့်ရှိသည်။
(င)တစ်ကျောင်းတစ်ဌာနထက်ပို၍ ဝင်ခွင့်တောင်းခံခြင်း မပြုရ။
ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုသူ၏ အရည်အချင်းသတ်မှတ် ချက်များမှာ-
(က)ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူဝတ်ကြောင်မည်သူမဆို ဝင်ခွင့်ရှိသည်။
(ခ)စာမေးပွဲစတင်ဖြေဆိုသောနေ့၌ အသက်(၁၂)နှစ်ပြည့်မှသာ အခြေပြုမူလတန်းကို ဝင် ရောက် ဖြေဆိုခွင့်ရှိသည်။
(ဂ)အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို တစ်တန်းအောင်ပြီးမှ နောက်တစ်တန်းကို အစဉ်လိုက်ဖြေဆိုရသည်။
နိကာယ်စာမေးပွဲဖြေဆိုသူ၏ အရည်အချင်းသတ်မှတ်ချက် များမှာ-
(က) ဝိဒူတန်း
(က)စာမေးပွဲစတင်ဖြေဆိုသောနေ့၌ အသက်(၁၂)နှစ်ပြည့် မှသာ အခြေပြုမူလတန်းကို ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။
(ခ)ဝိဒူတန်းကိုဖြေဆိုမည့်ပုဂ္ဂိုလ်သည် အုပ်စု(၉)အုပ်စု တို့တွင် အုပ်စု(၁) ဝိနယပိဋက တစ်ခုလုံးကိုဖြစ်စေ၊ သို့မဟုတ် နှစ်သက်ရာတစ်ကျမ်းချင်း၊ နှစ်ကျမ်းချင်း စသည် တို့ကိုဖြစ်စေ စတင်ဖြေဆိုရပါသည်။
(ဂ)အုပ်စု(၁) ဝိနယပိဋက တစ်ခုလုံးကို ဖြေဆိုအောင်မြင်ပြီးမှသာ မိမိနှစ်သက်ရာ အုပ်စုတစ်ခုလုံးကိုဖြစ်စေ၊ အုပ်စုတွင်းပါ နှစ်သက်ရာတစ်ကျမ်းချင်း၊ နှစ်ကျမ်းချင်း စသည်တို့ကိုဖြစ်စေ ဆက်လက်ဖြေဆိုခွင့်ရှိသည်။
(ဃ)တစ်နှစ်တွင် အုပ်စုတစ်စုတည်းကိုသာ ဖြေဆိုခွင့်ရှိသည်။
(င)မိမိနှစ်သက်ရာ အုပ်စုတစ်ခုကို ရွေးချယ်ဖြေဆိုသူသည် ယင်းအုပ်စုပါ ကျမ်းအားလုံး ကို အောင်မြင်ပြီးမှသာ အခြားအုပ်စုတစ်ခုကို ပြောင်းရွေ့ဖြေဆိုခွင့်ရှိသည်။
(ခ) မဟာဝိဒူတန်း
(က)မဟာဝိဒူတန်းကိုဖြေဆိုမည့်ပုဂ္ဂိုလ်သည် မဟာဝိဒူတန်း အုပ်စု (၉)အုပ်စုတို့တွင် အုပ်စု(၁) ဝိနယပိဋက အဋ္ဌကထာ အားလုံးကိုဖြစ်စေ၊ သို့မဟုတ် နှစ်သက်ရာ တစ်ကျမ်းချင်း၊ နှစ်ကျမ်းချင်းစသည်တို့ကို ဖြစ်စေ စတင်ဖြေဆိုရပါသည်။
(ခ)ဝိဒူတန်း၌ အောင်မြင်ပြီးသော အုပ်စုတူကိုသာ မဟာဝိဒူတန်း တက်ရောက် ဖြေဆိုခွင့်ရှိသည်။
အစိုးရအဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲဖြေဆိုမည့် ပုဂ္ဂိုလ် အတွက် အရည်အချင်းသတ်မှတ်ချက်မှာ-
(က)အဘိဓမ္မာ(ရိုးရိုး)နှင့် အဘိဓမ္မာ(ဂုဏ်ထူးဆောင်) စာမေးပွဲတို့ကို အစိုးရပထမငယ်တန်း (သို့မဟုတ်) ၎င်းနှင့်အလားတူစာမေးပွဲ အောင်မြင်ပြီးသူများအား ဖြေဆိုခွင့်မပြုပါ။ အစိုးရပထမပြန် စာမေးပွဲကို ဖြေဆိုရန် သင်ယူလေ့လာနေသော အမြဲတမ်းသာမဏေများ ကိုလည်း ဖြေဆိုခွင့်မပြုပါ။ အဘိဓမ္မာ (ရိုးရိုး) စာမေးပွဲ သုံးဆင့်စလုံး မအောင်သေးသူများအား အဘိဓမ္မာ (ဂုဏ်ထူးဆောင်) စာမေးပွဲအဆင့်များကို ဖြေဆိုခွင့် မပြုပါ။
(ခ)အဘိဓမ္မာ(ရိုးရိုး)နှင့် အဘိဓမ္မာ(ဂုဏ်ထူးဆောင်) စာမေးပွဲတို့၌ နှစ်ချင်း သုံးဆင့်စလုံး မအောင်မြင်ကြသေးသူများသည် တစ်ဆင့်ကို သော်လည်းကောင်း၊ နှစ်ဆင့်ကိုသော်လည်းကောင်း အောင်မြင်ခဲ့ပြီး ဖြစ်စေကာမူ နှစ်ချင်းပေါက်သုံးဆင့်လုံးကို ထပ်မံဝင်ရောက် ဖြေဆိုလိုပါက ဖြေဆိုခွင့်ရှိပါသည်။
(ဂ)ဝိသုဒ္ဓိမဂ်စာမေးပွဲ၌အစိုးရပထမကြီးတန်းစာမေပွဲနှင့် ဓမ္မာစရိယစာမေးပွဲများကို လည်းကောင်း၊ အလားတူစာမေးပွဲများကိုလည်းကောင်း အောင်မြင်သူများအား ဖြေဆိုခွင့်မပြုပါ။
(ဃ)အဘိဓမ္မာ(ရိုးရိုး)စာမေးပွဲ အောင်မြင်သူများသာ အဘိဓမ္မာ (ဂုဏ်ထူးဆောင်) စာမေးပွဲကိုဖြစ်စေ၊ ဝိသုဒ္ဓိမဂ်စာမေးပွဲကိုဖြစ်စေ ဖြေဆိုခွင့်ရှိသည်။
(င)ဝိသုဒ္ဓိမဂ်စာမေးပွဲ ပထမဆင့်၊ ဒုတိယဆင်၊ တတိယဆင့် သုံးဆင့်အနက် ကြိုက်ရာ အဆင့်တစ်ဆင့်ဖြစ်စေ နှစ်ဆင့်ဖြစ်စေ သုံးဆင့်လုံးဖြစ်စေ ဖြေဆိုနိုင်ပါသည်။
(စ)ထိုသို့ဖြေဆိုရာတွင်နှစ်ချင်းသုံးဆင့်စလုံးမအောင်မြင် ကြသေးသူများသည်တစ်ဆင့်ကို သော်လည်းကောင်း၊ နှစ်ဆင့်ကိုသော်လည်းကောင်း အောင်မြင်ခဲ့ပြီးဖြစ်စေကာမူ နှစ်ချင်းပေါက် သုံးဆင့်လုံးကို ထပ်မံ ဝင်ရောက် ဖြေဆိုလိုပါက ဖြေဆိုခွင့် ရှိပါသည်။
(ဆ)အထက်ပါစာမေးပွဲများကိုလူပုဂ္ဂိုလ်နှင့်သီလရှင်များသာ ဖြေဆိုခွင့် ရှိပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
ညွှန်ကြားရေးမှူး၊ စာမေးပွဲဌာနခွဲ (ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်)၊ သာသနာရေးဦးစီးဌာန။
Website လိပ်စာ
မရှိပါ။
ရှေးဟောင်းဝတ္ထုပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက်ထုတ်ပေးခြင်း
Magway Region Government / June 26, 2022
မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း
Ministry of Religious Affairs & Culture / June 20, 2022
မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း
Ministry of Planning and Finance / June 24, 2020
https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်းအား အများပြည်သူများအနေဖြင့်...