testing
testing
Ministry of Transport and Communications/ Naypyitaw / May 06, 2024
![](/documents/20143/0/abc+%287%29.jpg/b86ed8e2-bffe-9c9c-8221-6b39c197c516?t=1714972016426)
ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာ ခြင်းကို ဧပြီ ၂၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပြည်ခရိုင် ပြည်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၆၉ ခုမှ ပြည်သူ ၃၀၄ ဦး၊ ပေါက်ခေါင်းမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၅၈ ခုမှ ပြည်သူ ၃၇၂ ဦး စုစုပေါင်း ၆၇၆ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေး လေ့လာကြသည်။
ဦးစွာတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ်မဲပေးကြသည်။
![](/documents/20143/0/abc+%288%29.jpg/d0ec18d8-3815-97ba-0caf-57bb4663d8c6?t=1714972195915)