အလှူငွေနှင့်ပစ္စည်းများလှူဒါန်းနိုင်ကြောင်း အသိပေးကြေညာခြင်း

အလှူငွေနှင့်ပစ္စည်းများလှူဒါန်းနိုင်ကြောင်း အသိပေးကြေညာခြင်း


Ministry of Information/ Naypyitaw / May 16, 2023
image_latest


မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။

မြန်မာကျပ်ငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၊ OA-011834 သို့ လည်းကောင်း၊ နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ကို Natural Disaster Management Fund၊ 1DA-0300086 သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းနှင့် အလှူပစ္စည်းများကို တိုင်းဒေသကြီး/ ပြည်နည်အစိုးရအဖွဲ့များတွင် လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ