အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်


Amyotha Hluttaw/ Nay Pyi Daw / June 24, 2022


Downlod

မြန်မာလွှတ်တော်နှင့် Hanns Seidel Foundation (HSF)တို့အကြား ချုပ်ဆိုသည့် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)သက်တမ်းတိုး လက်မှတ်ရေးထိုးပွဲကို (၂၂.၁.၂၀၂၁)ရက်နေ့၊ (၁၃၀၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။ လက်မှတ်ရေးထိုးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ JCC အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် HSF မှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Mr.Achim Munz နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားပြီး HSF မှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။ ဆက်လက်၍ နားလည်မှုစာချွန်လွှာ(MoU)တွင် JCC အဖွဲ့ တွဲဖက်အတွင်းရေးမှူး (၂)၊ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးနှင့် HSF မှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Mr.Achim Munz တို့က online မှတစ်ဆင့် လက်မှတ်ရေးထိုးကြပါသည်။