ရေဘေးဒဏ် ခံစားရသောဒေသများအတွက် အလှူရှင်များက အလှူငွေများလှူဒါန်း
ရေဘေးဒဏ် ခံစားရသောဒေသများအတွက် အလှူရှင်များက အလှူငွေများလှူဒါန်း
Ministry of Information/ Naypyitaw / September 24, 2024
နေပြည်တော် စက်တင်ဘာ ၂၃
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ငွေကျပ် ၄၅ သိန်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဝန်ထမ်းမိသားစုမှ ငွေကျပ်သိန်း ၂၀ ၊ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် ၂၀၁ သိန်း၊ ဦးအောင်သိုက် Managing Director, Myanmar New Power Investment Group Co,Ltd မှ ငွေကျပ် သိန်း ၁၀၀ ၊ Myanmar Development Strategic Research Organization မှ ငွေကျပ်သိန်း ၁၀၀ စုစုပေါင်းငွေကျပ်သိန်း ၄၆,၆၀၀,၀၀၀ နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်းက ငွေကျပ်သုံးသိန်းတန်ဖိုးရှိ မုန့်ပုံးငါးပုံးပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်