မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Ministry of Hotel & Tourism/ နေပြည်တော် / June 26, 2022

နေပြည်တော် ဇွန် ၁၇
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရုံးအမှတ်(၅၅)၌ ကျင်းပသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းမှ မဟော်ဂနီပင်အားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်မှ စိန်ပန်းပင်အားလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း အမှုထမ်းများက ကျွန်းပင်၊ မဟော်ဂနီပင်၊ စိန်ပန်းပင်၊ စွယ်တော်ပင်များကို သတ်မှတ်ဧရိယာများ အလိုက် စိုက်ပျိုးခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စုပေါင်းသစ်ပင်စိုက်ပျိုးနေ သည့် အရာထမ်း/အမှုထမ်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ယခင်နှစ်များက စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ယနေ့ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း၊ မဟော်ဂနီ၊ စိန်ပန်း၊ စွယ်တော်ပင် စုစုပေါင်း (၃၅၀)ပင် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။