ဆက်သွယ်ရေးစက်ပစ္စည်းများတင်သွင်းခွင့်လျှောက်ထားခြင်း(ပြည်ပ)

ဆက်သွယ်ရေးစက်ပစ္စည်းများတင်သွင်းခွင့်လျှောက်ထားခြင်း(ပြည်ပ)


Ministry of Transport and Communications/ ရန်ကုန် / June 27, 2022


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုး စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန တစ်ဘက်ပိတ်ဆည်အနီး၌ ကျင်းပ သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က နှစ်ရှည်အရိပ်ရပန်းအလှပင်ဖြစ်သည့် ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ ဝန်ထမ်းများက ပျိုးပင်များကို သတ်မှတ်နေရာ၌ စိုက်ပျိုးပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများက တစ်ဘက်ပိတ်ဆည်အတွင်းသို့ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမ အစရှိသော ငါးသားပေါက် ကောင်ရေပေါင်း ၂၀၀၀၀ ကို စိုက်ထည့်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

စိုက်ပျိုး

ယခုနှစ် ဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဝန်ကြီးဌာနရုံး အဆောက်အဦဝင်း အတွင်းနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ အရိပ်အာဝါသကောင်းမွန်စေရန်နှင့် သစ်တောပြုန်းတီး မှုကို ကာကွယ်ထိန်းသိမ်းမှု အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကာ အဖိုးတန် ရတနာတန်းဝင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ကံ့ကော် ပျိုးပင်ပေါက် ၂၅၀ နှင့် အရိပ်ရလေကာပင်၊ သီးပင်စားပင်၊ အရိပ်ရပန်းအလှပင် ပေါင်း ၃၀၀၊ စုစုပေါင်းပျိုးပင် ၅၅၀ ကို စိုက်ပျိုးခဲ့ကြသည်။

သတင်းစဉ်

Source From: Kyemon