တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ရန်ကုန်၊ ဇွန် ၃၀
တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ရန်ကုန်၊ ဇွန် ၃၀
Ministry of Ethnic Affairs/ ရန်ကုန် / July 04, 2023

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်၍ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်”နှင့် “ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းဖွင့်ပွဲအခမ်းအနား”ကို (၃၀-၆-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ နယ်၊ လိပ္ပုတ်ကျေးရွာ၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်းသားဘာသာသင် TA/LT ဆရာများခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ စစ်တမ်းများကောက်ယူရခြင်း ရည်ရွယ်ချက်များ ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြောက်ပိုင်းခရိုင်မှူး ဒေါ်ဉမ္မာညွှန့်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်က လူမှုဝန် ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် သင်တန်းကျောင်းများအကြောင်း၊ အမျိုးသမီးအခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေးများအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အသေးစား စက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးရဲဇော်ထွန်းက အသေးစားစက်မှု လက်မှုဦးစီးဌာန၏ သင်တန်းဖွင့်လှစ်ပေးမှုအခြေအနေနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်၊ သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများနှင့် အမျိုးအစားတို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို သင်တန်းသား(၃)ဦး၊ သင်တန်းသူ(၁၇)ဦး စုစုပေါင်း (၂၀) ဦး တက် ရောက်ကြမည်ဖြစ်ပြီး (၃၀-၆-၂၀၂၃) ရက်နေ့မှ (၄-၇-၂၀၂၃) ရက်နေ့ထိ (၅) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်း၍ စစ်တမ်းကောက်ယူခဲ့ရာ တက် ရောက်လာသူ(၆၀) ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။

Newspaper - 1288 items

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 25, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download