တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ထူးချွန်ကျောင်းသား ဂုဏ်ပြုခြင်း၊ ပညာသင် ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများပေးအပ်ခြင်း အခမ်းအနားကျင်းပ နေပြည်တော် ဇူလိုင် ၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ထူးချွန်ကျောင်းသား ဂုဏ်ပြုခြင်း၊ ပညာသင် ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများပေးအပ်ခြင်း အခမ်းအနားကျင်းပ နေပြည်တော် ဇူလိုင် ၄
Ministry of Ethnic Affairs/ နေပြည်တော် / July 05, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ထူးချွန်ကျောင်းသား ဂုဏ်ပြုခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ လူသားတိုင်းသည် ဘဝတိုးတက်မှုကို လိုလားကြပြီး အဓိကလိုအပ်ချက်ဖြစ်သည့် အသိပညာ၊ အတတ်ပညာများကို အမြဲမပြတ် လေ့လာကြိုးစားအားထုတ်ကြရမည်ဖြစ်ပါကြောင်း၊ စာပေဗဟုသုတ၊ ဘာသာစကား နှင့်နည်းပညာပိုင်းဆိုင်ရာများကို အချိန်နှင့်အမျှ အကျိုးရှိစွာ လေ့လာသင်ယူနေရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်အောင် ပညာသင်ယူရေး၊ ကျောင်းထွက်နှုန်း လျော့နည်းစေရေးတို့ကို စဉ်ဆက်မပြတ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏ မီးရှူးတန်ဆောင် အလင်းရောင်ဖြစ်ပြီး ပညာဖြင့် မိမိတို့ဘဝနှင့် နိုင်ငံတော်ကို တည်ဆောက်ရမည်ဖြစ်၍ မိဘများအနေဖြင့် မိမိတို့၏ သား သမီးများ၏ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူပြီးမြောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နှင့် စံနမူနာပြ ဖြစ်သည့် မိခင်ကောင်း ဖခင်ကောင်းများအဖြစ် ပြုမူနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရန် ဦးတည်ကြိုးပမ်းလျက်ရှိရာ သားငယ် သမီးငယ်များက ပညာရေးကို အစွမ်းကုန် ကြိုးစားဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင် ကြစေလိုပါကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ စာသင်ကျောင်းများ၌ ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ များကို ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တိုးတက်ပြောင်းလဲနေသည့် အတတ်ပညာ၊ နည်းပညာသစ်များနှင့် ရင်ဘောင်တန်းနိုင်ရန် အစဉ် ကြိုးစားပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်သော တိုင်းပြည်ကို အကျိုးပြုမည့် သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်စေရေး ကြိုးစားအားထုတ်ကြစေလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ယခုကဲ့သို့ ထောက်ပံ့ပေးအပ်ခြင်းသည် ဝန်ထမ်းများ၏ သားသမီးများကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားပေးခြင်းဖြစ်ပါကြောင်း၊ ပညာကို မွေးဖွားသည်မှစ၍ သေဆုံးသည်အထိ လေ့လာသင်ယူနေကြရမည်ဖြစ်ပါကြောင်း၊ ပညာကို လေ့လာသင်ယူ၍ မိမိကောင်းကျိုး၊ နိုင်ငံကောင်းကျိုး၊ လူသားများကောင်းကျိုးအတွက် အသုံးချရန်လိုအပ်ပြီး မကောင်းသောနေရာများတွင် အသုံးမချမိစေရေးအတွက် သတိပြုရမည် ဖြစ်ပါကြောင်း၊ လူသားများ၏ ဘဝတွင် အရွယ် (၃) ပါးရှိပြီး ပထမအရွယ်သည် ပညာရှာရမည့် အရွယ်ဖြစ်သဖြင့် ပညာကို အပတ်တကုတ် ကြိုးစားလေ့လာ သင်ယူရမည်ဖြစ်ပါကြောင်း၊ အရွယ် (၃)ပါးတွင် သူ့နေရာနှင့်သူ ပညာကို ဆက်လက်သင်ယူရန်လိုအပ်ပါကြောင်း၊ မိမိ ဆောင်ရွက်ရမည့် တာဝန်နှင့်ဝတ္တရားများကိုလည်းကျွမ်းကျင်ပြီး မိမိသင်ကြားတတ်မြောက် ထားသည့် ပညာပေါ်တွင် သတိ၊ သမာဓိ၊ သီလ၊ သဒ္ဓါ၊ ဝီရိယများထား၍ နိုင်ငံတော်ကို အကျိုးပြုသည့် နိုင်ငံ့သားကောင်း သမီးကောင်းများဖြစ်အောင် လေ့လာကြိုးစားကြရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် (၄) ဘာသာ ဂုဏ်ထူးရရှိသော ထူးချွန်ကျောင်းသားအား ဂုဏ်ပြုချီးမြှင့်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုဝန်ကြီးရုံးမှ ဝန်ထမ်းများ၏ သား သမီး အခြေခံပညာ ကျောင်းသား ကျောင်းသူ များ ကိုယ်စား အမြဲတမ်းအတွင်းဝန်အားလည်းကောင်း၊ ဒုတိယဝန်ကြီးက ဦးစီးဌာနများမှ ဝန်ထမ်းများ၏ သား သမီး အခြေခံပညာ ကျောင်းသား ကျောင်းသူများ ကိုယ်စား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အား လည်းကောင်း ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper - 1288 items

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 25, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download