ကြိုတင်ကာကွယ်ရှောင်ရှားနိုင်သည့် သဘာဝဘေးအန္တရာယ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 02, 2023
image_latest


မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး၊ အပြင်းထန်ဆုံး၊ အဆိုးရွားဆုံးအဖြစ် တွေ့ကြုံခံစားခဲ့ရသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရမှုသည် ယနေ့တွင် ၁၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၈၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၁၁ ဒသမ ၈ ထရီလီယံအထိရှိခဲ့သည်။ ကမ္ဘာ့မှတ်တမ်းဝင်သည်အထိ ပျက်စီးဆုံးရှုံးမှုကြီးမားသည့် သဘာဝဘေးအန္တရာယ်ကြီး ကျရောက်ခဲ့ပြီးသည့်နောက် ဒေသခံများ ၏ လူမှုစီးပွားဘဝများမှာ များစွာပြောင်းလဲသွားခဲ့သည်။

မကြုံစဖူးခံစားလိုက်ရသော နာဂစ်မုန်တိုင်းကြောင့် သေကျေပျက်စီးဆုံးရှုံးမှုကြီးမားရခြင်းနှင့် စပ်လျဉ်း၍ နာဂစ်မုန်တိုင်းသည် ယခင်က တွေ့ကြုံခဲ့ရဖူးသော မုန်တိုင်းမျိုး မဟုတ်သည့်အပြင် မိုးလေဝသ သတိပေးချက်များအပေါ် ဒေသခံများက အလေးအနက် ဂရုမပြုကြခြင်း၊ မြစ်ဝကျွန်းပေါ်ဒေသ၏ ရေမြေအနေအထား အားနည်းချက်များရှိနေခြင်း၊ မုန်တိုင်းဒဏ်ခံ အဆောက်အအုံများမရှိခြင်း၊ မုန်တိုင်းဒီရေနှင့် ရေလှိုင်းများရိုက်ခတ်မှုကို ကာကွယ်ပေးနိုင်သည့် ဒီရေတောများ ပြုန်းတီးနေခြင်း စသည့်အကြောင်းတရားများလည်း ပါဝင်ကြောင်း ကြီးစွာသော သင်ခန်းစာများကိုလည်း ရရှိခဲ့သည်။ မုန်တိုင်းဒဏ်ခံရပြီးနောက် ဆယ်စုနှစ်တစ်ခုခွဲမျှကြာပြီး သည့်ကာလတွင်မူ ဒေသခံများအတွင်း မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာ ဗဟုသုတနှင့်သတိပြုနေထိုင်မှုများ ရရှိနေပြီဖြစ်ပြီး မုန်တိုင်းဒဏ်ခံအဆောက်အအုံများ၊ အသက်ကယ်ကုန်းမြင့်များနှင့် လမ်းပန်းဆက်သွယ်ရေးတို့လည်း တည်ဆောက်ထားနိုင် ခဲ့ပြီဖြစ်သည်။ မုန်တိုင်းနှင့်ဒီရေလှိုင်းတို့ကို ကာကွယ်ပေးနိုင်သည့် အစိမ်းရောင်တံတိုင်းကြီးများဟု တင်စားကြသည့် ဒီရေတောများ ပြုစုပျိုးထောင်ရေးကိုမူ ဒေသများအလိုက် အောင်မြင်ဖြစ်ထွန်းသည်အထိ တစိုက်မတ်မတ် စိုက်ပျိုး သွားကြရမည်ဖြစ်သည်။

မိုးကြိုကာလ ဧပြီလ၊ မေလနှင့် မိုးလွန်ကာလ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းများဖြစ်ပေါ်ပြီး မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက် လေ့ရှိခြင်းကြောင့် မုန်တိုင်းရာသီအဖြစ် သတ်မှတ်ထားရာ သတိပြုကြရန်လိုသည်။ မုန်တိုင်းသည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးရော ဆိုးကျိုးပါဖြစ်စေနိုင်သည့် ရာသီဥတုဆိုင်ရာ သဘာဝဖြစ်စဉ်များပင်ဖြစ်ပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများကြောင့် ထူးထူးခြားခြား မုန်တိုင်းကြီးများ ဖြစ်ပေါ်လာတတ်သည်ကိုလည်း သိရှိနားလည်ထားကြရမည်ဖြစ်သည်။

မုန်တိုင်းသည် ကြိုတင်ကာကွယ်ရှောင်ရှားနိုင်သည့် သဘာဝဘေးအန္တရာယ်ဖြစ်သည့်အတွက် မုန်တိုင်းဆိုင်ရာ သတင်းအချက်အလက်များကို နိုင်ငံပိုင်မီဒီယာများ၊ မိုး/ဇလ ၏ လူမှုကွန်ရက်များမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို မျက်ခြည်မပြတ် ကြည့်ရှုနားထောင်ရန်၊ ဒေသတွင်းရှိ အနီးဆုံးမုန်တိုင်းဒဏ်ခံ အဆောက်အအုံနှင့် နေရာတို့ကို ရွေးချယ်သတ်မှတ်ထားရန်၊ မုန်တိုင်းအမှန်တကယ်ကျရောက်တော့မည်ဆိုပါက မုန်တိုင်းခိုနေရာများသို့ စားရေရိက္ခာ၊ မရှိမဖြစ်လိုအပ်သော အသုံးအဆောင်များနှင့်အတူ ကြိုတင် ပြောင်းရွှေ့ရန်၊ မုန်တိုင်းဆိုင်ရာဗဟုသုတများကို လေ့လာထားရန် စသည့်အချက်များကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ထံကျရောက်လာမည့်အန္တရာယ်မှ ရှောင်လွှဲနိုင်မည်ဟူ၍ နာဂစ်မုန်တိုင်းတိုက်ခတ်မှု ၁၅ နှစ်ပြည့်အဖြစ် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

သတင်းစာများ - ၁၂၆၆ ခု

Myanmar


ထုတ်ဝေသူ: ms/ May 12, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 2

ဘာသာစကား: english

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 25, 2022

ထုတ်ဝေသည့်နေ့ : 2022

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2022

ထုတ်ဝေသည့်နေ့ : 2022

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2022

ထုတ်ဝေသည့်နေ့ : 2022

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2022

ထုတ်ဝေသည့်နေ့ : 2022

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2022

ထုတ်ဝေသည့်နေ့ : 2022

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2022

ထုတ်ဝေသည့်နေ့ : 2022

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2022

ထုတ်ဝေသည့်နေ့ : 2022

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2022

ထုတ်ဝေသည့်နေ့ : 2022

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2022

ထုတ်ဝေသည့်နေ့ : 2022

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download