အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန
Ministry of Social Welfare, Relief & Resettlement / July 24, 2022
အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Centre)
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအောက်ရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟို ဌာန (Emergency Operation Centre) သည် ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ သတင်း အချက်အလက်များကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တရားဝင် ထုတ်ပြန် ချက်များနှင့် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာ အေဂျင်စီများမှ ထုတ်ပြန်ချက်များအပေါ် စောင့်ကြည့်လေ့လာဆန်းစစ်ပြီး သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်နိုင်မှုအခြေအနေများနှင့် ထိခိုက်နိုင်ခြေများကိုမှန်းဆ၍ အဆုံးအဖြတ် ချမှတ်နိုင်သူများအနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အထောက်အကူဖြစ်စေရန် နည်းပညာ ပိုင်းဆိုင်ရာ အထောက်အကူပေးလျက်ရှိပါသည်။
လုပ်ငန်းတာဝန်များ
ပုံမှန်အခြေအနေတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ရန်၊
- မိုးလေဝသဆိုင်ရာ ထူးခြားသောသတင်းအချက်အလက်များ၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေ ရှိသော သတင်းအချက်အလက်များအား အထက်အကြီးအကဲများသို့ ချက်ချင်းတင်ပြ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အမြန်ဆုံးသတင်းပေးပို့ ဖြန့်ဝေနိုင်ရန်၊
- သဘာဝဘေးအန္တရာယ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်၊
အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
- သတင်းအချက်အလက်များ အမြန်ဆုံးစုဆောင်း၍ ခွဲခြမ်းစိတ်ဖြာသုံးသပ်ကာ ဆုံးဖြတ်ချက် ချမှတ်သူအတွက် လိုအပ်သော ထောက်ပံ့မှုပြုနိုင်ရန်၊
- အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်မှုအတွက် လိုအပ်သော လူအင်အား၊ ပစ္စည်း အင်အား သတ်မှတ်ဆုံးဖြတ်ပေးရန်၊
အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် ပါ၀င်သောဌာနခွဲများ
- ဂြိုဟ်တုမှ ပုံရိပ်ဖမ်းယူ စူးစမ်းလေ့လာမှုဌာနခွဲ
- ဘေးအန္တရာယ်ဆန်းစစ်အကဲဖြတ်ခြင်းနှင့် အရေးပေါ်တုံ့ပြန်မှုဌာနခွဲ
- ဆက်သွယ်ညှိနှိုင်းရေးဌာနခွဲ
- မှတ်တမ်းထိန်းသိမ်းရေးဌာနခွဲ
FAQs
MOU လက်မှတ်ရေးထိုး၍ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု
Ministry of Social Welfare, Relief & Resettlement / July 24, 2022
သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများဆောင်ရွက်ခြင်း
Ministry of Social Welfare, Relief & Resettlement / July 21, 2022