ဆိုက်ရောက်ဗီဇာ လျှောက်ထားခြင်း


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / April 20, 2018

၀န်ဆောင်မှုအကြောင်းအရာ

အပြည်ပြည်ဆိုင်ရာလေဆိပ် (၃) ခုသို့ ဆိုက်ရောက်ချိန်တွင် သတ်မှတ် အထောက်အထားများ တင်ပြ၍ ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်ပါသည်။

ခွင့်ပြုသည့်လေဆိပ်များ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon International Airport)

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (Mandalay International Airport)

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (Nay Pyi Taw International Airport)

ဗီဇာအမျိုးအစားများ

ဗီဇာအမျိုးအစားများ

နေခွင့်

ဗီဇာကြေး

လုပ်ငန်းဗီဇာ (Business Visa)

၇၀ ရက်

အမေရိကန်ဒေါ်လာ ၅၀

အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ

(Workshop/ Seminar/ Meeting/ Research Visa)

၂၈ ရက်

အမေရိကန်ဒေါ်လာ ၄၀

ဖြတ်သန်းဗီဇာ (Transit Visa)

၂၄ နာရီ

အမေရိကန်ဒေါ်လာ ၂၀

ယာဉ်အမှုထမ်းဗီဇာ (Crew Visa)

၂၈ ရက်

အမေရိကန်ဒေါ်လာ ၄၀

ခွင့်ပြုနိုင်ငံများ

 

ဆိုက်ရောက်ဗီဇာ ခွင့်ပြုသည့် နိုင်ငံစာရင်းအား http://www.mip.gov.mm/on-arrival-visa/ တွင် ကြည့်ရှုနိုင်ပါသည်။

 

ဆိုက်ရောက်ဗီဇာ ရယူရန် အခြေခံလိုအပ်ချက်များ

http://www.mip.gov.mm/on-arrival-visa/ တွင် ကြည့်ရှုနိုင်ပါသည်။

 

ဝန်ဆောင်ခ

အထက်တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပါသည်။

 

ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာ

ဆိုက်ရောက်ဗီဇာ (Visa On Arrival) လျှောက်လွှာပုံစံကို လေကြောင်းလိုင်းများတွင် လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ) ၏ Website ဖြစ်သော http://www.mip.gov.mm/on-arrival-visa/ တွင်လည်းကောင်း ထုတ်ယူ၍ ရန်ကုန်၊ မန္တလေး နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဆိုက်ရောက်ဗီဇာကောင်တာတွင်  တင်ပြ လျှောက်ထားနိုင်သည်။

 

Website လိပ်စာ

http://www.mip.gov.mm/on-arrival-visa/

လျှောက်လွှာပုံစံ ရယူရန်

http://www.mip.gov.mm/လျှောက်လွှာ​ပုံစံ​များ-2/