ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို လျှောက်ထားခြင်း
-
ကဏ္ဍများ
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
အပြည်ပြည်ဆိုင်ရာပင်မဝင်ပေါက်ထွက်ပေါက်လုပ်ငန်းလျှောက်ထားခြင်း(DMH)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / June 28, 2022
ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို လျှောက်ထားခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / June 23, 2022
ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို လျှောက်ထားခြင်း
လျှောက်ထားလိုသူများသည် အောက်ပါစာရွက်စာတမ်းများနှင့်အတူ “ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်” သို့ လိပ်မူ၍ပေးပို့လျှောက်ထားနိုင်ပါသည်။
၁- ကွန်ရက်အထောက် အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး ( Individual )
၂- ကွန်ရက်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိသူများ လျှောက်ထားရာတွင် တင်ပြရမည့် အချက်အလက်များ
(၁) လိုင်စင်ရရှိသူမှ ခန့်အပ်ထားသော တာဝန်ရှိသူကိုယ်စားလှယ်၏အမည်နှင့် ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ ၊ ကိုယ်စားလှယ် လျှောက်ထားခြင်းဖြစ်ပါက လိုင်စင်ရရှိသူ၏ လက်မှတ်နှင့် ရက်စွဲပါရှိသော ကိုယ်စားလှယ်လွှဲစာ ၊
(၂) သက်ဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၏အသေးစိတ်အချက်အလက်များ၊
(၃) လျှောက်ထားချက်နှင့် သက်ဆိုင်သည့်အသုံးပြုနေဆဲဖြစ်သော ဆက်သွယ်ရေးနံပါတ် အတွဲများ သို့မဟုတ် နံပါတ်အပိုင်းအခြားအသေးစိတ်၊
(၄) ဦးစားပေးရွေးချယ်လိုသည့် နံပါတ်သင်္ကေတ ၊ ဆက်သွယ်ရေးနံပါတ်အတွဲ ၊ ဖြစ်နိုင်လျှင် ဒုတိယနှင့်တတိယဦးစားပေးနံပါတ်သင်္ကေတနှင့် ဆက်သွယ်ရေးနံပါတ်အတွဲ၊
(၅) ဆက်သွယ်ရေးနံပါတ်အတွဲ သို့မဟုတ် နံပါတ်အပိုင်းအခြားကိုအသုံးပြု၍ ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား၏ အသေးစိတ်အချက်အလက်များနှင့် ယင်းဝန်ဆောင်မှုလုပ်ငန်းအတွက် အဆိုပြုဝန်ဆောင်ခနှုန်းထား ၊
(၆) လိုင်စင်ရရှိသူသို့ ယခင်ခွဲဝေသတ်မှတ်ပေးထားသည့် အလားတူဆက်သွယ်ရေးနံပါတ်များအား အသုံးပြုမှုနှင့် ကာလတစ်ခုအတွင်း မျှော်မှန်းထားသည့် အသုံးပြုမှုခန့်မှန်းချက်၊
(၇) လိုင်စင်ရရှိသူအသုံးပြုမည့်နည်းပညာနှင့် လုပ်ငန်းဆောင်ရွက်မှုစနစ်တည်ဆောက်ပုံအကျဉ်းချုပ် ။