နယ်စပ်ရေးရာဝန်ကြီးဌာနက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်၍ အလုပ် အကိုင်အခွင့်အလမ်းဖန်တီးပေး
နယ်စပ်ရေးရာဝန်ကြီးဌာနက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်၍ အလုပ် အကိုင်အခွင့်အလမ်းဖန်တီးပေး
နယ်စပ်ရေးရာဝန်ကြီးဌာန / September 26, 2018
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပုသိမ်နှင့် ပခုက္ကူ) တို့တွင် ဟိုတယ်ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်ပေးလျက်ပြီး စိတ်ပါဝင်စားသူများ လျှောက်ထား တက်ရောက်နိုင်သည်။
သင်တန်းအမည် - ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ
သင်တန်းနေရာမျာ - (က) အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ
သင်တန်းကျောင်း၊ ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး
ဖုန်း - ၀၉-၄၀၀၃၀၁၈၉၇
(ခ) အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ
သင်တန်းကျောင်း၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး
ဖုန်း - ၀၉-၄၂၈၁၅၃၅၄၇
ဝန်ဆောင်ခ - အခမဲ့
သင်တန်းကာလ - စာတွေ့ (၃) လနှင့် လက်တွေ့ (၃) လ၊ စုစုပေါင်း (၆) လ
သင်ကြားပေးသည့်ပညာရပ်များ -
(က) ဧည့်ကြိုဝန်ဆောင်မှု၊
(ခ) အိပ်ခန်းဆောင်ဝန်ဆောင်မှု၊
(ဂ) အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှု။
အလုပ်အကိုင်အခွင့်အလမ်း - နယ်စပ်ရေးရာဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် Luxembourg Agency For Development Cooperation၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း (MHPA)၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။
သင်တန်းများ၌ ထူးချွန်သည့် သင်တန်းသူများကို နိုင်ငံခြား ဟိုတယ်ဝန်ဆောင်မှု သင်တန်းများသို့ ဆက်လက်စေလွှတ် သင်ယူစေမည်ဖြစ်ပါကြောင်းနှင့် သင်တန်းဆင်းများကိုလည်း NSSA (National Skills Standards Authority) Level 1 တက်ရောက်နိုင်ရန်နှင့် ASEAN အဆင့်မီသည့် အောင် လက်မှတ်ပေးအပ်ပြီး လုပ်ငန်းခွင်သို့ တစ်ပါတည်း ခန့်အပ်ပေး နိုင်ရေး ဆောင်ရွက်ပေးပါသည်။