နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်းများကို ဆုချီးမြှင့်မည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်းများကို ဆုချီးမြှင့်မည်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 16, 2023
နေပြည်တော် မေ ၁၅
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ အားကစားအဖွဲ့များလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသား ဘောလုံးအသင်း တတိယဆုရရှိပါက အမေရိကန်ဒေါ်လာ ၅၀၀၀၀ ချီးမြှင့် ပေးအပ်သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးဘောလုံးအသင်းကိုလည်း ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့်အတွက် ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ပထမဆုရရှိပါက နိုင်ငံတော်မှ ဒေါ်လာ ၅၀၀၀၀ ထပ်မံချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာအမျိုးသား ဘောလုံးအသင်းသည် ဆီမီးဖိုင်နယ်ပွဲတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် သုံးဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မေ ၁၆ ရက်တွင် တတိယနေရာလုပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် မြန်မာအသင်းယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ထိုင်းအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့်လည်းကောင်း၊ လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းက အိမ်ရှင်ကမ္ဘောဒီးယားအသင်းကို လေးဂိုး - ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အံ့ဖွယ်စွမ်းဆောင်မှုနှင့်အတူ နှစ်ဂိုးအရှုံးမှ လေးဂိုးပြန်သွင်းကာ ထိုင်းအသင်းကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် တတိယဗိုလ်လုပွဲအဖြစ် ထိုင်းအသင်းနှင့်ကမ္ဘောဒီးယားအသင်း၊ ဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၁၂၆၆ ခု
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 25, 2022
ထုတ်ဝေသည့်နေ့ : 2022
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2022
ထုတ်ဝေသည့်နေ့ : 2022
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2022
ထုတ်ဝေသည့်နေ့ : 2022
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2022
ထုတ်ဝေသည့်နေ့ : 2022
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2022
ထုတ်ဝေသည့်နေ့ : 2022
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2022
ထုတ်ဝေသည့်နေ့ : 2022
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2022
ထုတ်ဝေသည့်နေ့ : 2022
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2022
ထုတ်ဝေသည့်နေ့ : 2022
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download