လင်းခေးတွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် သောင်းကျန်းသူများ၊ သာသနာဖျက်မိစ္ဆာများအား ရှုတ်ချကန့်ကွက်ဆန္ဒဖော်ထုတ်သည့်အခမ်းအနား ကျင်းပ


GPMS ဝန်ကြီးဌာန/ Naypyidaw / January 17, 2024


ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ သာသနာဖျက်မိစ္ဆာများအား ရှုတ်ချကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်ပြည်ငြိမ်းအေးအားကစားကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါပွဲအား မြို့နယ်အတွင်းရှိ ပြည်သူလူထုစုပေါင်းအင်အား (၈၂၀) ဦးတို့ဖြင့် မြို့နယ်နွယ်ဝတီခန်းမရှေ့မှ စတင်ကာ မြို့တွင်းလမ်းအတိုင်း ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အားကစားကွင်းတွင် သံဃာတော်များ ပရိတ်တရားရွတ်ခြင်း၊ ပြည်သူတစ်ဦးက အဆိုပါရှုတ်ချကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ရခြင်းများနှင့် ပတ်သက်၍ ဟောပြောခဲ့သည်။

ယင်းနောက်တက်ရောက်လာကြသူအားလုံးက ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ယုံကြည်ကြသည့် ဘုရား၊ စေတီ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးသူ ဒို့ရန်သူ၊ ဗုဒ္ဓဘာသာကို အကြမ်းဖက် ဖျက်ဆီးနေသော လူသတ်မိစ္ဆာသူပုန်များအား ရှင်းလင်းရေး ဒို့အရေး၊ ဘုရား၊ စေတီ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများ ကျဆုံးပါစေစသည့် ကြွေးကြော်သံများနှင့်အတူ နိုင်ငံတော်အလံ၊ သာသနာအလံများ ကိုင်ဆောင်လျက် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

လင်းခေးသား

သတင်းစာများ

Myanmar


ထုတ်ဝေသူ: ms/ May 12, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 2

ဘာသာစကား: english

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 25, 2022

ထုတ်ဝေသည့်နေ့ : 2022

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2022

ထုတ်ဝေသည့်နေ့ : 2022

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

New Announcement Test

လွှတ်တော်များ / Posted on November 01, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 06, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 05, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

ဗီဒီယိုများ

နေပြည်တော်ရေ ဖြန့်ဝေခြင်း

နေပြည်တော်ရေ ဖြန့်ဝေခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on June 24, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ ထားဝယ်ခရိုင်အတွင်းရှိ ဝန်ကြီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံခြင်း၊ ထားဝယ်မူလတန်းကြိုကျောင်းအားစစ်ဆေးခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်သောအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းနှင့် ထားဝယ်မြို့ဘိုးဘွားရိပ်သာသို့ သွားရောက်တွေ့ဆုံထောက်ပံ့ခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါလျက် (၇-၅-၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ ဃောသိတာရမပါဌိ တက္ကသိုလ်ကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ပဓာနဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္ဓပညာသာမိအား ဖူးမျှော်ကြည်ညိုကာ ဩဝါဒများခံယူခဲ့ကြပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / Posted on June 20, 2022