ဆန်းမြတ်ထွန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော နေပြည်တော်ရေပန်းဥယျာဉ် ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်


နေပြည်တော်စည်ပင်သာယာရေးကော်မတီ/ နေပြည်တော် / March 25, 2021


၁။------- ဆန်းမြတ်ထွန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော နေပြည်တော်ရေပန်းဥယျာဉ် အား COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့တွင် စတင်၍ ခေတ္တပိတ်ထား ခဲ့ရာမှ ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ပါသည်။

၂။------- ရေပန်းဥယျာဉ်အတွင်းသို့ လာရောက်အနားယူအပန်းဖြေလိုသည့် အများပြည်သူတို့အနေဖြင့် COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လာရောက်လည်ပတ် အနားယူနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန