၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်ပိုစတာ “စိတ်ချယုံကြည် တွဲလက်ညီ (Together for Trust)”

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်ပိုစတာ “စိတ်ချယုံကြည် တွဲလက်ညီ (Together for Trust)”


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ Naypyitaw / January 10, 2024


ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU) သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ကို့ ဂုဏ်ပြုသည့်အနေဖြင့် “ စိတ်ချယုံကြည် တွဲလက်ညီ (Together for Trust) ” ခေါင်းစဉ်ဖြင့် ပိုစတာကို ထုတ်ပြန်ခဲ့ပါသည်။

 ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU) မှ ထုတ်ပြန်သော ပိုစတာဒီဇိုင်းတွင် စာပို့တိုက်ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် ကမ္ဘာ့လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် လုပ်ဆောင် ပေးနေသည့် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကိုယ်စားပြုသည့် လက် နှစ်ချောင်းကို အပြန်အလှန် လက်တွဲနှုတ်ဆက်နေသည့်ဟန် ပုံဖော်ထားပြီး နောက်ခံအရောင် ဖြစ်သည့် ခရမ်းရောင်သည် တီထွင်ဖန်တီးနိုင်မှု၊ ဉာဏ်ပညာနှင့် စည်းလုံးညီညွှတ်မှု တို့ကို ကိုယ်စားပြုပါသည်။ ထို့အပြင် pixel တစ်ခုစီသည် ကမ္ဘာတစ်ဝှမ်းရှိ များစွာသော စာတိုက် ရုံးများကို ကိုယ်စားပြု၍ ကမ္ဘာ့စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို  ကိုယ်စားပြု ပုံဖော်ထားခြင်းဖြစ်ပါသည်။

ပိုစတာကို အနီးကပ်ကြည့်ရှုသည့်အခါ pixel တစ်ခုစီသည် ကမ္ဘာ့စာပို့တိုက်ဝန်ဆောင်မှု လုပ်ငန်းများရှိ စာတိုက်ရုံးတစ်ခုစီ၏ အရေးကြီးသော ပံ့ပိုးကူညီမှုများအတွက် သက်သေခံ ချက် တစ်ခုအဖြစ်လည်းကောင်း အ‌ဝေးမှကြည့်ရှု့ပါက  pixel များသည် ပိုမိုကြီးမားသော ပုံသို့ ပေါင်းစည်းသွား၍ အတူတကွ လုပ်ဆောင်ခြင်း၏ အရေးပါမှုကိုလည်းကောင်း တွေ့မြင် နိုင်ပါသည်။

ထို့အပြင် နောက်ခံစာသားအနေဖြင့် Collaborating for a safe and connected future  ( လုံခြုံ ချိတ်ဆက် အနာဂတ်အတွက် ပူးပေါင်းလက်တွဲ ဖော်ဆောင်ရွက် )ကို ထည့်သွင်း၍ စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများသည် သုံးစွဲသူများ အဆင်ပြေလွယ်ကူချောမွေ့စေရန် စာပို့တိုက်ကွန်ယက်များ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွှတ်မှုကို အခြေခံကာ အချင်းချင်း အပြန်အလှန် ချိတ်ဆက်မှုများပြုလုပ်ခြင်းဖြင့် ယုံကြည်မှုကို အခြေခံသည့် တိုးတက်မှုများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ပုံဖော်ထားခြင်းဖြစ်ပါသည်။


Myanmar


Posted on May 12, 2023

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 25, 2022

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on May 24, 2022

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။


Posted on May 23, 2022

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on May 22, 2022

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။


Posted on May 21, 2022
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

New Announcement Test

Posted on Nov 1, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Posted on Jul 6, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Posted on Jul 5, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း