ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများအတွက် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း
ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများအတွက် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း
စက်မှုဝန်ကြီးဌာန / April 10, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
- ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းတွင် အသုံး ပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင် လက်မှတ်လျှောက်ထားရမည်ဖြစ်သည်။
- နည်းဥပဒေ(၂၅)အရ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ မှတ်ပုံ တင်လျှောက်လွှာပုံစံ (၇)
- လုပ်ငန်းလိုင်စင်မူရင်းနှင့် မိတ္တူ
- အသုံးပြုရန် အဆိုပြုတင်ပြသည့် ကုန်အမှတ်တံဆိပ် (အညွှန်းစာ-၃စုံ) (မြန်မာဘာသာပြန်ဆိုချက်ဖြင့်)
- ပညာရပ်ဆိုင်ရာ အရည်အချင်းနှင့် အတွေ့အကြုံများအတွက် ထောက်ခံချက်မိတ္တူများ
- စက်ရုံ မှတ်ပုံတင်ရရှိပြီးကြောင်း အထောက်အထားအတွက် မူရင်းနှင့် မိတ္တူ
- အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာ (Material Safety Data Sheet-MSDS)
ဝန်ဆောင်ခ
(၁) မှတ်ပုံတင်ခ
စဉ် ဓာတုပစ္စည်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ မျိုး မှ ၁၀မျိုးထိ ၅၀၀၀၀ ၂ နှစ်
(ခ) ၁၁မျိုး မှ ၂၀မျိုးထိ ၁၀၀၀၀၀ ၂ နှစ်
(ဂ) ၂၁မျိုး နှင့် အထက် ၁၅၀၀၀၀ ၂ နှစ်
(၂) မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခ
စဉ် ဓာတုပစ္စည်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ မျိုး မှ ၁၀မျိုးထိ ၃၀၀၀၀ ၂ နှစ်
(ခ) ၁၁မျိုး မှ ၂၀မျိုးထိ ၆၀၀၀၀ ၂ နှစ်
(ဂ) ၂၁မျိုး နှင့် အထက် ၉၀၀၀၀ ၂ နှစ်
လိုအပ်သောစာရွက် စာတမ်းများ
- ကုမ္ပဏီ Letter Head ဖြင့် ကုမ္ပဏီ၏ Managing Director သို့မဟုတ် Director အဖွဲ့ဝင် တစ်ဦးဦးမှ လက်မှတ်ရေးထိုးလျှောက် ထားသည့် လျှောက်လွှာ
- ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးနည်းဥပဒေများ (၂၆)ပါ အချက်အလက်များ
- Certificate of Analysis (COA)
လျှောက်ထားရန်အဆင့်များ
အဆင့် ၁
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအတွက် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း
ကုမ္ပဏီ Letter Head ဖြင့်လျှောက်ထားစာ၊ မှတ်ပုံတင်လျှောက် လွှာပုံစံ(၇)နှင့် လိုအပ်သောစာရွက်စာတမ်းများပြည့်စုံလျှင် မူရင်း (၁)စုံ၊ မိတ္တူ(၁)စုံဖြင့် လျှောက်ထားရန်လိုအပ်ပါသည်။
အဆင့် ၂
မှတ်ပုံတင်ခပေးသွင်းခြင်း
မှတ်ပုံတင်ထုတ်ပေးရန် ဥက္ကဋ္ဌထံမှ အတည်ပြုချက်ရရှိပါက မှတ်ပုံတင် လျှောက်ထားသူထံ မှတ်ပုံတင်ခပေးသွင်းရန် အကြောင်းကြားခြင်းခံရလျှင် မှတ်ပုံတင်လျှောက်ထားသူသည် မှတ်ပုံတင်ခအား သက်ဆိုင်ရာငွေစာရင်း ခေါင်းစဉ် (စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၊ MD-012564၊ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်)သို့ ပေးသွင်းရမည်ဖြစ်သည်။
အဆင့် ၃
မှတ်ပုံတင်လက်မှတ်လာရောက်ထုတ်ယူခြင်း
မှတ်ပုံတင်လက်မှတ်လာရောက်ထုတ်ယူရာတွင် သက်ဆိုင်ရာ လုပ်ငန်းရှင် ကိုယ်တိုင် မှတ်ပုံတင်မူရင်း၊ မိတ္တူ(၁)စုံနှင့်သော်လည်းကောင်း၊ ကိုယ်စား လှယ်ဖြင့်ထုတ်ယူမည်ဆိုပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ မှတ်ပုံတင်မူရင်း၊ မိတ္တူ(၁)စုံ ယူဆောင်လာရမည်။
ဆက်သွယ်ရမည့်လိပ်စာ
နေပြည်တော်
ဥက္ကဋ္ဌ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှတားဆီး ကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့။
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။
ဖုန်း-၀၆၇၃-၄၀၅၃၃၆၊ Fax: ၀၆၇-၄၀၅၀၅၂
e-mail : myanmarchemical@gmail.com
ဝန်ဆောင်မှုရရှိနိုင် မည့်တည်နေရာများ
နေပြည်တော်
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။
ဖုန်း-၀၆၇၃-၄၀၅၃၃၆၊ Fax: ၀၆၇-၄၀၅၀၅၂
e-mail : myanmarchemical @gmail.com