ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံတွင်းမှတစ်ဆင့်ဖြတ်သန်းကုန်သွယ်ခွင့်အတွက် ထောက်ခံချက်လျှောက်ထားခြင်း


စက်မှုဝန်ကြီးဌာန / September 25, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

  • ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနိုင်ငံတွင်းမှတစ်ဆင့်ဖြတ် သန်းကုန်သွယ်ခွင့်အတွက် ထောက်ခံချက်လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ "ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများနိုင်ငံတွင်းမှ တစ်ဆင့်ဖြတ်သန်းကုန်သွယ် ခွင့်အတွက် ထောက်ခံချက် လျှောက်ထားခြင်း" ပုံစံ (၁၃) ကို ဖြည့်သွင်းပြီး လျှောက်ထားရန် လိုအပ်သည်။
  • အရောင်းအဝယ်စာချုပ် (Sale Contract) မိတ္တူ
  • အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာ (Material Safety Data Sheet -MSDS)

 

ဝန်ဆောင်ခ

  • ထောက်ခံချက်အတွက် ဝန်ဆောင်ခ မရှိပါ။

 

လိုအပ်သောစာရွက်စာတမ်းများ

  • ကုမ္ပဏီ Letter Head ဖြင့် ကုမ္ပဏီ၏ Managing Director သို့မဟုတ် Director အဖွဲ့ဝင် တစ်ဦးဦးမှ လက်မှတ်ရေးထိုး လျှောက်ထားသည့် လျှောက်လွှာ ( နိုင်ငံသား စစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံခြားသား မှတ်ပုံတင် မိတ္တူပူးတွဲ)
  • Form VI ၊ Form XXVI အပါအဝင် ကုမ္ပဏီမှတ်ပုံတင်တွဲမိတ္တူ

 

လျှောက်ထားရန်အဆင့်များ

အဆင့် ၁ - ထောက်ခံချက်လျှောက်လွှာလက်ခံစိစစ်ခြင်း

ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၂ အရ လျှောက် ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၁၃)အား ပြည့်စုံမှန် ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်း များ ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ် ချက်များနှင့် မညီညွတ်ခြင်း(သို့)အခြားအချက်အလက်များ လိုအပ် ပါက လျှောက်ထားသူအား အကြောင်းကြား ဆောင်ရွက်မည် ဖြစ်သည်။

အဆင့် ၂ - ထောက်ခံချက် လျှောက်လွှာနှင့် လိုအပ်သော စာရွက်စာတမ်းများအား ထပ်မံစိစစ်ခြင်း

အဆင့် ၃ - ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေး မှူးတို့မှ ထောက်ခံချက်တွင် လက်မှတ် ရေးထိုးခြင်း

အဆင့် ၄ - ထောက်ခံချက်မှတ်ပုံတင်ခြင်းနှင့် ထောက်ခံ ချက်ထုတ်ပေးခြင်း

ထောက်ခံချက်၏ သက်တမ်းမှာ (၆)လ ဖြစ်ပါသည်။

လျှောက်ထားသူကိုယ်တိုင် ထောက်ခံချက်လာရောက် ထုတ်ယူ ခြင်းမရှိလျှင် ကိုယ်စားလှယ်သည် ကိုယ်စားလှယ်လွှဲစာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင် မူရင်း၊ မိတ္တူ တစ်စုံနှင့်အတူ ယူဆောင်လာရပါမည်။

 

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

ဥက္ကဋ္ဌ

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ် ရေးဗဟိုကြီးကြပ်ရေးအဖွဲ့။

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။

ဖုန်း-၀၆၇-၄၀၅၃၂၄၊ Fax: ၀၆၇-၄၀၅၀၅၂

e-mail          :         myanmarchemical@gmail.com

 

ဝန်ဆောင်မှုရနိုင်မည့်နေရာ

နေပြည်တော်

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။

ဖုန်း-၀၆၇-၄၀၅၃၂၄၊ Fax: ၀၆၇-၄၀၅၀၅၂

e-mail          :         myanmarchemical@gmail.com

Website

www.industry.gov.mm



မေးလေ့ရှိသောမေးခွန်းများ

ဝန်ဆောင်မှု (အွန်လိုင်း) - ၁ ခု ဆက်လက်ကြည့်ရှုရန်

test online services

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန / June 20, 2022

Rating