အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန
အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / July 24, 2022
လုပ်ငန်းတာဝန်များ
ပုံမှန်အခြေအနေတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ရန်၊
- မိုးလေဝသဆိုင်ရာ ထူးခြားသောသတင်းအချက်အလက်များ၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေ ရှိသော သတင်းအချက်အလက်များအား အထက်အကြီးအကဲများသို့ ချက်ချင်းတင်ပြ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အမြန်ဆုံးသတင်းပေးပို့ ဖြန့်ဝေနိုင်ရန်၊
- သဘာဝဘေးအန္တရာယ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်၊
အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
- သတင်းအချက်အလက်များ အမြန်ဆုံးစုဆောင်း၍ ခွဲခြမ်းစိတ်ဖြာသုံးသပ်ကာ ဆုံးဖြတ်ချက် ချမှတ်သူအတွက် လိုအပ်သော ထောက်ပံ့မှုပြုနိုင်ရန်၊
- အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်မှုအတွက် လိုအပ်သော လူအင်အား၊ ပစ္စည်း အင်အား သတ်မှတ်ဆုံးဖြတ်ပေးရန်၊
အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် ပါ၀င်သောဌာနခွဲများ
- ဂြိုဟ်တုမှ ပုံရိပ်ဖမ်းယူ စူးစမ်းလေ့လာမှုဌာနခွဲ
- ဘေးအန္တရာယ်ဆန်းစစ်အကဲဖြတ်ခြင်းနှင့် အရေးပေါ်တုံ့ပြန်မှုဌာနခွဲ
- ဆက်သွယ်ညှိနှိုင်းရေးဌာနခွဲ
- မှတ်တမ်းထိန်းသိမ်းရေးဌာနခွဲ