ကျွန်းစိုက်ခင်း
ကျွန်းစိုက်ခင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန / July 11, 2022
ပုဂ္ဂလိကျွန်းစိုက်ခင်း
နိုင်ငံစီးပွားရေး၏ အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည့် ကျွန်းနှင့် သစ်မာ ပြုစုပျိုးထောင်ထုတ်လုပ်ခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ကျွန်းနှင့်သစ်မာမျိုးစုံစိုက်ခင်းများ စိုက်ပျိုးတည်ထောင် ထုတ်လုပ်ရောင်းချခွင့်ပြုလျက်ရှိပါသည်။
(က) မြန်မာနိုင်ငံအနေဖြင့် ကျွန်းသစ်ပေါက်ရောက်ရာ မူရင်းဒေသတစ်ခုအဖြစ် ဆက် လက်တည်မြဲစေပြီး အဆင့်မီသောကျွန်းတောဧရိယာများ တိုးပွားများပြားလာစေရန်၊
(ခ) နိုင်ငံတော်နှင့် အကျိုးတူရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ဆောင်ရွက်ပြီး ကျွန်းသစ်များ ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေရှာဖွေနိုင်ရန်၊
(ဂ) သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်များ ရရှိပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊
(ဃ) မြန်မာ့တော်ဝင်ကျွန်းသစ်ကို နောင်သားစဉ်မြေးဆက်တိုင် မတိမ်ကော မပျောက်ပျက် အောင် ထိန်းသိမ်းထားရန်။
လိုအပ်သောစာရွက်စာတမ်းများ
လျှောက်လွှာ နှင့်အတူ အောက်ပါအချက်အလက်များ ပူးတွဲပါရှိရမည်။
အိမ်ထောင်စုဇယား
မှတ်ပုံတင်မိတ္တူ
ဝန်ဆောင်ခ
မြေငှါးရမ်းခမှာ တစ်ဧက ကျပ် xxxx ဖြစ်ပါသည်။
လျှောက်လွှာပုံစံကို Download ရယူရန်။
လျှောက်ထားရမည့် လိပ်စာ
ညွှန်ကြားရေးမှူးချုပ်
သစ်တောဦးစီးဌာန
ရုံးအမှတ်(၃၉)၊ နေပြည်တော်။
Website www.forestdepartment.gov.mm