အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းပွဲအခမ်းနား ကျင်းပပြုလုပ် ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူသို့ပေးနေသော ဝန်ဆောင်မှုများ
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းပွဲအခမ်းနား ကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပဲခူးတိုင်းဒေသကြီး / September 18, 2018
အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းပွဲအခမ်းနား ကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ဦးဆောင်၍ စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ မြို့တောမခန်းမတွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းပွဲအခမ်းနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဝင်းသိန်းက မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုများသည် လူသားများ၏ကျန်းမာရေးနှင့် အေးချမ်းစွာနေထိုင်မှုကို ဆိုးရွားစွာခြိမ်းခြောက်လျှက်ရှိပြီး လူ့အဖွဲ့အစည်းများ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့်နိုင်ငံရေး အခြေခံအုတ်မြစ်များကို လှိုက်စားနေသည်ကိုတွေ့ရှိရကြောင်း၊ ဘာသာရေးအစွန်းရောက် အကြမ်းဖက်မှုများမှ လူထုအကြားဖြစ်ပွားလေ့ရှိသည့် မှုခင်းငယ်များအထိ လုံခြုံရေးနှင့်မှုခင်းဆိုင်ရာ တရားစီရင်ရေးစနစ်များမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသလို ပြည်သူ့ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံပြီး အေးချမ်းသာယာဝပြောသောလူမှုဝန်းကျင်ကိုပါ ထိခိုက်လာစေခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ထုတ်လုပ်မှုအပိုင်းတွင်လည်း သမာရိုးကျမူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးအသစ် ထုတ်လုပ်မှုများပါတွေ့ရှိလာရကြောင်း၊ ချမှတ်ခဲ့သည့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒနှင့်အညီ မူးယစ်းဆေးဝါးတားဆီးနှိမ်နင်းရေး၊ ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် မူးယစ်ဆေးစွဲရောဂါ၏ နောက်ဆက်တွဲရောဂါများလျှော့ချနိုင်ရေး၊ လူမှုဘဝမြင့်တင်ရေး စသည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများအလိုက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ထုတ်လုပ်မှုလျော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေးကဏ္ဍနှင့်ပတ်သက်ပြီး ရဲမှုးကြီးဇော်လင်းထွန်းနှင့် ဦးခမ်းအောင်တို့မှလည်းကောင်း၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ် လျှော့ချရေးကဏ္ဍနှင့်ပတ်သက်၍ ဒေါက်တာဇင်ကိုကိုလင်းနှင့် ဒေါက်တာဝင်းမာတို့မှလည်းကောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအား ရဲမှုးကြီးဇော်လင်းထွန်းမှလည်းကောင်း၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးကဏ္ဍအား ဒေါက်တာဂျော်ထက်ဒိုးမှလည်းကောင်း၊ လူ့အခွင့်အရေးပြဌာန်းချက်များနှင့်အညီဖြစ်စေရေးကဏ္ဍအား ဒေါက်တာမောင်မောင်လွင်မှလည်းကောင်း စသည့်အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒနှင့်ပတ်သက်၍ ကဏ္ဍများအား အသီးသီးရှင်းလင်းပြောကြားကြသည်။
ယင်းနောက် မူဝါဒနှင့်ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်အစီအမံများအား ရဲမှုးကြီးဇော်လင်းထွန်းက ရှင်းလင်းပြောကြားပြီး အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ပေါ်ထွက်လာရေးအတွက် ဆောင်ရွက်ချက်မှတ်တမ်းအား Video Clipဖြင့် ပြသကာ တက်ရောက်လာကြသူများက အထွေထွေကဏ္ဍဆိုင်ရာများ ဆွေးနွေးတင်ပြကြကြောင်း သိရသည်။
မြန်မာနိုင်ငံတော်အစိုးရသည် ၂၀၁၉ ခုနှစ်၌ မူးယစ်ဆေးဝါးကင်းစင်သော နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိရန် ရည်မှန်းချက်ထားပြီး လွန်ခဲ့သော(၁၈)နှစ်ကြာကာလမှ စတင်ကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး စီမံချက်တစ်ခုကို ချမှတ်ဆောင်ရွက်ခဲ့သည်။ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒတွင် အခန်း(၁)မှ(၄)အထိပါဝင်ပြီး ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ရေး၊ လူ့အခွင့်အရေးပြဌာန်းချက်များနှင့်အညီဖြစ်စေရေးစသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်သည် မြန်မာနိုင်ငွ၏မူးယစ်ဆေးဝါး ပြဿနာများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ စသည်ဖြင့်ကဏ္ဍပေါင်းစုံပါဝင်ပြီး ပြည့်စုံသော ချဉ်းကပ်မှုပုံစံတစ်ခုဖြင့် ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ဦးတည်ထားရှိသည်။ တရားဥပဒေစိုးမိုးရေးနှင့် ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ဆောင်ရွက်ချက်များသာမဟုတ်ဘဲ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်များ ပါဝင်ပြီး ဘိန်းစိုက်ပျိုးသူတောင်သူများအတွက် ရေရှည်တည်တံ့မည့် အစားထိုးဖွံ့ဖြိုးမှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကိုလည်း ထည့်သွင်းရေးဆွဲထားသည်။ အဆိုပါမူဝါဒသစ်တွင် အဓိကပြောင်းလဲမှုအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများ၏နောက်ဆက်တွဲပြဿနာများ လျှော့ချရေးကို ချဉ်းကပ်မှုတစ်ခုအဖြစ် ထည့်သွင်းထားပြီး မူးယစ်ဆေးဝါးကိစ္စရပ်များကိုကိုင်တွယ်ရာ၌ လူ့အခွင့်အရေးပြဌာန်းချက်များနှင့်အညီဖြစ်စေရေးကိုလည်း အခြားကဏ္ဍများအကြား ယင်းနှင့်သက်ဆိုင်သောအကြောင်းအရာတစ်ခုအဖြစ် အလေးထားဖော်ပြထားကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှုးနှင့် ဌာနဆိုင်ရာများ၊ မူးယစ်ဗဟိုအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆက်စပ်အဖွဲ့အစည်းများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
မျိုးခြံလုပ်ငန်း ၊ ဥဖောက်လုပ်ငန်း ၊ မွေးမြူရေးခြံလုပ်ငန်းမှတ်ပုံတင်လက်မှတ် ၊ PC(7) ထုတ်ပေးခြင်း
ချင်းပြည်နယ်အစိုးရအဖွဲ့ / October 05, 2021
စိုက်ပျိုး မွေးမြူ၊ ထုတ်လုပ်ရေး အမည်ပြောင်းလျှောက်ထားခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကျွဲနွား သယ်ဆောင်ခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကမ်းဝေးငါးဖမ်း/ငါးသယ်လိုင်စင်လျှောက်ထားခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
ပြည်ပတင်ပို့ငါးသယ်လိုင်စင်လျှောက်ထားခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် မွေးမြူမှုလိုင်စင် ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 18, 2018
ရေထွက်ပစ္စည်းရောင်းဝယ်စုဆောင်းခွင့်လိုင်စင်ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 18, 2018
ရေထွက်ပစ္စည်းများ Normal & Border Trade ဖြင့် တင်ပို့ခြင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 25, 2018
ကမ်းနီးငါးဖမ်း/ငါးသယ်ရေယာဉ်လိုင်စင်ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
MoH Union Minister holds coordination meeting on RDT use for international flight passengers, inspects preparations at Yangon International Airport
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 29, 2022
UNION Minister for Health Prof Dr Thet Khaing Win presided over a coordination meeting on plans to change into an RDT system for international flights on 27 April.
During the meeting, the Union minister said the infection rate of COVID-19 has declined in most regional countries, including Myanmar. Specific activities are also prioritized systematically to ease COVID-19 rules and regulations as the COVID-19 vaccine coverage becomes high.
The government also arranged to ensure the reopening of international flights and systematic COVID-19 health rules for the tourist and Myanmar citizen arrivals to develop the country’s global tourism industry.
He also talked about the declining positive cases among the passengers in commercial flights and relief flights, challenges in the resumption of commercial aviation, and the COVID19 Antigen Rapid Diagnostic Test (RDT) to save time and money for flight passengers.
Then, meeting attendees discussed proper services for passengers, plans to change into RDT (draft) and current challenges during the resumption of international flights, visas, health insurance, collection of Myanmar kyats for RDT test, preparations to avoid mass gatherings in RDT test section at the airport, taking swab samples, quality RDT test kits and other matters.
The Union minister instructed necessary things and concluded the meeting.
The Union minister and relevant officials inspected the preparations to conduct COVID-19 tests using RDT on the passengers of regular international flights at Yangon International Airport yesterday.
During the inspection tour, the Union minister instructed officials to systematically collect data from passengers, swab samples, the opening of more swab counters to avoid mass gathers while waiting for their test results, establish an exchange counter, welfare of airport staff and disease control activities when the results show positive.
The Ministry of Health allowed the international flights starting 17-4-2022 as per COVID-19 health rules under the COVID-19 Central Committee on Prevention, Control and Treatment and decided to use RDT at the Yangon International Airport soon to save the cost as the infection rate drops.
MNA
#TheGlobalNewLightOfMyanmar
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
မျိုးခြံလုပ်ငန်း ၊ ဥဖောက်လုပ်ငန်း ၊ မွေးမြူရေးခြံလုပ်ငန်းမှတ်ပုံတင်လက်မှတ် ၊ PC(7) ထုတ်ပေးခြင်း
ချင်းပြည်နယ်အစိုးရအဖွဲ့ / October 05, 2021
စိုက်ပျိုး မွေးမြူ၊ ထုတ်လုပ်ရေး အမည်ပြောင်းလျှောက်ထားခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကျွဲနွား သယ်ဆောင်ခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကမ်းဝေးငါးဖမ်း/ငါးသယ်လိုင်စင်လျှောက်ထားခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
ပြည်ပတင်ပို့ငါးသယ်လိုင်စင်လျှောက်ထားခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် မွေးမြူမှုလိုင်စင် ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 18, 2018
ရေထွက်ပစ္စည်းရောင်းဝယ်စုဆောင်းခွင့်လိုင်စင်ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 18, 2018
ရေထွက်ပစ္စည်းများ Normal & Border Trade ဖြင့် တင်ပို့ခြင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 25, 2018
ကမ်းနီးငါးဖမ်း/ငါးသယ်ရေယာဉ်လိုင်စင်ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement
မျိုးခြံလုပ်ငန်း ၊ ဥဖောက်လုပ်ငန်း ၊ မွေးမြူရေးခြံလုပ်ငန်းမှတ်ပုံတင်လက်မှတ် ၊ PC(7) ထုတ်ပေးခြင်း
ချင်းပြည်နယ်အစိုးရအဖွဲ့ / October 05, 2021
စိုက်ပျိုး မွေးမြူ၊ ထုတ်လုပ်ရေး အမည်ပြောင်းလျှောက်ထားခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကျွဲနွား သယ်ဆောင်ခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကမ်းဝေးငါးဖမ်း/ငါးသယ်လိုင်စင်လျှောက်ထားခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
ပြည်ပတင်ပို့ငါးသယ်လိုင်စင်လျှောက်ထားခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် မွေးမြူမှုလိုင်စင် ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 18, 2018
ရေထွက်ပစ္စည်းရောင်းဝယ်စုဆောင်းခွင့်လိုင်စင်ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 18, 2018
ရေထွက်ပစ္စည်းများ Normal & Border Trade ဖြင့် တင်ပို့ခြင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 25, 2018
ကမ်းနီးငါးဖမ်း/ငါးသယ်ရေယာဉ်လိုင်စင်ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နန်နင်း / September 13, 2018
နန်နင်း စက်တင်ဘာ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက်ပိုင်းတွင် နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသည့် (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီအဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ် H.E. Mr. Han Zheng နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အကြီးအကဲများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ နန်နင်းမြို့ မြန်မာ ကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြ သည်။
ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ် H.E. Mr. Han Zheng က အဖွင့်မိန့်ခွန်းပြောကြားသည်။
ယင်းနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အကြီးအကဲများက မိန့်ခွန်းများပြောကြားကြ သည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက မိန့်ခွန်းပြောကြားရာတွင် ပထမဦးစွာ မိမိနှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတက်ရောက်ရန် ဖိတ်ကြားမှုနှင့်နွေးထွေးသည့် ဧည့်ဝတ်ပျူငှာပြုမှုများတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများနှင့် (၁၅)ကြိမ်မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်သူများကို ကျေးဇူးတင်ရှိပါသည်ဟု ပြောကြားလိုပါကြောင်း။
တရုတ်နိုင်ငံအနေဖြင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို နှစ်စဉ်နန်နင်းမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း၊ နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ရှိသည့် ကုန်စည်ပြပွဲမှ သိသာထင်ရှားသည့် ရလဒ်ကောင်းများရရှိသည့်အတွက်လည်း ကျေနပ်အားရ ဖြစ်မိပါကြောင်း၊ ကုန်စည်ပြပွဲ အနေဖြင့် အာဆီယံ-တရုတ် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေးနှင့် ပြည်သူများအကြား ထိတွေ့ဆက်ဆံမှုတို့မှတစ်ဆင့် ပိုမိုခိုင်မာလာအောင် နည်းလမ်းများ ဖော်ဆောင်ပေးနိုင်သည့် အရေးပါသော နေရာတစ်ခုအဖြစ် ဆက်လက်ရပ်တည် သွားလိမ့်မည်ဟု ယုံကြည်ပါကြောင်း။
တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ကြီး၏ သက်တမ်းအရှည်ကြာဆုံး ဆွေးနွေးဖက်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်သည် အာဆီယံ-တရုတ် မဟာဗျူဟာမြောက် ဆွေးနွေးဖက် ဆက်ဆံရေး (၁၅)နှစ်ပြည့်မြောက်သည့် နှစ်ဖြစ်သည့်အတွက် မိမိတို့၏ မိတ်ဖက်ဆံရေးအတွက် ထူးခြားသည့်နှစ် တစ်နှစ်ဖြစ်ပါကြောင်း။
အာဆီယံပေါင်းစပ်ဆက်သွယ်မှု မဟာစီမံကိန်း (၂၀၂၅) နှင့် အာဆီယံ ပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုလုပ်ငန်း စီမံကိန်း(၃)ခု အကောင်အထည်ဖော်ဆောင်ရွက်မှုမှတစ်ဆင့် မိမိတို့ ၏ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းမှုနှင့် အာဆီယံပေါင်းစည်းရေး လုပ်ငန်း စဉ်များကို ဆက်လက်ပံ့ပိုးကူညီမှုများအတွက် တရုတ်နိုင်ငံကို ကျေးဇူး တင်ရှိပါ ကြောင်း။
တရုတ်နိုင်ငံသည် အာဆီယံ၏ နံပါတ်တစ် ကုန်သွယ်ဖက်နိုင်ငံအဖြစ် ၈ နှစ် တိုင်တိုင် ရပ်တည် လျက်ရှိနေပြီး အာဆီယံ-တရုတ် ကုန်သွယ်မှုပမာဏသည် ၂၀၁၇ ခုနှစ်တွင် အာဆီယံစုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ၁၇ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံ၏ တတိယအကြီးဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်အဖြစ် ရပ်တည်နေသည်ကို လည်း တွေ့ရှိရပါကြောင်း။
ယခုလိုကောင်းမွန်သည့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် နှစ်ဖက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ထရီလီယံနှင့် ရင်းနှီး မြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ ရှိရမည် ဆိုသည့် ရည်မှန်းချက်ပြည့်မီရန် အတွက် မိမိတို့အနေဖြင့် စုပေါင်းကြိုးပမ်းမှုများကို နှစ်ဆမြှင့်တင် သွားရမည်ဖြစ်ပါကြောင်း။
၂၀၁၈ ခုနှစ်ကို “အာဆီယံ-တရုတ် ဆန်းသစ်တီထွင်မှုနှစ်” အဖြစ် သတ်မှတ်ထားသည့်အတွက် (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်ဖြစ်သော “(၂၁)ရာစု ပင်လယ် ရေကြောင်း ပိုးလမ်းမကြီးအား ပူးတွဲတည်ဆောက်ခြင်း၊ ဆန်းသစ်တီထွင်မှုရှိသည့် တရုတ်-အာဆီယံ အသိုက်အဝန်းဆီသို့ ဦးတည်ခြင်း” သည် အထူးဆီလျော်မှုရှိပြီး အချိန်ကိုက် ဖြစ်သည် ဟု ဆိုရမည်ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် “အာဆီယံ-တရုတ် ဆန်းသစ်တီထွင်မှုနှစ်” သတ်မှတ်ချက်အောက်မှ ဆောင်ရွက် သွားမည့် စီမံချက်များနှင့် လှုပ်ရှားဆောင်ရွက်ချက်များကို ကြိုဆိုပါကြောင်း၊ ယခုနှစ် နိုဝင်ဘာ လတွင် ကျင်းပပြုလုပ်မည့် (၂၁)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေးတွင် “သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အာဆီယံ-တရုတ် ပူးတွဲကြေညာချက်” ထုတ်ပြန်သွားရန် တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို မိမိတို့အနေဖြင့် ကြိုဆိုထောက်ခံပါကြောင်း။
ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများဖြစ်ပေါ်နေသည့် ယနေ့အချိန်တွင် မိမိတို့အနေဖြင့် ပိုမိုတီထွင် ဆန်းသစ်ရန် လိုအပ်သည့် အပြင် မျှဝေမှုရှိသည့် စီးပွားရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ခေတ်မီ နည်းပညာ အသုံးပြုသည့် ကုန်သွယ်မှုနှင့် စတုတ္ထစက်မှုခေတ်ပြောင်း တော်လှန်ရေးတို့ကနေ ဖြစ်ပေါ်လာသည့် အခွင့်အရေးများကို အကျိုးရှိရှိ အသုံးချသွားရ မည်ဖြစ်ပါကြောင်း။
တစ်ချိန်တည်းတွင် အာဆီယံ-တရုတ် မဟာဗျူဟာမြောက်ဆက်ဆံရေးကို ပိုမို အရှိန်မြှင့်တင် သွားနိုင်ရန်အတွက် သိပ္ပံ၊ ဒစ်ဂျစ်တယ်နှင့် နည်းပညာတိုးတက်မှုများကြောင့် ဖြစ်ပေါ်လာမည့် နယ်ပယ်ကဏ္ဍသစ်များတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ရှာဖွေဖော်ထုတ်သွားရမည် ဖြစ်ပါ ကြောင်း။
နိုင်ငံများအကြားတွင် ရုပ်ပိုင်းဆိုင်ရာ ပေါင်းစပ်ဆက်သွယ်မှုများ တိုးတက်ကောင်းမွန်လာမည် ဆိုလျှင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ပြည်သူချင်း ဆက်သွယ် မှုနှင့် ချစ်ကြည်ရင်းနှီးမှုများလဲ ပိုမိုအားကောင်းလာမည်ဟု မိမိတို့အနေဖြင့် ယုံကြည်ထားပါ ကြောင်း။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်ရှည်လျားသည့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ “ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း” ၏ အရေးပါမှုကို အလေးထားပါ ကြောင်း၊ ထို့ကြောင့် ၂၀၁၇ ခုနှစ် မေလတွင် ပေကျင်းမြို့၌ ကျင်းပခဲ့သည့် “ရပ်ဝန်းနှင့် လမ်းကြောင်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ်”တွင် ပါဝင်တက်ရောက်ခဲ့ ပါကြောင်း။
အဆိုပါ ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း အောင်မြင်ရန်အတွက် ပြည်သူအချင်းချင်း ကောင်းမွန် သည့် ဆက်ဆံရေးရှိရန်နှင့် တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ရှိရန် အရေးကြီးသည်ဟု မြန်မာနိုင်ငံအနေဖြင့် ရှုမြင်ထားပါကြောင်း။
အာဆီယံ ပေါင်းစပ်ဆက်သွယ်မှုမဟာစီမံကိန်း (၂၀၂၅)ကို အကောင်အထည်ဖော်ရာတွင် ပံ့ပိုး ကူညီပေးသည့် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ပင်လယ်ရေကြောင်း ပိုးလမ်းမဘဏ်တို့အပါအဝင် တရုတ်အစိုးရ၏ ကူညီပံ့ပိုးပေးမှုများ နှင့်ဆန်းသစ်တီထွင်မှုရှိသည့် ဆောင်ရွက်လှုပ်ရှားမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း။
ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်းတွင် အရေးပါသည့် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သည့် (၂၁) ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမသည် ပါဝင်ဆောင်ရွက်မည့် နိုင်ငံများအကြား ပင်လယ် ရေကြောင်း ကုန်သွယ်မှုကွန်ရက်၊ ရုပ်ပိုင်းဆိုင်ရာ ပေါင်းစပ် ဆက်သွယ်မှု၊ ဆိပ်ကမ်း၊ သင်္ဘောနှင့် ကုန်စည်ပို့ဆောင်ခြင်း လွယ်ကူအဆင်ပြေစေမှု၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှုများ ရှိလာစေရန်အတွက် ကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဟု မိမိတို့မျှော်လင့်ပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ဘင်္ဂလားပင်လယ်အော် ကမ်းခြေ တွင်ရှိသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အပါအဝင် လက်ရှိ ဆောင်ရွက်နေသည့် အခြေခံ အဆောက်အအုံ စီမံချက်များ ပိုမိုတိုးတက်လာစေရန် အတွက်လည်း တရုတ်နိုင်ငံနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နေပါကြောင်း။
အခါအခွင့်သင့်ခိုက် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို ဆက်လက်ကူညီပံ့ပိုးပေးသည့် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပေါ် ကျေးဇူးတင်ရှိပါသည်ဟု ပြောကြားလိုပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံချင်းအနေဖြင့်ဖြစ်စေ၊ အာဆီယံ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မူဘောင် အောက်မှဖြစ်စေ တရုတ်နိုင်ငံနှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံမှု၊ နီးကပ်သည့်ပူးပေါင်း ဆောင်ရွက်မှုတို့ကို ဆက်လက် ထိန်းသိမ်း ထားရှိသွားမည်ဖြစ်ပါကြောင်း။
(၂၁)ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမနှင့် ဆန်းသစ်တီထွင်မှုရှိသည့် အာဆီယံ-တရုတ် အသိုက်အဝန်းတို့ကို ပူးတွဲ တည်ဆောက်သည့်နေရာတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွား နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အခြားအာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည့် မိမိတို့၏ခိုင်မြဲသည့် ကတိကဝတ် ကို ထပ်လောင်းပြောကြားရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အကြီးအကဲများက မိန့်ခွန်းများ ပြောကြားကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အကြီးအကဲ များက (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်တို့နှင့်အတူ (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်ပြသသည့် မြန်မာနိုင်ငံကိုယ်စားပြု ကုန်စည်ပြ ခန်းဆောင်နှင့် ယခုနှစ်အတွက် မြန်မာနိုင်ငံ၏ ဘားအံမြို့ကို နှစ်လိုဖွယ်ရာမြို့ (City of Charm) အဖြစ် ရွေးချယ်သတ်မှတ်၍ ဖွင့်လှစ်ပြသ ထားရှိသည့် မြန်မာအမျိုးသားပြခန်းဆောင်တို့ကို လှည့်လည် ကြည့်ရှုပြီး ၎င်းပြခန်းဆောင်တွင် ကုန်စည်ပြပွဲကာလအတွင်း ဖျော်ဖြေတင်ဆက်မည့် ကရင်ရိုးရာ အက ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် တရုတ်သတင်းဌာနများမှ မီဒီယာသမားများအား လိယွမ် အစိုးရဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံပြီး ၎င်းတို့မေးမြန်းသည့် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် အာဆီယံ-တရုတ် သတင်းအချက်အလက်ဗဟိုဌာန (China-ASEAN Information Harbor) သို့ သွားရောက်လေ့လာသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် နန်နင်းမြို့ အခြေစိုက် မြန်မာ ကောင်စစ်ဝန်ချုပ် ရုံးသို့ရောက်ရှိပြီး ကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ပညာတော် သင်ရောက်ရှိနေကြသော ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူသို့ပေးနေသော ဝန်ဆောင်မှုများ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / April 19, 2018
ဝန်ဆောင်မှုများ
၁။ ကျန်းမာရေးထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စားသောက်ဆိုင်များ၊ လုပ်ငန်းများ၊ တည်းခိုခန်းများ၊ ဘော်ဒါဆောင်များဖွင့်လှစ်ရန် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာန၏ ထောက်ခံချက်လက်မှတ် လိုအပ်ပါသည်။ ၎င်းလက်မှတ်ရရှိရန် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးများရှိ ကျန်းမာရေးတာဝန်ခံများထံ ဝန်ဆောင်ခ ပေးသွင်း၍ စစ်ဆေးပြီး ထောက်ခံချက်လက်မှတ် ရယူရမည်ဖြစ်ပါသည်။ ရရှိလာသော ဝန်ဆောင်ခများကို ကော်မတီသို့ ပေးသွင်းပါသည်။
၂။ ဓါတ်ခွဲစစ်ဆေးခြင်း
(က) ကျန်းမာရေးဌာနတွင် ရေအဏုဇီဝနှင့် ရေဓါတုဗေဒ ဓါတ်ခွဲစစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
ရေအဏုဇီဝ ဓါတ်ခွဲစစ်ဆေးလိုလျှင် ကျန်းမာရေးဌာန ရုံးချုပ်တွင် ပုံစံဖြည့်စွက်၍ စစ်ဆေးငွေ ၂ဝဝဝိ/(ကျပ်နှစ်ထောင်တိတိ) ပေးသွင်းရပါမည်။ ရေနမူနာယူရန်အတွက်ကျန်းမာရေးဌာန ဓါတ်ခွဲခန်းမှ ပိုးသတ်ထားသောပုလင်းကိုယူ၍ ရေဖြည့်ပြီးဓါတ်ခွဲခန်းသို့ နှစ်နာရီ အတွင်းပို့ပေးရမည် ဖြစ်ပါသည်။ နှစ်နာရီအတွင်းမပို့ပေးနိုင်ပါက ရေနမူနာ ပုလင်းကို ရေခဲဗူးတွင်ထည့်၍ ပေးပို့ရမည်ဖြစ်ပါသည်။ ဓါတ်ခွဲစစ်ဆေးမှုအဖြေကို (၃)ရက်အကြာတွင် ရရှိမည်ဖြစ်ပါသည်။
ရေဓါတုဗေဒ ဓါတ်ခွဲစစ်ဆေး လိုလျှင် ကျန်းမာရေးဌာန ရုံးချုပ်ရှိ ဓါတ်ခွဲခန်းမှ စစ်ဆေးသည့်ပုံစံကို ဖြည့်စွက်၍ စစ်ဆေးခငွေ ၂ဝဝဝိ/ (ကျပ်နှစ်ထောင်တိတိ) ပေးသွင်းရပါမည်။ ရေနမူနာကို ၂ဂါလံဝင်ပလပ်စတစ်ပုံးအသစ်ထဲသို့အပြည့်ရေဖြည့်ပြီး ဓါတ်ခွဲခန်းသို့ ပေးပို့ရမည်ဖြစ်ပါသည်။ ဓါတ်ခွဲစစ်ဆေးမှုအဖြေကို (၇)ရက် အကြာတွင် ရရှိမည် ဖြစ်ပါသည်။
ရေနမူနာတစ်မျိုးကို အဏုဇီဝနှင့် ဓါတုဓါတ်ခွဲစစ်ဆေးခြင်းအတွက် စုစုပေါင်း ၄ဝဝဝိ/ (ကျပ်လေးထောင်တိတိ) ပေးသွင်းရ မည်ဖြစ် ပါသည်။
(ခ) နှာတို့ရည်စစ်ဆေးခြင်း
အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများတွင် အစာအဆိပ်သင့်စေသော ပိုးမွှား ရှိ/မရှိ နှာတို့ရည်နမူနာယူ၍ စစ်ဆေးနိုင်ပါသည်။ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများရှိ ကျန်းမာရေးဌာနနှင့် ဆက်သွယ်၍ စစ်ဆေးခငွေ တစ်ဦးလျှင် ၁၉၀ဝိ/ (ကျပ်တစ်ထောင့်ကိုးရာတိတိ) ဖြင့် စစ်ဆေးနိုင်ပါသည်။ ဓါတ်ခွဲစစ်ဆေးမှုအဖြေကို(၇)ရက်အတွင်း ရရှိမည်ဖြစ်ပါသည်။
(ဂ) အစားအသောက်များ စားသုံးရန်သင့်မသင့် ဓါတ်ခွဲစစ်ဆေးခြင်း။
ရန်ကုန်မြို့တော်အတွင်း ရောင်းချနေသော အစားအသောက်များကိုစားသုံးရန်သင့်မသင့် ဓါတ်ခွဲစစ်ဆေးနိုင်ပါသည်။ ကျန်းမာရေးဌာန ဓါတ်ခွဲခန်းမှ အစားအစာ နမူနာယူသည့် ပုံစံတွင်ဖြည့်စွက်၍ ဓါတ်ခွဲစစ်ဆေးခ ၃ဝဝဝိ/(ကျပ်သုံးထောင်တိတိ) ပေးသွင်း၍ စစ်ဆေး နိုင်ပါ သည်။ စစ်ဆေးလိုသည့် အစားအစာကို အစားအစာနမူနာ ယူသည့်ပလတ်စတစ်အိတ်ထဲသို့သန့်ရှင်းစွာ ထည့်၍ ဓါတ်ခွဲခန်းသို့နှစ်နာရီ အတွင်း ပေးပို့ရမည်ဖြစ်ပါသည်။ ဓါတ်ခွဲစစ်ဆေးမှုအဖြေကို (၅)ရက်အကြာတွင် ရရှိမည် ဖြစ်ပါသည်။
(ဃ) စားသုံးဆီအရည်အသွေး ဓါတ်ခွဲစစ်ဆေးခြင်း
ပွဲရုံများနှင့် ဈေးများတွင်ရောင်းချနေသော ဆီအမျိုးမျိုး(ပဲဆီ၊နှမ်းဆီ၊စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ)၊ စက်ရုံမှ ထုတ်လုပ် ရောင်းချနေ သော ဆီအမျိုးမျိုး၊ ဆီလက္ကား ဆိုင်များမှ ရောင်းချသောဆီအမျိုးမျိုး စားသောက်ဆိုင်များမှ သုံးစွဲနေ သောဆီများနှင့် အကြိမ်ကြိမ် ကြော်ပြီးဆီများကို ကျန်းမာရေးဌာန ဓါတ်ခွဲခန်းတွင် ဓါတ်ခွဲစစ်ဆေးခြင်း၊ GC(Gas Chromatography)စက်ဖြင့် ဆီ အရည်အသွေး၊ အမျိုး အစားနှင့် စားသုံးရန် သင့်၊မသင့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဓါတ်ခွဲစစ်ဆေးခ ၃၀၀၀ဝိ (ကျပ်သုံး သောင်း တိတိ)နှင့် ထောက်ခံချက်ကဒ်ပြားခ ၅၀ဝိ (ကျပ်ငါးရာတိတိ)၊စုစုပေါင်း ၃၀၅၀ဝိ/ (ကျပ်သုံးသောင်း ငါးရာတိတိ) ပေးသွင်း၍ ဆီနမူနာ ၁လီတာဝင်ပုလင်း ၂ပုလင်းပေးပို့၍ စစ်ဆေးနိုင်ရန် စီစဉ်ထားပါသည်။ ဓါတ်ခွဲစစ်ဆေးမှု အဖြေကို (၇)ရက်အတွင်း ရရှိနိုင် မည်ဖြစ်ပါ သည်။
(င) ဆိုးဆေးများစစ်ဆေးခြင်း
စားသောက်ကုန်ထုတ်လုပ်သောစက်ရုံများ၊ လက်လီလက္ကားဆိုင်များ၊ ဈေးများ၊ စားသောက်ဆိုင်များနှင့် မုန့်မျိုးစုံထုတ်လုပ်သောလုပ်ငန်းများမှ စားသောက်ကုန်ပစ္စည်းများ(အချိုရည်၊ ငရုတ်ဆီ၊ ငရုပ်သီးမှုန့်အမျိုးမျိုး၊ ငါးပိ စိမ်းစား၊ ပုဇွန်ခြောက်မှုန့်၊ ရေခဲမုန့်၊ ရေခဲချောင်း၊ မျှစ်၊ အသားချောင်း အမျိုးမျိုး၊ ငါးချဉ်၊ ပုဇွန်ချဉ်၊ လက်ဖက်နှင့် မုန့်အမျိုးမျိုး) တို့တွင် ခွင့်မပြုဆိုးဆေးများ ပါဝင်မှုရှိမရှိကို (Thin Layer Chromatography) ဖြင့် စစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဓါတ်ခွဲစစ်ဆေးခ ကျပ် ၁၀၀၀ဝိ (ကျပ်တစ်သောင်းတိတိ) နှင့် ထောက်ခံချက်ကဒ်ပြားခ ၅၀ဝိ/- (ကျပ်ငါးရာတိတိ)၊ စုစုပေါင်း ၁၀၅၀ဝိ/- (ကျပ်တစ်သောင်းငါးရာတိတိ) ပေးသွင်း၍ စားသောက်ကုန်နမူနာ ၂၅ ကျပ်သားပေးပို့၍ စစ်ဆေးနိုင်ရန် စီစဉ်ထားပါသည်။ ဓါတ်ခွဲစစ်ဆေးမှုအဖြေကို (၇)ရက်အတွင်း ရရှိနိုင်မည် ဖြစ်ပါသည်။
(စ) ခဲဆိပ်သင့်မှုစစ်ဆေးခြင်း
ခဲဆိပ်အန္တရာယ်ရှိနိုင်သည့်လုပ်ငန်းအချို့ (ဉပမာ- ဘတ္ထရီလုပ်ငန်း၊ ဆေးမှုတ် လုပ်ငန်း၊ အလှကုန်နှင့်ဓါတုပစ္စည်းဆိုင်များ) မှ ဝန်ထမ်းများ ခဲဆိပ်သင့်မှုရှိမရှိ ပဏာမအနေဖြင့်ဆီးကိုစစ်ဆေးနိုင်ပါသည်။ စစ်ဆေးခတစ်ဦးလျှင် ၃၇၀ဝိ/ (ကျပ်သုံး ထောင့်ခုနှစ်ရာ တိတိ)ဖြစ်ပြီး အဖြေကို(၇)ရက်အတွင်း ရရှိမည်ဖြစ်ပါသည်။
(ဆ) အနှေးယာဉ်လုပ်သားများ ကာလသားရောဂါ (VDRL) စစ်ဆေးခြင်း
အနှေးယာဉ်လုပ်သားများ နင်းသားလိုင်စင်ပြုလုပ်ရာတွင် လိုင်စင်သစ် ပြုလုပ်သော အနှေးယာဉ်လုပ်သားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးစစ်ပြီး ကာလသားရောဂါပိုးရှိမရှိ VDRL Test ပြုလုပ်ပေးပြီး၊ ရောဂါပိုး တွေ့ရှိသူများအား ကုသမှုခံယူနိုင်ရန် ဗဟိုကာလသားရောဂါတိုက်ဖျက်ရေးသို့ လွှဲပြောင်းပေးပါသည်။ စစ်ဆေးခ တစ်ဦးလျှင် ၆၀ဝိ/- (ကျပ်ခြောက်ရာတိတိ) ဖြစ်ပြီး၊ အဖြေကို (၃)ရက်အတွင်းရရှိမည်ဖြစ်ပါသည်။
(ဇ) ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှုနှင့် မှိုအဆိပ်ပါဝင်မှုစစ်ဆေးခြင်း
ပိုးသတ်ဆေးဓါတ်ကြွင်း ပါဝင်မှုနှင့် မှိုအဆိပ်ပါဝင်မှု စစ်ဆေးနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
(စျ) ရေတွင်ပါဝင်သော အိုင်းယွန်းများစစ်ဆေးခြင်း
ရေအမျိုးမျိုးထဲတွင် ပျော်ဝင်နေသော အိုင်းယွန်းပမာဏ မည်မျှပါဝင် ကြောင်းကို Spectro Direct စက်ကို အသုံးပြု၍ စစ်ဆေးနိုင်ပါသည်။ အိုင်းယွန်းတစ်ခုစီအတွက် စစ်ဆေးစမ်းသပ်ခနှုန်းထားများမှာ ကော့ပါး (ကြေးနီ) - ၃၀၀၀/- (ကျပ်သုံးထောင်တိတိ)၊ ကလိုရိုဒ် - ၂၅၀၀/- (ကျပ်နှစ် ထောင့်ငါးရာတိတိ)၊ အလူမီနီယမ်(ဒန်) - ၃၀၀၀/- (ကျပ်သုံးထောင်တိတိ)၊ ဖော့စ်ဖိတ် (ပါဝင်မှုနည်း) - ၃၀၀၀/- (ကျပ်သုံးထောင်တိတိ)၊ ဖော့စ်ဖိတ် (ပါဝင်မှုများ) - ၃၅၀၀/- (ကျပ်သုံးထောင့်ငါးရာတိတိ)၊ ဇင့် - ၂၅၀၀/- (ကျပ်နှစ်ထောင့်ငါးရာတိတိ)၊ အယ်ကာလီနီတီ - ၂၀၀၀/- (ကျပ်နှစ်ထောင် တိတိ)၊ ဘိုရွန် - ၃၀၀၀/- (ကျပ်သုံးထောင်တိတိ)၊ မဂ္ဂနီ(စ်) - ၄၀၀၀/- (ကျပ် လေးထောင်တိတိ)၊ ပိုတက်စီယမ် - ၃၀၀၀/- (ကျပ်သုံးထောင်တိတိ)၊ သံဓါတ် - ၃၀၀၀/- (ကျပ်သုံးထောင်တိတိ)၊ စုစုပေါင်း - ၃၂၅၀၀/- (ကျပ်သုံးသောင်း နှစ်ထောင့်ငါးရာတိတိ) ဖြစ်ပါသည်။ ရေနမူနာများအား ၂ ဂါလံဆံ့သော ပလတ်စတစ်ပုံးသစ်ဖြင့် ဓါတ်ခွဲခန်းသို့ နှစ်နာရီအတွင်း ပေးပို့ရမည်။ ဓါတ်ခွဲ အဖြေအား (၇) ရက်အတွင်း ရရှိနိုင်ပါသည်။
(ည) သောက်သုံးရေတွင်ပါဝင်သော အဆိပ်အတောက်ဖြစ်စေသည့် ဒြပ်စင် များ စစ်ဆေးခြင်း
သောက်သုံးရေတွင် ပျော်ဝင်နေသော အဆိပ်အတောက်ဖြစ်စေသည့် အာဆင်းနစ် (Arsenic)၊ ကဒ်မီယမ် (Cadmium)၊ ခဲ (Lead) စသည့် ဒြပ်စင် များအား Atomic Absorption Spectrophotometer (AAS) စက်အား အသုံးပြုစစ်ဆေးနိုင်ပါသည်။ စမ်းသပ်စစ်ဆေးခများအနေဖြင့် အာဆင်းနစ် (Arsenic) - ၆၅၀၀၀/- (ကျပ်ခြောက်သောင်းငါးထောင်တိတိ)၊ ကဒ်မီယမ် (Cadmium) - ၅၅၀၀/- (ကျပ်ငါးထောင့်ငါးရာတိတိ)၊ ခဲ (Lead) - ၅၀၀၀/- (ကျပ်ငါးထောင်တိတိ) အသီးသီးကျသင့်ပါမည်။ ရေနမူနာများအား ၂ ဂါလံဆံ့ သော ပလတ်စတစ်ပုံးအသစ်တွင်ထည့်၍ ဓါတ်ခွဲခန်းသို့ နှစ်နာရီ အတွင်း ပေးပို့ရမည်။ ဓါတ်ခွဲအဖြေအား (၁၀) ရက်အတွင်း ရရှိနိုင်ပါသည်။
ကျန်းမာရေးထောက်ခံချက်အတွက် ပေးဆောင်ရမည့်ဝန်ဆောင်ခနှုန်းထားများ
စားသောက်ဆိုင်လုပ်ငန်းဝန်ဆောင်ခ
စဉ် |
လုပ်ငန်းလိုင်စင်နှုန်း |
ဝန်ဆောင်ခ |
၁။ |
၅၀၀၀ဝိ/- အထိ |
၃၀၀ဝိ/- |
၂။ |
၅၀၀၀ဝိ/- အထက်မှ ၁၅၀၀၀ဝိ/- အထိ |
၆၀၀ဝိ/- |
၃။ |
၁၅၀၀၀ဝိ/-အထက် |
၉၀၀ဝိ/- |
ကျန်းမာရေးအန္တရာယ်ဖြစ်စေတတ်သည့် လုပ်ငန်းဝန်ဆောင်ခ
စဉ် |
လုပ်ငန်းလိုင်စင်နှုန်း |
ဝန်ဆောင်ခ |
၁။ |
၅၀၀၀ဝိ/- အထိ |
၃၀၀ဝိ/- |
၂။ |
၅၀၀၀ဝိ/- အထက်မှ ၁၅၀၀၀ဝိ/-အထိ |
၆၀၀ဝိ/- |
၃။ |
၁၅၀၀၀ဝိ/- အထက် မှ ၃၀၀၀၀ဝိ/- အထိ |
၉၀၀ဝိ/- |
၄။ |
၃၀၀၀၀ဝိ/- အထက် မှ ၇၀၀၀၀ဝိ/- အထိ |
၁၂၀၀ဝိ/- |
၅။ |
၇၀၀၀၀ဝိ/- အထက် |
၁၅၀၀ဝိ/- |
လုပ်ငန်းလိုင်စင်သစ်များအတွက် ဝန်ဆောင်ခကောက်ခံရန် ရင်းနှီးမြှုပ်နှံငွေအပေါ် အခြေခံသတ်မှတ်သည့်နှုန်း စားသောက်ဆိုင်များဝန်ဆောင်ခ
စဉ် |
ရင်းနှီးမြှုပ်နှံငွေ |
ဝန်ဆောင်ခ |
၁။ |
ကျပ် ၁၅သိန်းအောက် |
၃၀၀ဝိ/- |
၂။ |
ကျပ် ၁၅ သိန်းမှ ကျပ် ၁၀၀ သိန်းအထိ |
၆၀၀ဝိ/- |
၃။ |
ကျပ်သိန်း ၁၀၀ အထက် |
၉၀၀ဝိ/- |
ကျန်းမာရေးအန္တရာယ်ဖြစ်စေသော လုပ်ငန်းများဝန်ဆောင်ခ
စဉ် |
ရင်းနှီးမြှုပ်နှံငွေ |
ဝန်ဆောင်ခ |
၁။ |
ကျပ် ၁၅သိန်းအောက် |
၃၀၀ဝိ/- |
၂။ |
ကျပ် ၁၅ သိန်းမှ ကျပ် ၇၅ သိန်းအထိ |
၆၀၀ဝိ/- |
၃။ |
ကျပ် ၇၅ သိန်းမှ ကျပ်သိန်း ၂၀၀ အထိ |
၉၀၀ဝိ/- |
၄။ |
ကျပ်သိန်း ၂၀၀ မှ ကျပ် သိန်း၄၀၀ အထိ |
၁၂၀၀ဝိ/- |
၅။ |
ကျပ်သိန်း ၄၀၀ အထက် |
၁၅၀၀ဝိ/- |
Website လိပ်စာ
မျိုးခြံလုပ်ငန်း ၊ ဥဖောက်လုပ်ငန်း ၊ မွေးမြူရေးခြံလုပ်ငန်းမှတ်ပုံတင်လက်မှတ် ၊ PC(7) ထုတ်ပေးခြင်း
ချင်းပြည်နယ်အစိုးရအဖွဲ့ / October 05, 2021
စိုက်ပျိုး မွေးမြူ၊ ထုတ်လုပ်ရေး အမည်ပြောင်းလျှောက်ထားခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကျွဲနွား သယ်ဆောင်ခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
မျိုးခြံလုပ်ငန်း ၊ ဥဖောက်လုပ်ငန်း ၊ မွေးမြူရေးခြံလုပ်ငန်းမှတ်ပုံတင်လက်မှတ် ၊ PC(7) ထုတ်ပေးခြင်း
ချင်းပြည်နယ်အစိုးရအဖွဲ့ / October 05, 2021
စိုက်ပျိုး မွေးမြူ၊ ထုတ်လုပ်ရေး အမည်ပြောင်းလျှောက်ထားခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကျွဲနွား သယ်ဆောင်ခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကမ်းဝေးငါးဖမ်း/ငါးသယ်လိုင်စင်လျှောက်ထားခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
ပြည်ပတင်ပို့ငါးသယ်လိုင်စင်လျှောက်ထားခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် မွေးမြူမှုလိုင်စင် ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 18, 2018
ရေထွက်ပစ္စည်းရောင်းဝယ်စုဆောင်းခွင့်လိုင်စင်ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 18, 2018
ရေထွက်ပစ္စည်းများ Normal & Border Trade ဖြင့် တင်ပို့ခြင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 25, 2018
ကမ်းနီးငါးဖမ်း/ငါးသယ်ရေယာဉ်လိုင်စင်ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018