ရှမ်းအရှေ့မှာ လျှပ်စစ်ဖြင့်အောင်စည်ရွှမ်းပေရော့
Testing for DB01 Master Master Replication
Testing for Master test by SL
Testing for DB Master02 announcement

မျိုးခြံလုပ်ငန်း ၊ ဥဖောက်လုပ်ငန်း ၊ မွေးမြူရေးခြံလုပ်ငန်းမှတ်ပုံတင်လက်မှတ် ၊ PC(7) ထုတ်ပေးခြင်း
ချင်းပြည်နယ်အစိုးရအဖွဲ့ / October 05, 2021
စိုက်ပျိုး မွေးမြူ၊ ထုတ်လုပ်ရေး အမည်ပြောင်းလျှောက်ထားခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကျွဲနွား သယ်ဆောင်ခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကမ်းဝေးငါးဖမ်း/ငါးသယ်လိုင်စင်လျှောက်ထားခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
ပြည်ပတင်ပို့ငါးသယ်လိုင်စင်လျှောက်ထားခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် မွေးမြူမှုလိုင်စင် ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 18, 2018
ရေထွက်ပစ္စည်းရောင်းဝယ်စုဆောင်းခွင့်လိုင်စင်ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 18, 2018
ရေထွက်ပစ္စည်းများ Normal & Border Trade ဖြင့် တင်ပို့ခြင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 25, 2018
ကမ်းနီးငါးဖမ်း/ငါးသယ်ရေယာဉ်လိုင်စင်ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018
MoH Union Minister holds coordination meeting on RDT use for international flight passengers, inspects preparations at Yangon International Airport
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 29, 2022
UNION Minister for Health Prof Dr Thet Khaing Win presided over a coordination meeting on plans to change into an RDT system for international flights on 27 April.
During the meeting, the Union minister said the infection rate of COVID-19 has declined in most regional countries, including Myanmar. Specific activities are also prioritized systematically to ease COVID-19 rules and regulations as the COVID-19 vaccine coverage becomes high.
The government also arranged to ensure the reopening of international flights and systematic COVID-19 health rules for the tourist and Myanmar citizen arrivals to develop the country’s global tourism industry.
He also talked about the declining positive cases among the passengers in commercial flights and relief flights, challenges in the resumption of commercial aviation, and the COVID19 Antigen Rapid Diagnostic Test (RDT) to save time and money for flight passengers.
Then, meeting attendees discussed proper services for passengers, plans to change into RDT (draft) and current challenges during the resumption of international flights, visas, health insurance, collection of Myanmar kyats for RDT test, preparations to avoid mass gatherings in RDT test section at the airport, taking swab samples, quality RDT test kits and other matters.
The Union minister instructed necessary things and concluded the meeting.
The Union minister and relevant officials inspected the preparations to conduct COVID-19 tests using RDT on the passengers of regular international flights at Yangon International Airport yesterday.
During the inspection tour, the Union minister instructed officials to systematically collect data from passengers, swab samples, the opening of more swab counters to avoid mass gathers while waiting for their test results, establish an exchange counter, welfare of airport staff and disease control activities when the results show positive.
The Ministry of Health allowed the international flights starting 17-4-2022 as per COVID-19 health rules under the COVID-19 Central Committee on Prevention, Control and Treatment and decided to use RDT at the Yangon International Airport soon to save the cost as the infection rate drops.
MNA
#TheGlobalNewLightOfMyanmar
ရှမ်းအရှေ့မှာ လျှပ်စစ်ဖြင့်အောင်စည်ရွှမ်းပေရော့
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန | Jun 21, 2022
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှ ကားလမ်းအတိုင်းအရှေ့ဘက်သို့ ဆက်လက်ထွက်ခွါလျှင် ခိုလမ်၊ ကွန်ဟိန်း၊ ကာလိ စသည့်မြို့များကို ဖြတ်ကျော်ပြီးသည့်အခါ တာကော်သို့ရောက်ပါသည်။ တာကော် တံတားကြီးအောက်မှ တစ်သွင်သွင်စီးဆင်းနေသော လှပသန့်စင်သည့် မြစ်သံလွင်ကိုလည်း မြင်နိုင် ပါပြီ။ မြစ်သံလွင်၏ ဟိုမှာဘက်ကမ်းသည်ကား ရှမ်းပြည်နယ်အရှေ့ပိုင်း၏ အ၀င်တံခါး၀တည်း။
နမ့်စန်မှ တာကော်အထိ မြေမျက်နှာပြင်မှာ အများအားဖြင့် မြေပြန့်လွင်ပြင်များသာဖြစ်သည်။ အနည်းငယ်သော တောင်ကုန်းတောင်တန်းကလေးများသာရှိ၏။ တာကော်တံတား၏တစ်ဘက်ကမ်း ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ စတင်၀င်ရောက်သည်နှင့် မြင့်မားမတ်စောက်လှသော တောင်ကုန်းတောင် တန်းများကို စတင်ဖြတ်သန်းရတော့သည်။ တောင်ကုန်းတောင်တန်းများနှင့်အတူ နက်ရှိုင်းလှသော ချောက်ကမ်းပါးများ၊ စိမ်းညို့ညို့ သစ်တောကြီးများ၊ ဟိုမှသည်မှ စီဆင်းနေကြသော စမ်းချောင်း ကလေးများ၊ သင်းပျံ့သော တောပန်းရနံ့တို့ ထုံမွှမ်းလျှက် ရှုမဆုံးတော့သော ရှမ်းကုန်းမြေမြင့် သဘာ၀ ကြီးနှင့်အတူ မိုင်းပျဉ်းမြို့ကလေးက ကြိုဆိုနေပါလိမ့်မည်။
မြို့အနီးစီးဆင်းနေသော နမ့်ပင်းချောင်းသည် တောင်မှမြောက်သို့ ပြောင်းပြန်စီးဆင်းနေခြင်းကို အကြောင်းပြု၍ “ မိုင်းပင်း” ဟုခေါ်ဆိုလာခဲ့ရာမှ ကာလရွေ့လျားလာသော် “ မိုင်းပျဉ်း” ဖြစ်လာသည့် ဤမြို့ကလေးသည် သာယာလှပပါပေ၏။ အရှေ့ဘက်တွင် ကျိုင်းတုံမြို့နယ်၊ တောင်ဘက်တွင် မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်၊ အနောက်ဖက်တွင် ကွန်ဟိန်းမြို့နယ်၊ မြောက်ဘက်တွင် မက်မန်း မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိ၏။
မိုင်းပျဉ်းမြို့တွင် ရှမ်း၊ လားဟူ၊ ပလောင်၊ ဗမာ၊ “၀”လွယ်လ၊ အာခါ၊ လီရှော၊ လီဆူး၊ ကချင်၊ ကရင်၊ ရခိုင်၊ ဓနု၊ အင်းသား၊ ချင်း၊ မွန်၊ ပအို့ဝ်း အစရှိသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအတူပူအမျှ မှီတင်းနေထိုင်လျှက်ရှိ၏။ အမြင့်ပေပေါင်း (၇၃၂၉) ပေရှိသော လွယ်ဆီးတောင်ကြီးက အုပ်မိုးလျှက်ရှိ၏။ ကျွန်း၊ အင်ကြင်း၊ ပိတောက်၊ သစ်ယား၊ သစ်အယ်၊ ဖန်ခါး၊ ထင်းရှူး၊ လက်ပံ၊ မိုက်ကော်၊ စွယ်တော်၊ ဝါးမျိုးစုံ ပေါက်ရောက်ရှင်သန်ကြသည့် သဘာ၀အမွေများကိုလည်း ပိုင်ဆိုင်ထား ၏။
စင်စစ် မိုင်းပျဉ်းမြို့နယ်သာမက ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်ပါ၀င်သည့် ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းလား၊ မိုင်းယောင်း အစရှိသည့် မြို့နယ်များ မြို့များ အားလုံးလိုလိုပင် သဘာ၀၏အမွေအနှစ်များ၊ ချစ်ခင်မြတ်နိုးဖွယ် ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သယံဇာတအရင်းအမြစ်များ၊ လှပနှစ်လိုဖွယ် တောတောင်ရေမြေများဖြင့် ပြည့်စုံလှပါပေသည်။
သို့သော်လည်း လိုအပ်ချက်တစ်ခုကား အမှန်ရှိခဲ့ပါသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ တိုင်းရင်းသား ပြည်သူများအားလုံး နှစ်ရှည်လများ လိုလားတောင့်တခဲ့ကြသည့်အရာ ရှိသည်ဟု ဆိုလျှင် ယင်းသည် နိုင်ငံတော်ဓာတ်အားစနစ်မှ ပို့လွှတ်ဖြန့်ဖြူးပေးမည့် လျှပ်စစ်ဓာတ်အား ဖြစ်မည် ဆိုသည်ကား မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။ အဆိုပါဒေသများတွင် ဒေသအလိုက်ဆောင်ရွက်ထား ကြသော အသေးစားရေအားလျှပ်စစ်စက်များ၊ ဒီဇယ်ဓာတ်အားပေးစက်များဖြင့်သာ လျှပ်စစ်ဓာတ်အား ကို ရနိုင်သမျှ သုံးစွဲနေကြရသည်။ အချိန်ပိုင်းမျှသာဓာတ်အားသုံးစွဲနိုင်သည်။ အလင်းရောင်ရရှိရန် အတွက်သာ အဓိကသုံးစွဲရပြီး စက်မှုလက်မှုလုပ်ငန်းများအတွက် တွင်တွင်ကျယ်ကျယ်မရှိခဲ့ပါ။
လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနသည် နိုင်ငံတော်၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အပြည့်အ၀ဖြည့်ဆည်းပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းအစရှိသည့် လုပ်ငန်းစဉ်ကြီးများကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ တိုင်းရင်းသားသွေးချင်းများ မှီတင်းနေထိုင်ကြသော ဒေသများအထိ လွှမ်းခြုံသော လျှပ်စစ်ဓာတ်အားစနစ်ကို ရေတိုရေရှည်စီမံကိန်းများဖြင့် ချမှတ်ဆောင်ရွက်လျှက်ရှိရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း (၇၂)နှစ်ခန့်ကြာသည့်တိုင် ရှမ်းပြည်နယ်အရှေ့ ပိုင်းတွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားမရရှိနိုင်ခဲ့ပါ။ အမျိုးမျိုးသော အခက်အခဲများ၊ အတားအဆီးများကြောင့် လျှပ်စစ်ဓာတ်အားရရှိရန်မှာ ရွှေပြည်တော် မျှော်တိုင်းဝေး ခဲ့ရသည်။ လျှပ်စစ် ရရှိရေးမှာ အိပ်မက်ရှည်ကြီးပမာ ဖြစ်ခဲ့ရသည်။ တိုင်းရင်းသားလူမျိုးအားလုံး အာသာငံ့လင့် ချင်ခြင်းဖြစ်ခဲ့ရသည်။ ယခုအချိန်တွင်ကား ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းပျဉ်းနှင့် ကျိုင်းတုံ မြို့နယ်များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရောက်ရှိ၍လာခဲ့ပါပြီ။
လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းနှင့် ကျိုင်းတုံမြို့များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း- ကျိုင်းတုံဓာတ်အားလိုင်း (၁၅၁)မိုင်တည်ဆောက်ခြင်း၊ ၁၃၂ကေဗွီ နမ့်စန်ပင်မဓာတ်အားခွဲရုံအား ၂၃၀ ကေဗွီအဆင့်မြှင့်တင်ခြင်း၊ မိုင်းပျဉ်းနှင့် ကျိုင်းတုံတို့တွင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံကြီးများ တည်ဆောက်ခြင်း စီမံကိန်းများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
၂၃၀ကေဗွီ ဓာတ်အားလိုင်း၊ နမ့်စန်-တာကော်အပိုင်း (၇၇)မိုင်ခန့်ကို TBEA ကုမ္ပဏီအား လည်းကောင်း၊ ၂၃၀ကေဗွီ ဓာတ်အားလိုင်း တာကော်-မိုင်းပျဉ်း-ကျိုင်းတုံ အပိုင်း(၇၄)မိုင်ကို အောင်မြင့်မိုရ် ကုမ္ပဏီအားလည်းကောင်း၊ ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည် ဆောက်ခြင်းများကို Young In ကုမ္ပဏီအားလည်းကောင်း အသီးသီးလုပ်ငန်းအပ်နှံဆောင်ရွက်စေခဲ့ ပါသည်။ စီမံကိန်းလုပ်ငန်းများအားလုံးကို တာ၀န်ယူကြီးကြပ်ရန်အတွက် ဓာတ်အားပို့လွှတ်ရေး စီမံကိန်း(မြောက်ပိုင်း)အုပ်ချုပ်မှုအောက်ရှိ စီမံကိန်းမန်နေဂျာရုံးများက ဆောင်ရွက်ခဲ့ကြပါသည်။
Survey တိုင်းတာခြင်း၊ အကြိုအင်ဂျင်နီယာလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဒီဇိုင်းများရေးဆွဲ ခြင်း၊ ပစ္စည်းများ ၀ယ်ယူခြင်း အစရှိသည့် လုပ်ငန်းများကို အစဉ်အတိုင်း ဆောင်ရွက်ကြပြီးနောက် ဓာတ်အားခွဲရုံများ၏ မြေပြင်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၆ခုနှစ် အောက်တိုဘာလမှ စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဓာတ်အားလိုင်း မြေပြင်တည်ဆောက်ရေးလုပ်ငန်းများကိုမူ ၂၀၁၈ ခုနှစ် သြဂုတ်လတွင်မှသာ စတင်နိုင်ခဲ့ ပါသည်။ ဤစီမံကိန်းကြီးသည် ပမာဏကြီးမားသည့်အပြင် ခက်ခဲကြမ်းတမ်းသော မြေပြင်အနေအထားကို ဖြတ်သန်းခဲ့ရသည်။ ပစ္စည်းများ သယ်ယူပို့ဆောင်မည့် လမ်းကြောင်းတစ်လျှောက်ရှိ တံတားများ၊ လမ်းကျဉ်းများ၊ မြင့်မားမတ်စောက်သည့် တောင်ကုန်း တောင်တန်းများ၊ အခြားအကန့်အသတ်များကြောင့် မျှော်မှန်းထားသလောက်ခရီးမပေါက်ခဲ့။
မည်သို့ပင်ဖြစ်စေ အခက်အခဲ အတားအဆီးများကို ရင်ဆိုင်ကျော်လွှားတည်ဆောက်ခဲ့ရသော ရှမ်းအရှေ့ သမိုင်းသစ်ခရီးများကား အမှတ်တရနှင့် လွမ်းမောဖွယ်အတိဖြစ်တော့၏။
စိမ်းညို့ညို မင်းလွင်မှိုင်း
ရှစ်ခွင်ဝိုင်း မောရှမ်းတောင်။
လျှပ်စစ်တွေ ပို့လွှတ်ကြဖို့
ကြိုးစားရအောင်။
နမ့်စန်အစ တာဝါထောင်
ရောင်နီတစ်ထောက် မိုင်းပျဉ်း။
တူးသာတီး လိုင်းပုံသွင်းမယ်
ကျိုင်းတုံကိုဆင်း။
၂၃၀ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ဓာတ်အားလိုင်းကြီးသည် နမ့်စန်ပင်မဓာတ်အားခွဲရုံမှ ခရီးစ၏။ နမ့်စန်မြို့နယ်တွင် တိန်းချောင်းကို ကျော်၏။ ထိုမှတစ်ဆင့် ခိုလမ်ကိုဖြတ်သန်း၏။ ကွန်ဟိန်းမြို့နယ်တွင် နမ့်ပန်ချောင်းကို ကျော်၏။ ထိုမှတစ်ဆင့် ကာလိမြို့။ ထိုမှတစ်ဆင့် တာကော် တွင် သံလွင်မြစ်ကို ကျော်ရပြန်၏။
ဓာတ်အားလိုင်းတစ်လျှောက် (၂)မိုင်ရွာ၊ ဆင်မောင်းရွာ၊ (၂၄)မိုင်ရွာ တို့ကို ခက်ခက်ခဲခဲဖြတ် သန်းပြီးနောက် မိုင်းပျဉ်းတောင်ထိပ်သို့ရောက်၏။ မိုင်းပျဉ်းတောင်ထိပ်မှ လှမ်းမျှော်ကြည့်လျှင်ကား လွင်ပြင်ကျယ်ပြန့်ပြန့်တွင် မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံကို မြင်နိုင်ပါပြီ။ တာကော်တံတားကို လွန်ကတည်းက မြေပြင်အနေအထားမှာ ရုတ်ချည်းပြောင်းလဲသွားတော့သည်။ ကျောက်စိုင်ကျောက် သားများအတိပြီးသော မတ်စောက်သည့်တောင်ကုန်းများပေါ်တွင် တာဝါတိုင်ချရန်နေရာကို ခက်ခက် ခဲခဲ ပြုပြင်ရသည်။ ကျောက်သားများကို ခက်ခက်ခဲခဲတူးဖော်ရသည်။ မိုင်းများအသုံးပြု၍ ခွဲထုတ်ပြီး ဖောင်ဒေးရှင်းပြုလုပ်ခဲ့ရသည်။ ကားလမ်းရှိရာဘက်ကမ်းမှ ချောင်းကိုဖြတ်သန်း၍ ဖောင်ဒေးရှင်းနှင့် တိုင်ဆင်ပစ္စည်းများကို ခက်ခက်ခဲခဲ ပို့ဆောင်ခဲ့ရသည်။ သာမန်အားဖြင့် တစ်လခန့်သာ ကြာလေ့ရှိသည့် တာဝါတိုင်တစ်တိုင် ဖောင်ဒေးရှင်းအတွက် အဆိုပါနေရာတွင် ၄ လခန့်ကြာသွား၏။
ကားလမ်းကကျဉ်းသည်။ မိုးရာသီတွင် သွားရေးလာရေး ပိုမိုခက်ခဲသည်။ ကြီးမားလေးလံသည့် တာဝါတိုင်များ၊ ဓာတ်အားလိုင်းပစ္စည်းများသယ်ဆောင်သည့် ယာဉ်ကြီးများ ဖြတ်သန်းရန် မလွယ်လှပေ။ သက်တမ်းကြာမြင့်ပြီဖြစ်သော တာကော်တံတား၏ ကြံ့ခိုင်မှုအခြေအနေအရ ၀န်တင် ယာဉ်ကြီးများ၏ အလေးချိန်ကို ကန့်သတ်လိုက်သည့်အခါ ပို၍ ခက်ခဲတော့၏။ တံတားတစ်ဘက်ကမ်း တွင် ဦးစွာချ၊ ယာဉ်အငယ်များဖြင့် ကဲ့၍ တစ်ဘက်ကမ်းသို့ ပြန်သယ်ကြရ၏။ လမ်းတစ်လျှောက် လိုင်းအဖွဲ့များ စခန်းချနိုင်ရန် ရွာစဉ်ပြတ်၏။ မြေပြန့်နည်းသဖြင့် စခန်းချရန် ခက်ခဲလှ၏။
ထို့အပြင် ဒေသခံများ၏ စိုက်ခင်းများကို ဖြတ်သန်းရာတွင်လည်း အချိန်ယူ၍ ခက်ခက်ခဲခဲ ညှိနှိုင်းဆောင်ရွက်ခဲ့ရသည်။ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခွင့်၊ ဒေသမှ ရိုးရာဓလေ့အရ တန်ဖိုးထား သော နေရာများကို ဖြတ်သန်းခွင့်၊ တပ်မတော်အပါအ၀င် အခြား၀န်ကြီးဌာနများပိုင်ဆိုင်သော ဧရိယာ များကို ဖြတ်သန်းတည်ဆောက်ခွင့် အစရှိသည့် ညှိနှိုင်းဖြေရှင်းရမှုများသည်လည်း တည်ဆောက်ရေး လုပ်ငန်းကဲ့သို့ပင် ခက်ခက်ခဲခဲ ရှိခဲ့ပါသည်။
ကျိုင်းတုံကို မီးလင်းစေ့မယ်လို့
ခရီးပြင်း ငါတို့နှင်
တောထဲကို၀င်။
တစ်တောင်ကိုမြင်
တိုင်ဆင်ဖို့ တစ်လမ်းဖောက်။
မိုးအစဲမှာလ
ကြိုးဆွဲမယ် ညီနောင်သဘင်ရဲ့
ဒီတောင်တစ်ခွင်မှာ မိုးမကျခင်ဖြင့်
ထိုးကြွကြွ မင်ပန်းချီပမာပေါ့
စဉ်ညီညာ တာဝါတွေ ဆက်ဆက်ပြီးအောင်လို့
ကိုင်း…သွက်သွက်ကြီးဆောက်။
မိုင်းပျဉ်းကို လွန်သော် ကျိုင်းတုံသို့ ဆက်ရပါသည်။ ပန်တာလေရွာ၊ ခမ်းပေါ့ရွာ၊ နောင်ချိုရွာ၊ တုံတာမြို့၊ တောင်ခြေရွာတို့ကိုကျော်ဖြတ်ပြီးနောက် (ဒေသအခေါ်)စပါယ်ရှယ်တောင်ကြီးကို ဖြတ်သန်း ရပါတော့သည်။ အမြင့်ပေ ၆၀၀၀ ကျော်ရှိသော စပါယ်ရှယ်တောင်၊ ရင်ကွဲတောင်များကို ခက်ခက်ခဲခဲ ကျော်လွှားပြီးနောက် ပန်ကြူရွာ၊ တံတားဖြူရွာအလွန်တွင် ကျိုင်းတုံမြို့အ၀င်ချောင်းကိုဖြတ်သန်းပြီး ကျိုင်းတုံဓာတ်အားခွဲရုံသို့ ရောက်ရှိပါတော့သည်။
ကဿပမြတ်စွာဘုရားလက်ထက်မှစ၍ သမိုင်းကြောင်းအတီတေ ရှိခဲ့သော ကျိုင်းတုံမြို့သည် အလွန်စည်ကားသာယာရှိလှပါသည်။ အရှေ့ဘက်တွင်မိုင်းယောင်းမြို့နယ်၊ တောင်ဘက်တွင် မိုင်းဖြတ် မြို့နယ်၊ အနောက်ဘက်တွင် တုံတာမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်၊ မြောက်ဘက်တွင် မိုင်းခတ်မြို့နယ်နှင့် မိုင်းလားမြို့နယ်တို့တည်ရှိပါသည်။ ပေ ၅၀၀၀ မှ ၇၀၀၀ ခန့်အထိ မြင့်မားသော တောင်ထွဋ် တောင်တန်းများ သွယ်ဝိုက်ဆန့်တန်းလျက်ရှိပြီး ကျိုင်းတုံမြို့မှာ ပင်လယ်ရေမျက်နှာပြင်အထက် (၂၇၁၀)ပေ အထက်တွင်တည်ရှိပါသည်။
ရှမ်း၊ လားဟူ၊ အာခါ လူမျိုးများအပါအ၀င် တိုင်းရင်းသားပေါင်းစုံမှီတင်းနေထိုင်ကြသော ကျိုင်းတုံမြို့တွင် ယခင်က ဌာနပိုင် နမ့်ဝုတ်(၁)၊ (၂)၊ နမ့်စို၊ နမ့်လပ် ရေအားလျှပ်စစ်စက်ရုံငယ်များဖြင့် မိုးရာသီတွင် လျှပ်စစ်ဓာတ်အားအပြည့်ပေးနိုင်သော်လည်း နွေရာသီတွင် တစ်နေ့လျှင် (၈)နာရီခန့်သာ အချိန်ပိုင်းမျှ ဓာတ်အားပေးနိုင်ခဲ့သည်။ လိုအပ်သည့်အခါများတွင် ဒီဇယ်အင်ဂျင်သုံးဓာတ်အားပေးစက် များဖြင့်ပါ ဖြည့်ဆည်းထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ရသည်။ အလားတူပင် မိုင်းပျဉ်းမြို့သည်လည်း ဌာနပိုင် ၅၀၀ကေဗွီ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် တစ်နေ့လျှင် ၄ နာရီခန့်သာ ဓာတ်အားပေးနိုင်ခဲ့သည်။
မိုင်းပျဉ်း-ကျိုင်းတုံဓာတ်အားလိုင်းအပိုင်းတည်ဆောက်ရာတွင်လည်း အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရ၏။ လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသော တာဝါတိုင်အချို့ ပြောင်းရွှေ့ပေးရခြင်း၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခွင့်ရရှိရေး ညှိနှိုင်းရခြင်း၊ ဒေသခံအချို့နှင့် ညှိနှိုင်းမှုများအရ ဓာတ်အားလိုင်းအူကြောင်း ပြန်လည်ပြောင်းရွှေ့ပေးရခြင်း၊ တာဝါတိုင်တစ်တိုင်တည်ဆောက်ရန် ချဉ်းကပ်လမ်းတစ်လမ်းနှုန်းခန့်ဖောက်လုပ်နေရခြင်း၊ မြင့်မားမတ်စောက်သော တောင်တက်တောင် ဆင်းလမ်းများတွင် ပစ္စည်းများခက်ခက်ခဲခဲပို့ဆောင်ရခြင်းစသည်တို့ကို ခက်ခဲစွာကျော်လွှားခဲ့ရ၏။
ကျိုင်းအဆင်း
မိုင်းပျဉ်းကခွဲရုံ။
တက်နေခြည် နွေးလျလျမှာ
ဖွေးရွရွမှုံ။
ချွေးစစ ငါတို့မဖြုံ
ဒါဒို့ဂုဏ် ဒါဒို့သွေး။
ရှမ်းအရှေ့သမိုင်းသစ်ကို
ဝိုင်းခြစ်လို့ရေး။
မိုင်းပျဉ်းမြို့တွင်းဖြတ်သန်းစီးဆင်းလျက်ရှိသော ချောင်းနံဘေးရှိ ၂၃၀ကေဗွီ မိုင်းပျဉ်းပင်မ ဓာတ်အားခွဲရုံကြီးကား လှပရှုမောဖွယ်ရှိလှ၏။ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၏ ပထမဆုံးသော နှစ်ထပ်ခွဲ Control Building Design ဖြင့် ကြွားကြွားဝံ့ထယ်ရှိလှ၏။ တည်ဆောက်ရေးလုပ်ငန်းများ မှာ ၂၀၁၉ခုနှစ် သြဂုတ်လတွင် ပြီးစီးခဲ့သည်။ သို့သော်လည်း တာကော်တံတားကိုဖြတ်သန်း၍ ထရန်စဖော်မာကြီးများအားသယ်ယူရန် မဖြစ်နိုင်တော့သဖြင့် အစီအစဉ်ကို ပြောင်းလဲ၍ တစ်ဖက်နိုင်ငံ မှ ခက်ခက်ခဲခဲဖြတ်ကျော်သယ်ဆောင်ခဲ့ရသည်။
မောဌာနီ ရွှေအရပ်
ခေမရဌ် ကျိုင်းတုံ။
ဖိုခုံလောက်ပုံ တောင်မြုံကြားမှာ
တိမ်ပါးတို့ခြုံ။
ရှုစမ်းကြ ပသာဒစုံ
သဘာ၀အဖုံ အလှဂုဏ်မြောက်။
နောင်မကြာ တွဲစုံခရီးရောက်အောင်ပ
ခွဲရုံကြီးဆောက်။
ကျိုင်းတုံ-လွယ်မွေကားလမ်းဘေးရှိ ၂၃၀ ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံကြီးကား ရင်သတ် ရှုမောမဆုံး လှပတင့်တယ်စွာ တည်ရှိနေပေပြီ။ ၂၀၁၈ခုနှစ် နို၀င်ဘာလတွင် တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံဓာတ်အားခွဲရုံကြီးသည် သဘာ၀၏ အလှအပများနှင့် လူတို့ဖန်တီးအပ်သော အလှအပတို့ ပေါင်းဆုံ၍ လှချင်တိုင်းလှနေပေသည်။
ဆိုခဲ့သည့်အတိုင်း ၂၃၀ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံဓာတ်အားလိုင်းကြီးတည်ဆောက်ရ သည့် အခက်အခဲများ၊ စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါသည်။ အထူးသဖြင့် တောင်ကုန်းတောင်တန်း များပြားလှသော တာကော်-မိုင်းပျဉ်း-ကျိုင်းတုံ အပိုင်းမှာ အခက်ခဲဆုံးဖြစ်သည်။ စီမံကိန်းလျာထား ချက်အရ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ပြီးစီးရမည်ဆိုသော်လည်း အခက်အခဲများကြောင့် နှောင့်နှေးခဲ့ရ သည်။ မည်သို့ပင်ဖြစ်စေ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိပြည်သူ လူထုထံသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ရည်မှန်းချက်ကို မျက်ခြည်ပြတ်မခံခဲ့ပါ။ အားနည်းချက်၊ အားသာချက်များကို ခြုံငုံသုံးသပ်၍ စီမံကိန်းကြီးအမြန်ဆုံး ပြီးမြောက်ရေးကို နည်းလမ်းမျိုးစုံကြံဆ ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ မိုင်းပျဉ်းနှင့် ကျိုင်းတုံဒေသများသို့ လျှပ်စစ် ဓာတ်အား အမြန်ဆုံးရရှိရေးအတွက် သက်ဆိုင်ရာကုမ္ပဏီအား တွန်းအားပေးဆောင်ရွက်စေသည့်အပြင် ဌာနမှ ကျွမ်းကျင်ပညာရှင်များအား အဖွဲ့များခွဲ၍ ကွင်းဆင်းကြီးကြပ်စေပြီး အင်အား အလုံးအရင်းဖြင့် အချိန်တိုအတွင်း ကွက်ပြည့်နင်းဆောင်ရွက်စေခဲ့ပါသည်။ ကိုဗစ်-၁၉ ကာလ တွင်ပင် ကျန်းမာရေး ဆိုင်ရာ ကန့်သတ်ချက်များကို တိကျစွာ လိုက်နာရင်း ရည်မှန်းချက်ပေါက်မြောက်အောင် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည့် အကျိုးကျေးဇူးကား အထင်အရှားပင်ဖြစ်ပါ၏။
ရှမ်းအရှေ့မှာ လျှပ်စစ်ဖြင့် အောင်စည်ရွှမ်းပေရော့
ရောင်နီသန်းပြီ။
သွေးချင်းတွေ ရွှေအိပ်မက်က
နိုးထရွှင်ကြည်။
နမ့်စန်မှ သည်
မိုင်းပျဉ်းဆီ အရောက်ပို့။
မှတ်သားရစ်စေတော့
ဓာတ်အားစနစ်ဆီက
စံချိန်မီ လျှပ်စစ်စွမ်းအင်တို့
ရှမ်းတစ်ခွင်မှာ လွှမ်းဆင်သိုင်းရစ်မယ်
သမိုင်းသစ်မို့။
၂၀၂၀ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့သို့ နိုင်ငံတော် ဓာတ်အားစနစ်စတင်ရောက်ရှိခဲ့ပါပြီ။ ဒေသခံပြည်သူများ ပျော်ရွှင်ကျေနပ်ကြလိမ့်မည်ဟု ယုံကြည်ပါ သည်။ ဌာနအနေဖြင့်လည်း ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ခဲ့ရသည့် စီမံကိန်းကြီး၏ အသီးအပွင့်တို့ ကို တိုင်းရင်းသား သွေးချင်းညီနောင်များသို့ ခံစားခွင့်ရစေသည့်အတွက် အထူးပင် ကြည်နူး၀မ်းမြောက် မိပါသည်။ ခန့်ညားဝံ့ကြွားစွာပေါ်ထွန်းလာပြီဖြစ်သော ၂၃၀ကေဗွီ ဓာတ်အားလိုင်းနှင့် မိုင်းပျဉ်း ဓာတ်အားခွဲရုံကြီးသည်ကား အမိနိုင်ငံတော်နှင့် ဒေသခံတိုင်းရင်းသားသွေးချင်းတို့အတွက် ခိုင်မြဲသော သစ္စာကြိုးများ ဖြစ်ပါစေကြောင်း ဆုတောင်းရပါ၏။
ဘာမထီ မင်းယောက်ျားတို့
စွန့်စားလို့ တည်ဆောက်သည်။
ကျိုင်းတုံကို ဓာတ်စနစ်က
လျှပ်စစ်ရောက်ပြီ။
မောမြေမြင့် ပုဗ္ဗာမဟီ
အဟုတ်သာကြည် ပျော်မည်ထင့်။
ဖော်ညွှန်းကာ တွေးဆလို့
မော်ကွန်းသာ ရေးကြရော့
အဝေးက မုဒိတာလွှင့်မယ်
(ကွယ်) ထုတိကဗျာဆင့်။
၂၀၂၀ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင်ကား ကျိုင်းတုံမြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အား စတင်ရရှိခဲ့ပြီဖြစ်ပါသည်။ စိမ်းညို့ညို့ရှမ်းတောင်တန်းကြီးများပေါ်မှ ဖြတ်သန်း၍ တာဝါတိုင်ပေါင်း (၆၃၇) တိုင်တို့နှင့်အတူ ငွေမျှင်ခြည်ပမာကဲ့သို့ လျှပ်စစ်ဓာတ်ကြိုးများ ယှက်သန်းကာ နမ့်စန်မှသည် ကျိုင်းတုံဆီရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၏ လျှပ်စစ်သမိုင်းအသစ် ဟုပင် ဆိုရပါတော့မည်။ ပြည်သူလူထုအနေဖြင့် အနှစ်နှစ်အလလက မျှော်မှန်းခဲ့ရသော အိပ်မက်တို့ အမှန်တကယ် ဖြစ်လာပါပြီ။ အံ့သြ၀မ်းမြောက်ခြင်းနှင့်အတူ ဂုဏ်ယူကြိုဆိုကြလိမ့်မည်ဟု ယုံကြည်မိ ပါသည်။
လွပ်လပ်ရေးရပြီးနောက် နှစ်ပေါင်း(၇၂)နှစ်ခန့်အကြာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားကို အောင်မြင်စွာ စတင်ဖြန့်ဖြူးပေးနိုင်ခဲ့သည့် မော်ကွန်းကို ဂုဏ်ယူဝံ့ကြွားစွာ ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါသည်။ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအနေဖြင့် ရည်မှန်းချက်နှင့်အညီ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းပြည့်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိလည်းကောင်း၊ သက္ကရာဇ် ၂၀၃၀ တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး အတွက်လည်းကောင်း ချမှတ်ထားသည့် ရည်မှန်းချက်အတိုင်း မမှိတ်မသုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မိုင်းပျဉ်း၊ ကျိုင်းတုံတို့နည်းတူ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့ရွာများ သည်လည်း မဝေးလှသော အနာဂတ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများကို ရရှိခံစားရတော့မည်မှာ အမှန်ပင်ဖြစ်ပါ၏။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း နိုင်ငံတော်၏ စေတနာမှန်ကို နားလည် သဘောပေါက်ကြပြီး လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနမှ တည်ဆောက်ပြီးစီးခဲ့သည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ဝိုင်း၀န်းထိန်းသိမ်းကြပါရန်လည်းကောင်း၊ ဆက်လက်တည်ဆောက်မည့် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများအတွက် ဌာနနှင့်အတူ ဝိုင်း၀န်းကူညီဆောင်ရွက်ကြပါရန် လည်းကောင်း ၀မ်းသာကြည်နူးစိတ်ဖြင့် ဖော်ညွှန်းဂုဏ်ပြုရေးသားအပ်ပါသည်။