နေ့ ကလေးထိန်းဋ္ဌာန ဖွင့်လှစ်ခွင့်။
-
ကဏ္ဍများ
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
နေ့ ကလေးထိန်းဋ္ဌာန ဖွင့်လှစ်ခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / October 11, 2021
ပညာရေးဝန်ကြီးဌာနသို့လျှောက်ထားရန်
- လုပ်ငန်းရှင်လျှောက်လွှာ (ပူးတွဲဖော်ပြရမည်)
- တာဝန်ခံကျောင်းအုပ်သည် အသက်၂၅နှစ်ပြည့်ပြီးသူဖြစ်ရမည့်အပြင် အစိုးရအသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုဖြစ်စေ၊ ကလေးသူငယ်ကျွမ်းကျင်မှုဆိုင်ရာ ဒီပလိုမာအောင်လက်မှတ်ဖြစ်စေ ရရှိသူ (သို့မဟုတ်) သက်ဆိုင်ရာဒေသအခြေအနေအရ လူမှုဝန်ထမ်းဦးစီးဌာနက လက်ခံသည့် ပညာအရည်အချင်းနှင့် ပြည့်စုံသူဖြစ်ရမည်။
- တာဝန်ခံကျောင်းအုပ်နှင့် အနည်းဆုံးဆရာတစ်ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်ဖွင့်လှစ်သော သို့မဟုတ် သင့်လျော်သည်ဟု လက်ခံသော အသက်သုံးနှစ်မပြည့်သေးသူများ ပြုစုပျိုးထောင်ရေးသင်တန်းတစ်ခုခုကို တက်ရောက်အောင်မြင်ပြီးသူများ ဖြစ်ရမည်။
- သုံးနှစ်မပြည့်မီ ကလေးများ ပြုစုပျိုးထောင်ရေးလမ်းညွှန်အပြင် သီးခြားညွှန်ကြားချက်များနှင့်အညီ ရှေးဦးကလေးသူငယ်များအား ပြုစုစောင့်ရှောက်ရမည်။
- အသက်တစ်နှစ်မပြည့်သေးသူများအတွက် အိပ်ရန်နေရာ၊ ကစားရန်နေရာနှင့်ပစ္စည်းများ စီစဉ်ထားရှိရမည့်အပြင် အသက်သုံးနှစ်မပြည့်သေးသူများအတွက်လည်း သင့်လျော်သောနေရာနှင့်ပစ္စည်းများ စီစဉ်ထားရှိရမည်။
- အသက်နှစ်နှစ်အောက် ကလေးသုံးဦးလျှင် ဆရာတစ်ဦး၊ အသက်နှစ်နှစ်မှ သုံးနှစ်အထိ ကလေးခြောက်ဦးလျှင် ဆရာတစ်ဦး ရှိရမည်။
- နေ့ကလေးထိန်းဌာန ဖွင့်လှစ်မည့် အဆောက်အအုံသည် ရှေးဦးအရွယ်ကလေးသူငယ်တစ်ဦးစီအတွက် အနည်းဆုံးဧရိယာပျှမ်းမျှ ၁၈ စတုရန်းပေစီ အကျယ်အဝန်းရှိရမည်။
- လူမှုဝန်ထမ်းဦးစီးဌာနက အခါအားလျှော်စွာ သတ်မှတ်သော အချက်များနှင့် ညီညွတ်ရမည်။
မေးလေ့ရှိသောမေးခွန်းများ
ဝန်ဆောင်မှု (အွန်လိုင်း) -
၄ ခု
ဆက်လက်ကြည့်ရှုရန်
စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း
စက်မှုဝန်ကြီးဌာန / September 30, 2021
စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသည် နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ...
Rating