မြန်မာ့စာတိုက်လုပ်ငန်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန | Jun 30, 2022

မြန်မာမင်းများ လက်ထက်တွင် မြင်းလျင်တော်၊ ခြေလျင်တော်၊ လှေလျင်တော်တို့သည် ဘုရင့်စာချွန်တော်များကို လက်ဆင့်ကမ်းစနစ်ဖြင့်လည်းကောင်း၊ တောက်လျှောက်သယ်ယူ၍ လည်းကောင်းပို့ဆောင်ရသည်ဟု သိရှိရပါသည်။မြန်မာနိုင်ငံကို အင်္ဂလိပ်များ စတင်ဝင်ရောက်ပြီးနောက် မှတ်တမ်းများအရ ၁၈၂၇ ခုနှစ်တွင် စစ်တွေစာတိုက်ကိုလည်းကောင်း၊ ၁၈၅၂ ခုနှစ်တွင် ပဲခူးစာတိုက်ကိုလည်းကောင်း၊ ၁၈၅၄ ခုနှစ်တွင် ရန်ကုန်စာတိုက်ကြီး ကိုလည်းကောင်းဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်များ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကိုသိမ်းယူပြီးနောက် စာတိုက်နှင့် ကြေးနန်းလုပ်ငန်းနှစ်ခုကိုပူးတွဲ၍ အုပ်ချုပ်ခဲ့ပါသည်