Testing for blog

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး | Jun 24, 2022

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက် ခဲ့တဲ့ ကူးစက်ရောဂါဆိုးကြီး ဟာ နောက်ပိုင်း COVID-19 လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ်ရောက်ရှိခဲ့ပါတယ်။ ကပ်ရောဂါ ကြီးကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ၊ အသက်ဆုံးရှုံးမှုတွေ များစွာ ဖြစ်ပေါ်ခဲ့သလို ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ကမ္ဘာ့စီးပွားရေးကိုလည်း ထင်မှတ်မထားတဲ့ အခြေအနေအထိ ကျဆင်းသွားစေခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ကုန်သွယ်မှု အခြေ အနေကလည်း ၉.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သလို ကမ္ဘာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေက လည်း ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး ထိခိုက်မှုနဲ့အတူ အာဆီယံရဲ့ စီးပွားရေးဟာလည်း ကြီးမားတဲ့ ထိခိုက်မှုတွေ ခံစားခဲ့ရပါတယ်။ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက် အတွင်းမှာ အာဆီယံရဲ့ ကုန်သွယ်မှုက ၁၂.၄ ရာခိုင်နှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၃၂.၉ ရာခိုင် နှုန်း၊ ပြည်ပခရီးသွား ဝင်ရောက်မှုက ၇၁.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ကမ္ဘာ့စီးပွား ရေးထိခိုက်မှု၊ အာဆီယံစီးပွားရေး ထိခိုက်မှုနဲ့အတူ မြန်မာပြည်ရဲ့ စီးပွားရေးမှာလည်း ကဏ္ဍ အသီးသီးအပေါ် ထိခိုက်မှုတွေ ကြီးမားခဲ့ပါတယ်။