သင်္ဘောကျင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန | Jun 28, 2022

ဝန်ဆောင်မှု ရယူရန် အခြေခံ လိုအပ်ချက်များ

 

၁။      ဤ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရရှိသည့် ကုမ္ပဏီ/ အဖွဲ့အစည်း/ လုပ်ငန်းရှင်များသည် ယင်း လိုင်စင်အား  အခြားတစ်ဦးဦးသို့ ထပ်ဆင့် လွှဲပြောင်း လုပ်ကိုင်စေခြင်း မပြုရ။

၂။      လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသူသည် နိုင်ငံတော်၊ ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့မှ ပြဋ္ဌာန်း ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ များ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက် နာရမည်။

၃။      သင်္ဘောကျင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက် ထားသည့်အခါတွင်ဖြစ်စေ၊ လိုင်စင် သက်တမ်း တိုးမြှင့်သည့် အခါတွင်ဖြစ်စေ၊ တစ်နှစ်လျင် သတ်မှတ် လိုင်စင်ကြေးအဖြစ် တပြိုင်တည်း လွန်းတင်နိုင်သည့် ရေယာဉ်စုစုပေါင်း တန်ချိန် ၅၀မှ ၂၀၀၀ အထိ  ကျပ် တစ်ဆယ့်ငါးသိန်း၊ တန်ချိန် ၂၀၀၁ မှ ၁၀၀၀၀ အထိ ကျပ် သုံးဆယ်သိန်းနှင့် တန်ချိန် ၁၀၀၀၀ အထက် ကျပ် လေးဆယ့်ငါးသိန်းကို ပေးသွင်းရမည်။

၄။      သင်္ဘောကျင်းလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် သက်တမ်းမှာ (၁)နှစ်ဖြစ်ပြီး သက်တမ်း မကုန်ဆုံးမီ (၃၀) ရက်အတွင်း သက်တမ်းတိုးမြှင့် ဆောင်ရွက်ရမည်။

၅။      သင်္ဘောကျင်းလုပ်ငန်း လိုင်စင်သက်တမ်းတိုး လျှောက်ထားသည့်အခါ၊ မူလ ထုတ်ပေးထားသည့် လိုင် စင်ကို တင်ပြရမည်ဖြစ်သည်။ လိုင်စင် သက်တမ်းတိုး ခြင်းအား အချိန်မီ ဆောင်ရွက်ခြင်းမပြုဘဲ သတ်မှတ် ရက်ထက် ၁လ (ရက်ပေါင်း ၃၀)အတွင်း  ကျော်လွန်ပက ဒဏ်ကြေးအဖြစ် ကျပ် တစ်သိန်း၊ ၁လ(ရက် ပေါင်း ၃၀)ထက် ကျော်လွန်ပါက ကျပ် နှစ်သိန်း၊ ၂လ  (ရက် ပေါင်း ၆၀)ထက် ကျော်လွန်ပါ က ကျပ် သုံးသိန်း၊ ၃လ (ရက်ပေါင်း ၉၀)ထက် ကျော်လွန်ပါက ကျပ် တစ် ဆယ်သိန်းနှင့် ၄ လ (ရက်ပေါင်း ၁၂၀) ထက်  ကျော် လွန်ပါကလိုင်စင်အပြီး ပိတ်သိမ်းခြင်း ခံရမည်။  သက် တမ်း မကုန်ဆုံးမီ ထုတ် ပေးထားသည့် လိုင်စင်ပျက်စီး ပျောက်ဆုံးသဖြင့် အသစ် လျှောက်ထားခြင်း အတွက် ဒဏ်ကြေးအဖြစ် ကျပ် တစ်သိန်းပေးဆောင်ရမည်။

၆။      သင်္ဘောကျင်းလုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်း ဆောင် ရွက်ပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ တည်ဆဲ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်။

၇။      ဤလုပ်ငန်းလိုင်စင်အရ ခွင့်ပြုထားသော လုပ် ငန်းမှအပ အခြားလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခွင့် မရှိ။

၈။      လုပ်ငန်းလိုင်စင်တွင် ခွင့်ပြုထားသည့် ရေယာဉ် အရွယ် အစား၊ တန်ချိန်နှင့် လုပ်ငန်းပမာဏအပေါ် မူတည် ၍ ကိုက်ညီ သည့် အဆောက်အအုံများ၊ စက်ပစ္စည်း စက်ယန္တရားများ ပြည့်စုံ လုံလောက်စွာ ထားရှိရမည်။

၉။      သင်္ဘောကျင်းလုပ်ငန်း ဆောင်ရွက်ကြသည့် အင် ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများသည်  အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန် ကြီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ လုပ်ငန်း ကျွမ်းကျင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည် ဖြစ်သည်။

၁၀။    လွန်းကျင်းကြံ့ခိုင်ရေး၊ လွန်းတင် လွန်းချသည့် ရေယာဉ်များ ထိခိုက်မှု အန္တရာယ်မရှိစေရေးအတွက် လုပ်ငန်း လိုင်စင်ရယူသူမှ တာဝန်ယူရမည်။