မိုဘိုင်းလ်ဆက်သွယ်ရေးတာဝါများနှင့် သင့်ကျန်းမာရေး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် | Jun 24, 2022

နိုင်ငံတကာလူ့အဖွဲ့အစည်းများမှ International Agency for search on Cancer (IARC) မှ အများ ပြည်သူကိုင်တွယ်နေသော မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများသည် ဦးခေါင်းပိုင်းနှင့် လည်ပင်းပိုင်းတွင် ဖြစ်ပွားတတ် သော ကင်ဆာတို့၏ဆက်စပ်မှုကို သုတေသနများပြု၍ အသေးစိတ်ဆန်းစစ်လေ့လာရာတွင် မိုဘိုင်းလ်ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုသူလူအများ၏ (၁၀ %) တွင် ဦးနှောက်တွင်းဖြစ်သော အလုံးအကြိတ်များဖြစ်သည့် Giloma ဖြစ်နိုင်ချေမြင့်မားကြောင်းကို လေ့လာဆန်းသစ်မှုများအရတွေ့ရှိရသော်လည်း ခိုင်မာသော အထောက် အထားများမတွေ့ရှိရကြောင်း သိရှိရသည်။

ထို့အပြင် သုတေသနပြုစမ်းသပ်ချက်များအရ တာဝါများမှထွက်ရှိသည့် လျှပ်စစ်သံလိုက်လှိုင်းသည် လူသားများတွင် ကင်ဆာဖြစ်နိုင် ချေရှိသည့် (possibly carcinogenic to humans) အုပ်စု (Group 2B) တွင် ပါဝင်သည်ဟု IARC က သတ်မှတ်ခဲ့သော်လည်း သတ်မှတ်စံနှုန်း ပမာဏထက် ကျော်လွန်ခြင်းမရှိသောလျှပ်စစ်သံလိုက်လှိုင်းများနှင့် ထိတွေ့မှုများသောကြောင့် လူတို့၏ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း အထောက်အထားများ တွေ့ရှိရခြင်းမရှိကြောင်း သိရသည်။

ဈေး၊ ကျောင်း၊ ဆေးရုံနှင့် သာသနာရေးအဆောက် အအုံများအတွက် လူအများစုဝေးရာနေရာများတွင် လျှပ်စစ်သံလိုက်စက်ကွင်း EMF ပမာဏ မည်မျှရှိသည်ကို နိုင်ငံတကာအသိအမှတ်ပြုစက်များဖြင့် တိုင်းတာလျက်ရှိသည်။ တစ်ဦးချင်းအနေနှင့် လျှပ်စစ်သံလိုက်စက်ကွင်း EMF ပမာဏမြင့်တက်နေကြောင်း အထောက်အထားတစ်ခုခုအရ တိုင်းတာပေးရန် တင်ပြလာလျှင် ဆောင်ရွက်ပေးနိုင်ရန်စီစဉ်ထားသည်။

နိုင်ငံတကာသုတေသနပြု လေ့လာတွေ့ရှိချက်များအရ လျှပ်စစ်သံလိုက်လှိုင်းများနှင့် ပတ်သက်၍ လူတို့ခံစားရသည်ဟုပြောသော လက္ခဏာများဖြစ်သည့် ခေါင်းကိုက်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ပျို့အန်ခြင်း၊ လိင်စိတ်နည်းပါးခြင်း၊ အားနည်းခြင်းများသည်
လျှပ်စစ်သံလိုက်လှိုင်းများနှင့် ထိတွေ့ဆက်စပ်မှုရှိကြောင်း အထောက်အထားမပြနိုင်ခဲ့ကြောင်း သိရသည်။