ဌာနအခြေပြုလုပ်ငန်းမျာ
ဌာနအခြေပြုလုပ်ငန်းမျာ
Ministry of Social Welfare, Relief & Resettlement / July 21, 2022
မူလတန်းကြိုကျောင်းများဖွင့်လှစ်ခြင်း
လူမှုဝန်ထမ်းဦးစီးဌာနအနေနှင့် ကဏ္ဍအားလုံးတွင် မြို့ပြနှင့်ကျေးလက် လူထုများအကြား ကွာခြားမှုမရှိစေရန်အတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနအခြေပြုလုပ်ငန်းအနေဖြင့် ၁၉၅၃ ခုနှစ်မှ စတင်ပြီး မူလတန်းကြိုကျောင်းများ တည်ထောင်ဖွင့်လှစ်ခဲ့ရာ တစ်နိုင်ငံလုံးမှာ မူလတန်းကြိုကျောင်း (၁၄၂)ကျောင်းနှင့် နေ့ကလေးထိန်းကျောင်း (၁)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် အတွင်းမှာလည်း ဆက်လက်တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ပါသည်။
ရည်ရွယ်ချက်
၁။ မူလတန်းကြိုအရွယ် ကလေးငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံ ရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးအတွက် စနစ်တကျပြုစုပျိုးထောင်ပေးရန်။
၂။ ရင်သွေးငယ်များသည်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေပါပြဌာန်းချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်။
၃။ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း
ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များနှင့် အခါအားလျော်စွာ ပူးပေါင်း ဆောင်ရွက်၍ ရင်သွေးငယ်
များအား မူလတန်းကျောင်းများသို့ အခြေခံကောင်းစွာဖြင့် ဝင်ရောက်နိုင်ရေးအတွက် ပျိုးထောင်ပေးရန်။
မူလတန်းကြိုကျောင်းလှုပ်ရှားမှုများ
မူလတန်းကြိုကျောင်းများရှိ ကလေးငယ်များဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ပဒေသာကပွဲများကျင်းပခြင်း၊
ကလေးများနေ့အခမ်းအနားများ၊ လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲ အခမ်းအနားများ အာဇာနည်နေ့ဟောပြောပွဲအခမ်းအနားများကျင်းပခြင်း၊
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်များတွင် ချစ်စရာ့အရွယ်ကစားကြမယ် အစီအစဉ်ရိုက်ကူးတင်ဆက်ပြသခြင်း၊
မိဘ အသိပညာပေးဆွေးနွေးပွဲများကို တစ်နှစ်လျှင်(၄)ကြိမ် ပြုလုပ်ပေးခြင်း၊