online service တင်ခြင်း
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ရုံးသုံးစက်ကိရိယာ ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Constitutional Tribunal of the Union of Myanmar / June 24, 2022
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ရုံးသုံးစက်ကိရိယာ ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
နိုင်ငံခြားသား အလုပ်သမား မှတ်ပုံတင် ပြုလုပ်ရန် လိုအပ်မည့် အထောက်အထားများ
Ministry of Labour / December 17, 2021
နိုင်ငံခြားသား အလုပ်သမား မှတ်ပုံတင် ပြုလုပ်ရန် လိုအပ်မည့် အထောက်အထားများ
Ministry of Labour / December 17, 2021
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ၁-၁-၁၉၉၇ ရက်နေ့မှ စတင်၍ နိုင်ငံခြားသား အလုပ်သမား မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုများမှာ
Chin State Government / October 05, 2021
online service တင်ခြင်း
Constitutional Tribunal of the Union of Myanmar / June 23, 2022
၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာ(၃)နေရာအတွက် ဥပဒေဘွဲ့(LL.B) ရရှိသူများ လျှောက်ထားနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဂ) ၁၅-၇-၂၀၂၂ ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဃ) ကွန်ပျူတာကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံအား www.constitutionaltribunal.gov.mm တွင် Download ရယူနိုင်ပြီး လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများကိုပူးတွဲ၍ လျှောက်ထားရမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
(ခ) ဘွဲ့လက်မှတ်မိတ္တူ (သို့မဟုတ်) ယာယီဘွဲ့ထောက်ခံစာမိတ္တူ၊
(ဂ) ကွန်ပျူတာသင်တန်းဆင်းလက်မှတ်မိတ္တူ (ရှိလျှင်)၊
(ဃ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ၊ (မူရင်းအားလူတွေ့လာရောက်ဖြေဆိုသည့်အခါပြသနိုင်ရမည်။)
(င) (၃)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၃)ပုံ (ကျောဘက်တွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ရေးသားရန်)၊
(စ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊
(ဆ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်းနှင့် သက်ဆိုင်ရာနယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊
(ဇ) ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးလက်မှတ်ထောက်ခံချက်မူရင်း၊
(ဈ) အလုပ်ခန့်ထားခြင်းခံရပါက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်နိုင်ကြောင်း ကတိဝန်ခံချက်။
၄။ နိုင်ငံ့ဝန်ထမ်းမဟုတ်သူများသည် လျှောက်လွှာကို အမြဲတမ်းအတွင်းဝန်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် (၅၄)၊ နေပြည်တော်သို့လိပ်မူ၍ လူကိုယ်တိုင် (သို့မဟုတ်) စာတိုက်မှ တစ်ဆင့် (သို့မဟုတ်) tribunalpersonneldep@gmail.com သို့ ၁၅-၇-၂၀၂၂ ရက် (သောကြာနေ့) နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။
၅။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာနှင့်အထောက်အထားများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ၁၅-၇-၂၀၂၂ ရက်နေ့နောက်ဆုံးထား၍ ပေးပို့ရန်နှင့် ကြိုတင်လျှောက်လွှာမိတ္တူ(၁)စောင်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တိုက်ရိုက်ပေးပို့ရန်ဖြစ်ပါသည်။
၆။ လျှောက်ထားသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များ ပါဝင်သည့် ရေးဖြေစာမေးပွဲကို ၁၇-၇-၂၀၂၂ ရက်(တနင်္ဂနွေနေ့) ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ လည်းကောင်း၊ လူတွေ့စစ်ဆေးခြင်းကို ယင်းနေ့ ၁၄:၀၀ နာရီတွင်လည်းကောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၌ ဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲဖြေဆိုခွင့်ကတ်များကို ၁၆-၇-၂၀၂၂ ရက် (စနေနေ့) ၀၉:၃၀ နာရီမှ ၁၆:၃၀ နာရီအတွင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၌ လာရောက် ထုတ်ယူရမည်။ စာမေးပွဲဖြေဆိုခွင့်ကတ်လာရောက်ထုတ်ယူချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်မူရင်း အပါအဝင် လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြခဲ့သည့် စာရွက်စာတမ်းမိတ္တူများ၏မူရင်းများကို တစ်ပါတည်းယူဆောင်လာရမည်။
၇။ အသေးစိတ်သိရှိလိုပါက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဝန်ထမ်းရေးရာဌာနခွဲ (ဖုန်း ၀၆၇-၃၄၃၀၂၄၂) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဂ) ၁၅-၇-၂၀၂၂ ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဃ) ကွန်ပျူတာကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။
(က) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
(ခ) ဘွဲ့လက်မှတ်မိတ္တူ (သို့မဟုတ်) ယာယီဘွဲ့ထောက်ခံစာမိတ္တူ၊
(ဂ) ကွန်ပျူတာသင်တန်းဆင်းလက်မှတ်မိတ္တူ (ရှိလျှင်)၊
(စ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊
(ဇ) ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးလက်မှတ်ထောက်ခံချက်မူရင်း၊
-
online service တင်ခြင်း
- online service တင်ခြင်း
-
online service တင်ခြင်း
- online service တင်ခြင်း
online service တင်ခြင်း
(1) online service တင်ခြင်း