ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်
-
TOPICS
- View All
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
Apply for Obtaining the Recommendation on Chemical and Related Substances for the Permission of Trading as Transit through the Nation
Ministry of Industry / September 25, 2018
Apply for Obtaining the Recommendation for Import of Chemical and Related Substances
Ministry of Industry / September 24, 2018
Apply for Obtaining the Recommendation for Export of Chemical and Related Substances
Ministry of Industry / September 24, 2018
ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်
Ministry of Industry / September 30, 2021
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
မြင်းကောင်ရေသုံးကောင်အားနှင့်အထက်ရှိသော အားတစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လုပ်ခစား အလုပ်သမား တစ်ဆယ်ဦးနှင့် အထက်ဖြင့်ဖြစ်စေ ပုဂ္ဂလိကစက်မှုလုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ကိုင်နေသူသည် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ စက်မှုမှတ်ပုံတင်ရပါမည်။
ပုဂ္ဂလိကစက်မှုလုပ်ငန်းဆိုသည်မှာ ပုဂ္ဂလိကတစ်ဦးချင်းဖြစ်စေ၊ အစုစပ်ဖြစ်စေ၊ ကုမ္ပဏီ တည်ထောင်၍ဖြစ်စေ၊ စက်မှုလုပ်ငန်းလုပ်ကိုင်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် အစိုးရနှင့် ဖက်စပ်လုပ်ကိုင်သည့် စက်မှုလုပ်ငန်းများ မပါဝင်ပါ။ စက်မှုလုပ်ငန်းဆိုသည်မှာ အားတစ်မျိုးမျိုးကို အသုံးပြု၍ အဆောက်အအုံတစ်ခုခုတွင် ကုန်ကြမ်းပစ္စည်းမှ ကုန်ချောပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း (အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မပါဝင်) ကိုဆိုလိုသည်။
ဝန်ဆောင်ခ
မှတ်ပုံတင်ကြေးသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် | လုပ်ငန်း | လုပ်ငန်းသစ် | သက်တမ်းတိုးခြင်း | ပြောင်းလဲခြင်း | |||||
မှတ်ပုံတင်ခ | ဒဏ်ကြေး (ရက် ၃၀) |
မှတ်ပုံတင် သက်တမ်းတိုး ဆောင်ရွက်ခ |
ဒဏ်ကြေး (ရက် ၆၀) |
လုပ်ငန်းအမည် | တည်နေရာ | လုပ်ငန်းရှင်/ ပိုင်ဆိုင်မှု |
စက်မှု မှတ်ပုံတင်ဆိုင်ရာ အချက်အလက်များ |
||
၁ | အကြီးစား | ၅၀,၀၀၀ | ၂၅,၀၀၀ | ၄၀,၀၀၀ | ၂၀,၀၀၀ | ၂၅,၀၀၀ | ၂၅,၀၀၀ | ၅၀,၀၀၀ | ၅၀,၀၀၀ |
၂ | အလတ်စား | ၂၅,၀၀၀ | ၁၂,၅၀၀ | ၂၀,၀၀၀ | ၁၀,၀၀၀ | ၁၂,၅၀၀ | ၁၂,၅၀၀ | ၂၅,၀၀၀ | ၂၅,၀၀၀ |
၃ | အငယ်စား | ၁၂,၀၀၀ | ၆,၀၀၀ | ၁၀,၀၀၀ | ၅,၀၀၀ | ၆,၀၀၀ | ၆,၀၀၀ | ၁၂,၀၀၀ | ၁၂,၀၀၀ |
ပုဂ္ဂလိကစက်မှုလုပ်ငန်းများကို အောက်ပါအတိုင်း အရွယ်အစား(၃) မျိုး ခွဲခြားသတ်မှတ်၍ မှတ်ပုံတင်ပါသည်-
စဉ် | စက်မှုလုပ်ငန်း အရွယ်အစား |
အလုပ်သမား (ဦးရေ) |
မြင်းကောင်ရေ (HP) |
ရင်းနှီးမြှုပ်နှံမှု (ကျပ်သန်း) |
ကုန်ထုတ်လုပ်မှုတန်ဖိုး (ကျပ်သန်း) |
၁ | အငယ်စား | ၅၀ ထိ | ၂၅ ထိ | ၁ ထိ | ၂.၅ ထိ |
၂ | အလတ်စား | ၅၀ အထက်မှ ၁၀၀ ထိ | ၂၅ အထက်မှ၅၀ ထိ | ၁ အထက်မှ ၅ ထိ | ၂.၅ အထက်မှ ၁၀ ထိ |
၃ | အကြီးစား | ၁၀၀ အထက် | ၅၀ အထက် | ၅ အထက် | ၁၀ အထက် |
အငယ်စား ၊ မတည်ရင်းနှီးငွေကျပ်(၁)သန်းအထိ သို့မဟုတ် ကုန်ထုတ်လုပ်မှု တန်ဘိုး တစ်နှစ်လျှင် ကျပ်(၂.၅)သန်းအထိ သို့မဟုတ် မြင်းကောင်ရေ (၂၅)ကောင်အားအထိ သို့မဟုတ် အလုပ်သမား (၅၀) ဦးအထိရှိခြင်း။
အလတ်စား၊ မတည်ရင်းနှီးငွေကျပ်(၅)သန်းအထိ သို့မဟုတ် ကုန်ထုတ်လုပ်မှုတန်ဘိုး တစ်နှစ်လျှင် ကျပ်(၁၀)သန်းအထိ သို့မဟုတ် မြင်းကောင်ရေ (၅၀) ကောင်အားအထိ သို့မဟုတ် အလုပ်သမား (၁၀၀) ဦးအထိ ရှိခြင်း။
အကြီးစား၊ မတည်ရင်းနှီးငွေကျပ်(၅)သန်းအထက် သို့မဟုတ် ကုန်ထုတ်လုပ်မှုတန်ဘိုး တစ်နှစ်လျှင် ကျပ် (၁၀) သန်းအထက် သို့မဟုတ် မြင်းကောင်ရေ (၅၀) ကောင်အားအထက် သို့မဟုတ် အလုပ်သမား (၁၀၀)ဦး အထိ ရှိခြင်း။
လိုအပ်သော စာရွက်စာတမ်းများ
၁။ | ပုဂ္ဂလိက စက်မှုလုပ်ငန်း မှတ်ပုံတင်လျှောက်လွှာ | |
၂။ | မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် သက်ဆိုင်သည့်ကိစ္စရပ်များ | |
(က) | မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် | |
၃။ | ကုမ္ပဏီနှင့်သက်ဆိုင်သည့် လိုအပ်သော အချက်အလက်များ | |
(က) | ကုမ္ပဏီမှတ်ပုံတင်လက်မှတ် | |
(ခ) | ထုတ်ကုန် သွင်းကုန်လိုင်စင် | |
၄။ | လုပ်ငန်းရှင်နှင့် ပတ်သက်သော သတင်းအချက်အလက်များ | |
(က) | လုပ်ငန်းရှင်၏ နိုင်ငံကူးလက်မှတ်အရွယ် ဓာတ်ပုံ (၃) ပုံ (Passport size) | |
(ခ) | လုပ်ငန်းရှင်သည် နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်မိတ္တူနှင့် ကိုယ်ရေးမှတ်တမ်း (CV form) (သို့) နိုင်ငံသားဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနှင့် အိမ်ထောင်စုဇယားမိတ္တူ | |
၅။ | အခြားလိုအပ်သော အထောက်အထားများ | |
(က) | လုပ်ငန်းသည် စက်မှုဇုန်နယ်မြေအတွင်းတွင် တည်ရှိပါက စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ ထောက်ခံစာ (သို့) စက်မှုဇုန်နယ်မြေပြင်ပတွင် တည်ရှိပါက သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့၏ ထောက်ခံစာ | |
(ခ) | လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ အခြားလိုအပ်သော ထောက်ခံစာများ | |
ဥပမာ- စားသောက်ရေးဆိုင်ရာလုပ်ငန်းများ - FDA ထောက်ခံစာ၊ ဆားလုပ်ငန်းဖြစ်ပါက သတ္တုတွင်းဦးစီးဌာန၏ ဆားထုတ်လုပ်ခွင့်လိုင်စင်၊ | ||
သစ်နှင့်သစ်အခြေခံလုပ်ငန်းဖြစ်ပါက သစ်တောဦးစီးဌာန၏ Saw Mill လိုင်စင်၊ ငါး/ပုစွန်အအေးခန်းလုပ်ငန်းဖြစ်ပါက ငါးလုပ်ငန်းဦးစီးဌာန လိုင်စင် | ||
၆။ | မြေနေရာ၊ အဆောက်အဦးနှင့် ပတ်သက်သော သတင်းအချက်အလက်များ | |
(က) | ကိုယ်ပိုင်မြေဖြစ်လျှင် မြေပိုင်ဆိုင်မှုအထောက်အထား ဂရန်မိတ္တူ | |
(ခ) | အငှားမြေဖြစ်လျှင် မြေအငှားစာချုပ် မိတ္တူ | |
၇။ | အလုပ်သမားခန့်ထားခြင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ | |
(က) | လူမှုဖူလုံရေးအဖွဲ့ အလုပ်ရှင်မှတ်ပုံတင်အမှတ် | |
၈။ | လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ | |
(က) | လျှပ်စစ် ဓာတ်အားအသုံးပြုခြင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ် | |
(ခ) | ဂျင်နရေတာ အသုံးပြုပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ မှတ်ပုံတင်လက်မှတ် | |
၉။ | ဘွိုင်လာအသုံးပြုခြင်းများရှိပါက ဘွိုင်လာအသုံးပြုခွင့်လက်မှတ် | |
၁၀။ | ကုန်ထုတ်လုပ်မှုနည်းစဉ် | |
၁၁။ | ဓာတ်ပုံမှတ်တမ်း | |
(က) | အဆောက်အဦး၏ ရှေ့၊ နောက်၊ ဝဲ၊ ယာပုံ | |
(ခ) | စက်များ၏ပုံ | |
(ဂ) | ဂျင်နရေတာ/ ထရန်စဖော်မာများ၏ပုံ | |
(ဃ) | ကုန်ကြမ်းများနှင့် ကုန်ချောများ ၏ပုံ |
လျှောက်ထားရန်အဆင့်များ
- လုပ်ငန်းရှင်သည် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေဦးစီးဌာနရုံး၊ ခရိုင်ရုံးများသို့ ပုံစံ (က) (၃) စောင်ကို ပိုင်ရှင်၏ လိုင်စင်ဓါတ်ပုံ (၃) ပုံနှင့်အတူ ပေးပို့ လျှောက်ထားရပါသည်။ သို့မဟုတ် ဖော်ပြပါ link တွင် ဝင်ရောက်၍ online မှ လျှောက်ထား နိုင်ပါသည်။ http://disi.gov.mm/index.php/site/login.html (Online မှ လျှောက်ထား ပါက ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းပြန်ကြားပေးပါမည်။)
- လျှောက်လွှာတွင် ဖော်ပြချက်များ မှန်ကန်မှု ရှိ/မရှိ၊ တည်ဆဲဥပဒေအရ ညီညွတ်မှု ရှိ/မရှိကို ရုံးမှ ပုံစံ(ခ)ဖြင့် ကွင်းဆင်းစစ်ဆေးပါသည်။
- ကွင်းဆင်းစိစစ်ပြီးပါက တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေဦးစီးဌာနမှူးသည် လျှောက်လွှာနှင့် ပုံစံ(ခ) များအား မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ ကြီးကြပ်အဖွဲ့သို့ တင်ပြပါသည်။
- ဦးစီးဌာန ကြီးကြပ်အဖွဲ့အစည်းအဝေးကျင်း၍ အဆိုပါ လုပ်ငန်းအား မှတ်ပုံတင်ရန် ထောက်ခံ ခြင်း/ ငြင်းပယ်ခြင်းပြုသည့် ကြီးကြပ်အဖွဲ့၏ သဘောထားမှတ်ချက်ကို တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စု နယ်မြေဦးစီးဌာနရုံးမှတဆင့် ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြပါသည်။
- စက်မှုကြီးကြပ်ရေးအဖွဲ့၏ သဘောထားမှတ်ချက်အပေါ် စိစစ်၍ ညွှန်ကြားရေးမှူးချုပ်သည် အရွယ်အစားအလိုက် မှတ်ပုံတင်ခွင့်ပြုခြင်း၊ မှတ်ပုံတင်ခွင့်အား ငြင်းဆိုခြင်း ဆောင်ရွက် ပါသည်။ အကြီးစား ပုဂ္ဂလိကစက်မှုလုပ်ငန်းဖြစ်ပါက မှတ်ပုံတင်လက်မှတ် ပုံစံ(ဂ)အား ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ်ရေးထိုး ခွင့်ပြုမိန့်ထုတ်ပေးပါသည်။
- အငယ်စားနှင့် အလတ်စား ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ မှတ်ပုံတင်လက်မှတ်များကို ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စု နယ်မြေ ဦးစီးဌာနမှူးများမှ ပုံစံ (ဂ)တွင် ကိုယ်စားလက်မှတ်ရေးထိုး၍ မှတ်ပုံတင်ခွင့်ပြုမိန့် ထုတ်ပေးပါသည်။
မှတ်ချက်
- ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးသည့် လုပ်ငန်းရှင်အား မှတ်ပုံတင်ကြေးပေးသွင်း၍ စက်မှုမှတ်ပုံတင်လက်မှတ် ထုတ်ယူနိုင်ကြောင်း အကြောင်းကြားမည်ဖြစ်ပါသည်။
- စက်မှုလုပ်ငန်းရှင်မှ မှတ်ပုံတင်ကြေးပေးဆောင်ပြီးကြောင်း အထောက်အထားတင်ပြသည့် အခါတိုင်း ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနရုံးက မှတ်ပုံတင် လက်မှတ်ကို ထုတ်ပေးပါသည်။
- ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးသည် မှတ်ပုံတင်ကြေး နောက်ဆုံးပေးသွင်းရမည့်ရက်ကို သတ်မှတ်ပေးမည်ဖြစ်ပါသည်။ သတ်မှတ်ရက်ထက် နောက်ကျ၍ပေးသွင်းပါက နောက်ထပ်ရက်ပေါင်း (၃၀) အတွင်း ပေးသွင်းနိုင်ပြီး မှတ်ပုံတင်ကြေးအပြင် ဒဏ်ကြေး (မှတ်ပုံတင်ကြေး၏ ၅၀%) ပေးဆောင်ရပါသည်။ ဆက်လက်၍ပေးဆောင်ရန် ပျက်ကွက်ပါက မှတ်ပုံတင်ခွင့်ပြုခြင်း ပယ်ဖျက်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်၊
တယ်လီဖုန်းနံပါတ်-၀၆၇-၄၀၈၄၄၅၊ ၀၆၇-၄၀၈၂၉၁၊ ၀၆၇-၄၀၈၃၃၄ (FAX)
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှု၀န်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်၊
တယ်လီဖုန်းနံပါတ်-၀၆၇-၄၀၈၄၄၅၊ ၀၆၇-၄၀၈၂၉၁၊ ၀၆၇-၄၀၈၃၉၁ (FAX)
တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေအလိုက် ဆက်သွယ်ရမည့်လိပ်စာများ
Download PDF