အခွန်အယူခံခုံအဖွဲ့သို့ အခွန်အကောက်ဆိုင်ရာအမှုများ လျှောက်ထားခြင်း





အခွန်အယူခံခုံအဖွဲ့သို့ အခွန်အကောက်ဆိုင်ရာအမှုများ လျှောက်ထားခြင်း


Ministry of Planning and Finance / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

တည်ဆဲအခွန်အ‌ကောက်ဆိုင်ရာ ဥပဒေများအရ အခွန် စည်းကြပ်ခြင်း ၊ ဒဏ်‌ငွေ တပ်ရိုက်ခြင်း ၊ ပစ္စည်းနှင့်ယာဉ်များကို   ပြည်သူ့ဘဏ္ဍာအဖြစ်  သိမ်းဆည်းခြင်းတို့ အပါအ၀င် ၄င်း အချက်များအပေါ်တွင် ကျေနပ်မှု မရှိပါက ပင်လယ် ကြောင်းအ‌ကောက်ခွန် ဥပဒေပုဒ်မ ၁၈၈ ၊ ဝင်‌ငွေခွန် ဥပဒေပုဒ်မ ၃၃(က)၊ ကုန်သွယ်လုပ်ငန်းခွန်ဥပ‌ဒေပုဒ်မ ၁၉(က)(၂)နှင့် အထူး ကုန်စည်ခွန်ဥပဒေပုဒ်မ ၂၁(က)(၂) တို့အရ အယူခံတက်‌ရောက် နိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

အခွန်အယူခံခုံအဖွဲ့သို့ အခွန်အကောက်ဆိုင်ရာ အမှုများ တင်သွင်းလျှောက် ထားလာပါက  အောက်ဖော်ပြပါ စာရွက် စာတမ်းအထောက်အထားများ ပါဝင်ရမည် ဖြစ်ပါသည်-

အကောက်ခွန်အယူခံမှု လျှောက်ထားခြင်း

(က)     ရုံးခွန်တံဆိပ်ခေါင်း ကပ်ထားသော အယူခံလျှောက်လွှာ မူရင်း(၁) စောင်၊ မိတ္တူ(၆)စောင်

(ခ)       သက်ဆိုင်ရာမြို့နယ်အကောက်ခွန်ဦးစီးဌာန သို့မဟုတ် အကောက်ခွန် ဦးစီးဌာန (ရုံးချုပ်)မှ ချမှတ်သည့် သိမ်းဆည်းမိန့် သို့မဟုတ် ဒဏ်ငွေ တပ်ရိုက် သည့်အမိန့်၏ တာဝန်ခံမိတ္တူ (Certified Copy)မူရင်း (၁)စောင်နှင့် မိတ္တူ (၆)စောင်

(ဂ)       အမှုအတွက် တင်သွင်းလိုသည့် စာရွက်စာတမ်းများ၊ မူရင်း ခွဲ(၁) စောင် နှင့် မိတ္တူ(၆)စောင်၊

(ဃ)     နစ်နာသူကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ဘဲ အကျိုးဆောင်ရှေ့နေ ဖြင့် လျှောက်ထားခြင်း ဖြစ်ပါက ရုံးခွန်တံဆိပ်ခေါင်း ကပ်ထားသော တရားမရှေ့နေ ကိုယ်စားလှယ်လွှဲစာ (Civil Power of Attonery) မူရင်း(၁)စောင်နှင့် မိတ္တူ(၆)စောင်၊ ကိုယ်စား လှယ် ဖြစ်ပါက အယူခံ တရားလို (နစ်နာသူ)မှ တရားဝင် လွှဲအပ်သည့် Special Power သို့မဟုတ် General Power မူရင်း (၁)စောင်နှင့် မိတ္တူ(၆)စောင်

ဝင်ငွေခွန်အယူခံမှုလျှောက်ထားခြင်းနှင့် ကုန်သွယ်လုပ်ငန်းခွန်အယူခံမှု လျှောက်ထားခြင်း

(က)     ရုံးခွန်တံဆိပ်ခေါင်း ကပ်ထားသော အယူခံလျှောက်လွှာ (အခွန်အယူခံ ခုံအဖွဲ့၏ သတ်မှတ်ပုံစံ) မူရင်း(၁)စောင်နှင့် မိတ္တူ(၆)စောင်

(ခ)       သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ချမှတ်သည့် စည်းကြပ် အမိန့်၏ တာဝန်ခံမိတ္တူ (Certified Copy)မူရင်း(၁)စောင်နှင့် မိတ္တူ (၆)စောင်

(ဂ)       သက်ဆိုင်ရာပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံး၊ ဦးစီးဌာနမှူးမှ ချမှတ်သည့် အယူခံအမိန့်၏ (Certified Copy) မူရင်း (၁)စောင်နှင့် မိတ္တူ (၆)စောင်

(ဃ)     အခွန်ထမ်းမှ အယူခံမဝင်ခင် အခကြေးငွေ ၁၀၀၀ ကျပ် ပေးသွင်းပြီး ကြောင်း ထောက်ခံချက်

(င)       အမှုအတွက် တင်သွင်းလိုသည့် စာရွက်စာတမ်းများ၊ မူရင်း ခွဲ (၁)စောင် နှင့် မိတ္တူ(၆)စောင်၊

(စ)  နစ်နာသူကိုယ်တိုင်  လျှောက်ထားခြင်းမဟုတ်ဘဲ  အကျိုး ဆောင်ရှေ့နေ ဖြင့် လျှောက်ထားခြင်းဖြစ်ပါက ရုံးခွန် တံဆိပ်ခေါင်း ကပ်ထားသော တရားမရှေ့နေ ကိုယ်စား လှယ်လွှဲစာ (Civil Power of Attonery) မူရင်း (၁)စောင်နှင့် မိတ္တူ(၆)စောင်၊ ကိုယ်စား လှယ်ဖြစ်ပါက အယူခံ တရားလို (နစ်နာသူ)မှ တရားဝင်လွှဲအပ်သည့် Special Power သို့မဟုတ် General Power မူရင်း (၁)စောင်နှင့် မိတ္တူ(၆)စောင်

အကောက်ခွန်ပြန်လည်သုံးသပ်မှုနှင့် ပြင်ဆင်မှု လျှောက် ထားခြင်း

(က)     ရုံးခွန်တံဆိပ်ခေါင်း ကပ်ထားသော ပြန်လည်သုံးသပ်မှု၊ ပြင်ဆင်မှု လျှောက်လွှာ (အခွန်အယူခံခုံအဖွဲ့၏ သတ်မှတ် ပုံစံ) မူရင်း(၁)စောင်နှင့် မိတ္တူ(၆)စောင်

(ခ)       အခွန်အယူခံခုံအဖွဲ့မှ ချမှတ်သည့် အယူခံစီရင်ချက်၏ တာဝန်ခံမိတ္တူ (Certified Copy)မူရင်း(၁)စောင်နှင့် မိတ္တူ (၆)စောင်

(ဂ)       အမှုအတွက် တင်သွင်းလိုသည့် စာရွက်စာတမ်းများ၊ မူရင်းခွဲ (၁)စောင် နှင့် မိတ္တူ(၆)စောင်၊

(ဃ)     နစ်နာသူကိုယ်တိုင် လျှောက်ထားခြင်းမဟုတ်ဘဲ အကျိုး ဆောင်ရှေ့နေဖြင့် လျှောက်ထားခြင်း ဖြစ်ပါက ရုံးခွန် တံဆိပ်ခေါင်း ကပ်ထားသော တရားမရှေ့နေ ကိုယ်စားလှယ်လွှဲစာ (Civil Power of Attonery) မူရင်း(၁)စောင်နှင့် မိတ္တူ(၆)စောင်၊ ကိုယ်စားလှယ် ဖြစ်ပါက အယူခံ တရားလို (နစ်နာသူ)မှ တရားဝင် လွှဲအပ်သည့် Special Power သို့မဟုတ် General Power မူရင်း (၁)စောင်နှင့် မိတ္တူ(၆)စောင်

ဝင်ငွေခွန်လွှဲအပ်မှုလျှောက်ထားခြင်းနှင့် ကုန်သွယ်လုပ်ငန်းခွန် လွှဲအပ်မှုလျှောက်ထားခြင်း

(က)     ရုံးခွန်တံဆိပ်ခေါင်း ကပ်ထားသော လွှဲအပ်မှုလျှောက်လွှာ (အခွန်အယူခံခုံအဖွဲ့၏ သတ်မှတ်ပုံစံ မူရင်း(၁)စောင်၊ မိတ္တူ (၆)စောင်)

(ခ)       အခွန်အယူခံခုံအဖွဲ့၏ စီရင်ချက်အမိန့် တာဝန်ခံမိတ္တူ (Certified Copy) မူရင်း(၁)စောင်နှင့် မိတ္တူ (၆)စောင်

(ဂ)       ပထမအယူခံအဖွဲ့၏ အယူခံအမိန့် တာဝန်ခံမိတ္တူ (Certified Copy) မူရင်း(၁)စောင်နှင့် မိတ္တူ (၆)စောင်

(ဃ)     စည်းကြပ်မှုအဖွဲ့မှ ချမှတ်သည့် စည်းကြပ်အမိန့် တာဝန်ခံမိတ္တူ (Certified Copy)မူရင်း(၁)စောင်နှင့် မိတ္တူ (၆)စောင်

(င)       အမှုအကြောင်းအရာ   ရေးဆွဲရာတွင်လိုအပ်သော အကြောင်းအချင်းအရာများ ဖော်ပြချက်လျှောက်လွှာနှင့် အမှုမှပေါ်လွင်သည့် ဥပဒေရေးရာ ပြဿနာ (Question of Law) ဖော်ပြချက် မူရင်း(၁)စောင်၊ မိတ္တူ (၆)စောင်

(စ)       နစ်နာသူကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ဘဲ   အကျိုး ဆောင်ရှေ့နေဖြင့် လျှောက်ထားခြင်းဖြစ်ပါက ရုံးခွန် တံဆိပ်ခေါင်း ကပ်ထားသော တရားမရှေ့နေ ကိုယ်စား လှယ်လွှဲစာ (Civil Power of Attonery) မူရင်း(၁) စောင်နှင့် မိတ္တူ(၆)စောင်၊ ကိုယ်စားလှယ် ဖြစ်ပါက အယူခံ တရားလို (နစ်နာသူ)မှ တရားဝင်လွှဲအပ်သည့် Special Power သို့မဟုတ် General Power မူရင်း (၁)စောင်နှင့် မိတ္တူ(၆)စောင်

(ဆ)     နစ်နာသူ  အခွန်ထမ်းမှ  လျှောက်ထားခြင်းမဟုတ်ပဲ  တရားပြိုင် ဌာနဆိုင်ရာ လျှောက်ထားခြင်းမျိုးဖြစ်ပါက ဌာနအကြီးအကဲ၏ ထောက်ခံချက် တင်ပြစာ မူရင်း (၁)စောင်၊ မိတ္တူ(၆)စောင်

ဝန်ဆောင်ခ

အခွန်အယူခံခုံအဖွဲ့ထံ အမှုများ လျှောက်ထားလာခြင်းအပေါ် အယူခံတင်ပြလွှာတွင်  ရုံးခွန်တံဆိပ်ခေါင်း ကပ်ထားပြီး ဖြစ်ရပါမည်။

လျှောက်ထားရန်အဆင့်များ

ဝင်‌ငွေခွန်အမှုများ တင်သွင်းလျှောက်ထားခြင်း

(က) အယူခံသူအခွန်ထမ်း သို့မဟုတ် မြို့နယ် အခွန် ဦးစီးဌာနမှူးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးက ချမှတ် သည့်အမိန့်ကို မကျေနပ်လျှင် အခွန်သည် ကျပ် ၁၀၀၀၀၀/- အထက်ဖြစ်ပါက ဝင်‌ငွေခွန်ဥပ‌ဒေပုဒ်မ ၃၃(က)အရ အခွန်အယူခံ ခုံအဖွဲ့သို့  ယင်းအမိန့်ရရှိသည့်‌နေ့မှစ၍  ရက်‌ပေါင်း‌ခြောက်ဆယ် အတွင်း အယူခံဝင်ရောက်နိုင်ပါသည်။ ထိုသို့အယူခံဝင်ရောက်ရာ တွင် အခွန်အယူခံခုံအဖွဲ့က သတ်မှတ်သည့် ပုံစံဖြင့် တင်သွင်းရ မည်ဖြစ်ပြီး အခွန်ထမ်းက အယူခံဝင်လျှင် အခ‌ကြေးငွေ ကျပ် တစ်ထောင်ပေးသွင်းပြီးဖြစ်‌ကြောင်း အ‌ထောက်အထားတစ်ပါ တည်းပါရှိရ မည်ဖြစ်ပါသည်။ အယူခံရာတွင် ကာလစည်းကမ်း သတ်ရက်ကျော်လွန်ပြီး အမှုတင်သွင်းလာပါက လုံ‌လောက်သော အကြောင်းရှိလျှင် အယူခံလွှာကို လက်ခံနိုင်ကြောင်း ယင်း ဥပဒေ ပုဒ်မ၃၃(ခ) တွင် ပြဌာန်းထားပါသည်။

 (ခ) အခွန်အယူခံခုံအဖွဲ့၏ အမိန့်မှ ဥပ‌ဒေကြောင်းနှင့်  စပ်လျဉ်း၍ ဖြေရှင်းရမည့်အချက် တစ်ခုခု‌ပေါ်ပေါက်လျှင် ၀င်ငွေခွန် ဥပဒေ ပုဒ်မ ၃၄(က)အရ အခွန်ထမ်း ကဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခွန်ဦးစီးဌာမှူး သို့မဟုတ် အလယ်အလတ် အခွန် ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်း ကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးကဖြစ်စေ ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ အဆုံးအဖြတ်အတွက် လဲွှအပ်‌ပေးရန် အခွန် အယူခံခုံအဖွဲ့ထံသို့ ယင်းအဖွဲ့၏ အမိန့် ရရှိသည့်‌နေ့မှ ရက်‌ပေါင်း (၆ဝ)အတွင်း အဆိုပြုနိုင် ပါသည်။

ကုန်သွယ်လုပ်ငန်းခွန်အမှုများ တင်သွင်းလျှောက်ထားခြင်း

(က)   ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၉ (က)(၂)အရ အခွန်ထမ်းမှ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူး၏ ဆုံးဖြတ်ချက် ဖြစ်ပြီး အခွန်ကျပ် (၁)သိန်းထက်ပိုလျှင် အခွန်အယူခံခုံအဖွဲ့သို့ ယင်းအမိန့် လက်ခံရရှိသည့်နေ့မှစ၍ ရက်ပေါင်း (၆၀)အတွင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ အယူခံဝင် ရောက်နိုင် ပါသည်။ အယူခံရာတွင် ကာလစည်းကမ်းသတ်ရက် ကျော်လွန်ပြီး အမှု တင်သွင်းလာပါက လုံလောက်သော အကြောင်းရှိလျှင် အယူခံ လွှာကို လက်ခံနိုင်ကြောင်း ယင်းဥပဒေပုဒ်မ ၁၉(ဂ)တွင် ပြဌာန်း ထားပါသည်။

(ခ)     အခွန်အယူခံခုံအဖွဲ့၏ အမိန့်မှ ဥပဒေကြောင်းနှင့် စပ်လျဉ်း၍ ဖြေရှင်းရမည့်အချက်တစ်ခုခု ပေါ်ပေါက်လျှင် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ၁၉-က(က)အရ အခွန်ထမ်းကဖြစ်စေ၊ ပြည်ထောင်စု နယ်မြေအခွန် ဦးစီး ဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန် ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးကဖြစ်စေ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ အဆုံးအဖြတ် အတွက် လွှဲအပ်ပေးရန် အခွန် အယူခံခုံအဖွဲ့ထံသို့ ယင်းအဖွဲ့၏ အမိန့်ရရှိသည့်နေ့မှ ရက်ပေါင်း (၆၀) အတွင်း အဆိုပြုနိုင်ပါသည်။

အထူးကုန်စည်ခွန်အမှုများ တင်သွင်းလျှောက်ထားခြင်း

(က)   အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၁(က)(၂)အရ အခွန်ထမ်း မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန် ဦးစီး ဌာနမှူး သို့မဟုတ် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီး ဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်း များဆိုင်ရာ အခွန်ရုံးဌာနမှူး၏ ဆုံးဖြတ် ချက်အရ အခွန်ကျပ် သိန်းတစ်ရာထက်ပိုလျှင် အခွန်အယူခံ ခုံအဖွဲ့သို့ ယင်းအမိန့်လက်ခံရရှိသည့် နေ့မှစ၍ ရက်ပေါင်း (၆၀)အတွင်း အယူခံ ဝင်ရောက် နိုင်ပါသည်။

(ခ)     အခွန်အယူခံခုံအဖွဲ့၏ အမိန့်မှ ဥပဒေကြောင်းနှင့် စပ်လျဉ်း၍ ဖြေရှင်းရမည့်အချက်တစ်ခုခု ပေါ်ပေါက်လျှင် အထူးကုန်စည်ခွန် ဥပဒေ ပုဒ်မ ၂၁(ဈ) အရ အခွန် ထမ်းကဖြစ်စေ၊  တိုင်းဒေသကြီး သို့မဟုတ် ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် အခွန် ထမ်းကြီး များဆိုင်ရာအခွန်ရုံး ဌာနမှူး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး ဌာနမှူး က ဖြစ်စေ၊ ပြည်ထောင်စု တရားလွှတ်တော် ချုပ်သို့ အဆုံးအဖြတ်အတွက် လွှဲအပ်ပေးရန် အခွန်အယူခံခုံ အဖွဲ့ထံသို့ ယင်းအဖွဲ့၏ အမိန့်ရရှိ သည့်နေ့မှ ရက်ပေါင်း (၆၀)အတွင်း အဆိုပြုနိုင်ပါသည်။

 (က)  ပင်လယ်‌ကြောင်း အကောက်ခွန်အက်ဥပဒေနှင့် ကုန်လမ်းအကောက်ခွန် အက်ဥပ‌ဒေတို့အရ၊ အကောက်ခွန်ဦးစီးဌာနမှ ပစ္စည်းများနှင့်ယာဉ်များအား ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခြင်း၊ ဒဏ်ငွေတပ်ရိုက်ခြင်း တို့အပေါ် အယူခံတက်‌ရောက်နိုင် ပါသည်။ ပင်လယ် ကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၈၈ အရ အယူခံဝင်‌ရောက်ရာတွင် မြို့နယ်အကောက်ခွန် ဦးစီး ဌာနနှင့် အ‌ကောက်ခွန်ဦးစီးဌာန (ရုံးချုပ်)တို့မှ အမိန့်ချ မှတ်သည့်နေ့မှစ၍ တစ်လအတွင်း အယူခံ၀င် ရောက် နိုင်ပြီး လုံ‌လောက်သော အ‌ကြောင်းရှိပါက သုံးလ ထက် မပိုသောကာလအထိ အယူခံကာလကို တိုးမြှင့် ပေးနိုင် ကြောင်း ပြဌာန်းထားပါသည်။ သို့ရာတွင်   အယူခံ ဝင် သူ ပစ္စည်းပိုင်ရှင်သည် မူလဆုံးဖြတ်ချက် (သို့မဟုတ်) အမိန့်အရ ပေးဆောင်ရန်ရှိ‌သော အ‌ကောက်ခွန် သို့မဟုတ် ဒဏ်‌ငွေကို‌ပေးသွင်းပြီးမှ အယူခံဝင်ခွင့်ရှိ‌ကြောင်း ပင်လယ်ကြောင်း အကောက်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၉ တွင်ပြဌာန်းထားပါသည်။

(ခ)     အယူခံဝင်ရောက်ရာတွင် အခွန်အယူခံခုံအဖွဲ့၏ သတ်မှတ်ချက်များနှင့်အညီ တင်သွင်းရန် ဖြစ်ပါသည်။ ထိုသို့တင်သွင်းလာ‌သော အယူခံမှုများအား နှစ်ဖက်‌ခေါ်ယူကြားနာပြီး‌နောက် သင့်‌လျော် သော အမိန့်ကို ချမှတ်ပါသည်။

(ဂ)     ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉၁(၁) အရ အကောက်ခွန်အရာရှိ သို့မဟုတ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနသည် မိမိသဘော အလျောက်ဖြစ်စေ၊ သက်ဆိုင်သူ ၏ လျှောက်ထား ချက်အရဖြစ်စေ၊ မိမိကိုယ်တိုင်ချမှတ်ခဲ့သော အမိန့် သို့မဟုတ် လက်ရှိရာထူးတွင် ယခင်က ဆောင်ရွက်ခဲ့ သည့် အရာရှိက ချမှတ်ခဲ့သော အမိန့်ကို ပြန်လည် သုံးသပ်၍ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အတည်ပြု ခြင်းများ ပြုလုပ်နိုင်သည်။

(ဃ)   ထို့ပြင် ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉၁ (၂) (ခ)အရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် မည်သည့် အချိန် မဆို သက်ဆိုင်သူ၏ လျှောက်ထား ချက်အရဖြစ်စေ၊ အခြားနည်း ဖြင့်ဖြစ်စေ အကောက်ခွန် အရာရှိ တစ်ဦးဦး သို့မဟုတ် ဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ခဲ့ သော အမှုတွဲမှတ်တမ်းကို ဆင့်ခေါ်၍ ဆုံးဖြတ်ချက် သို့မဟုတ်အမိန့်ချမှတ်ခြင်းတွင် အမှုဆောင်ရွက်ပုံ မှန်ကန်ခြင်း၊ တရားဥပဒေနှင့်ညီညွတ်ခြင်း၊ တရား မျှတမှု စသည်တို့ ရှိမရှိကို ကိုယ်တိုင်ကျေနပ် အောင် စစ်ဆေး၍ သင့်လျော်သည် ထင်မြင်သော အမိန့်ကို ချမှတ်နိုင်ပါသည်။ သို့ရာတွင် မူလဆုံးဖြတ်ချက် သို့မဟုတ် အမိန့်ကို ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက် ခြင်း မပြုလုပ်မီ အဆိုပါအမိန့်  သို့မဟုတ် ဆုံးဖြတ်ချက်ကို မည်သည့် အကြောင်းကြောင့် ပြင်ဆင် ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မပြုလုပ်သင့်ကြောင်းကို သက်ဆိုင်သူအား စာဖြင့် လျှောက်လဲ ခွင့်ပေးရမည်။ သို့ရာတွင် နှုတ်ဖြင့် လျှောက်လဲခွင့်မပြုရ။  သို့သော် အမှုတွင်သက်ဆိုင်သူများသည် ပုဒ်မ ၁၈၈ အရ အယူခံပိုင်ခွင့် ကို ကျင့်သုံးခြင်းနှင့် ပုဒ်မ ၁၈၉ ပါ ပြဌာန်းချက်များအရ လိုက်နာဆောင်ရွက်ခြင်းတို့ကို မပြုလုပ်လျှင် ဤပုဒ်မခွဲအရ တင်သွင်းသော လျှောက်လွှာကို လက်ခံစဉ်းစားခြင်းမပြုရဟု ပြဌာန်း ပါရှိပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

အခွန်အယူခံခုံအဖွဲ့ရုံး

ရုံးအမှတ်(၄၆)၊ နေပြည်တော်

အယူခံဌာနခွဲ၊ ၀၆၇-၄၃၀၀၄၇

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

အခွန်အယူခံခုံအဖွဲ့ရုံး

ရုံးအမှတ်(၄၆)၊ နေပြည်တော်

Website လိပ်စာ

www.mopf.gov.mm